သတင်း လှိုင်မြို့နယ်တွင် လူငယ်များ ဆန္ဒပြပွဲအပြီး စစ်ကောင်စီတပ်က ရပ်ကွက်စျေး အတွင်း ဝင်ရောက်သောင်းကျန်း ဆန္ဒပြပွဲအပြီး ညနေ ၅နာရီခွဲ၌ အကြမ်းဖက် စစ်ကောင်စီဝင်များ ရောက်ရှိ လာကာ အနောက်ပေ ၅၀ လမ်းနှင့် ပါရမ်ီလမ်းကိုပိတ်ပြီး မာလာမြိုင်(၆) လမ်းထိပ်၌ ရပ်ကွက်နေပြည်သူများနှင့် စျေးသည်များကို ဒူးထောက်ခိုင်း၍ အော်ဟစ်ဆဲဆို ကန်ကြောက်ခဲ့ကြောင်း ရပ်ကွက်နေပြည်သူ တစ်ဦးက ပြောသည်။ LuduNwayOoဇူလိုင် 28, 2022
သတင်း ပဲခူးမြို့တွင် ‘မင်းတို့အားလုံး သွေးကြွေးဆပ်ဖို့ပြင်ထား’ဘန်နာချိတ်ဆွဲ ဆန္ဒပြ အဆိုပါစာသားပါ ဘန်နာကို ရန်ကုန် - မန္တလေးအမြန်လမ်းနှင့် ရထားလမ်းဆုံ သည့်နေရာရှိ သံလမ်းဂိတ်တံခါးဘောင်တွင် ချိတ်ဆွဲထားခြင်းဖြစ်သည်။ LuduNwayOoဇူလိုင် 28, 2022
သတင်း မြိတ်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးကို ပစ်ခတ်ရှင်းလင်း "ပစ်တာက ၄ ချက်ပါ။ တစ်ချက်က ပစ်တဲ့အချိန်မှာ ထွက်ပြေးတော့ နဘေးမှာရပ်ထားတဲ့ ကားမှာထိတယ်လို့သိရတယ်။ နှစ်ချက်ကကိုယ်မှာပေါ့။ ကျန်တစ်ချက်ကခါးမှာထိတာပါ"ဟု မြိတ်(ပကဖ)မှ ရဲဘော်တစ်ဦးက ပြောသည်။ LuduNwayOoဇူလိုင် 28, 2022
သတင်း “ရဲဘော်လန်ဒန် စိတ်ဓာတ်ကိုင်စွဲတိုက်ပွဲဝင်ကြ”ဟု ကြွေးကြော်ချီတက်သည့် ချင်းတွင်းမြစ်သပိတ် ရဲဘော်လန်ဒန်သည် ပြီးခဲ့သည့် ဇူလိုင် ၂၆ရက်က အကြမ်းဖက်စစ်ကောင်စီနှင့် ဆားလင်းကြီး မြို့နယ် အခြေစိုက်(SPDF) မှ ရဲဘော်လန်ဒန်တို့ ထိပ်တိုက် ထိတွေ့မှုဖြစ်ခဲ့ပြီး စစ်တပ်၏ သက်ဖြတ်မှုကြောင့် ရဲဘော်လန်ဒန်မှာ တိုင်းပြည် အတွက် မြင့်မြတ်စွာအသက်ပေးလှူခဲ့ခြင်း ဖြစ်သည်။ LuduNwayOoဇူလိုင် 28, 2022
သတင်း မုံရွာမြို့တွင် စစ်ကောင်စီတပ်ကထုတ်ပြန်သည့် အမျိုးသားနှစ်ဦး ဆိုင်ကယ် မစီးရ ကြေညာချက်ကို မီးရှို့ ပြီးခဲ့သည့် ၂၀၂၁ နိုဝင်ဘာအတွင်းကစတင်ကာ အကြမ်းဖက် စစ်ကောင်စီက မုံရွာမြို့ပေါ်တွင် ဆိုင်ကယ်တစ်စီး၌ အမျိုးသား နှစ်ဦးမစီးရဟုဆိုကာ ကြေညာချက်အား ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ LuduNwayOoဇူလိုင် 28, 2022
သတင်း ဒီးမော့ဆိုမြို့မရဲစခန်းအနီးကင်းလှည့်နေသော စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဟု PDF ပြော ပူးပေါင်းတပ်ဖွဲ့သည်ထိခိုက်မှုမရှိပြန်လည်ဆုတ်ခွာနိုင်သည့်အပြင် စစ်ကောင်စီ တပ်ဖွဲ့ နှစ်ဦးကို လည်းသုတ်သင်နိုင်ခဲ့ပြီး တစ်ဦးမှာထိခိုက်ဒဏ်ရာ ရရှိအောင်ပြုလုပ်နိုင်ခဲ့ကြောင်း မြေပြင်သတင်း အရ DMO-Local PDFက အတည်ပြုသည်။ LuduNwayOoဇူလိုင် 28, 2022
သတင်း တော်လှန်ရေးရဲဘော်အယောင်ဆောင်သတင်းပေးတစ်ဦးကို ဖမ်းဆီးထားပြီး အရေးယူသွားမည်ဟု ပဲခူး(ပကဖ) အသိပေး အဆိုပါ စံရှား(ခ)ဟိန်းပြည်စုံသည် Civil People Defence Force(CPDF) အရပ်ဘက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပဲခူးမြို့နယ်၏ တာဝန်ခံတစ်ဦးဖြစ်ပြီး ၎င်းသည် စစ်တပ်လက်ကိုင်တုတ်ဖြစ်သလို အမျို သားရေးအဖွဲ့တွင် ပါဝင်နေသူဖြစ်ကြောင်း ဖော်ပြသည်။ LuduNwayOoဇူလိုင် 28, 2022
သတင်း မူးမြစ်နံဘေးရှိရွာများကို အကြမ်းဖက်စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးနေ ရွာသူ၊ရွာသားများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ဖမ်းဆီးခံရသူများလည်းရှိ ကြောင်း၊ ယနေ့ (ဇူလိုင် ၂၈ ရက်) နံနက်ပိုင်း၌ ဖမ်းဆီးခံထားရသူ ၆၀ခန့်မှ လေးဦးထက်မနည်း သတ်ဖြတ်ခံထားရကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။ LuduNwayOoဇူလိုင် 28, 2022
သတင်း ကန့်ဘလူမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များ မိုင်းဆွဲတိုက်ခိုက် မြေပြင်ရဲဘော်မှ သတင်းပေးပို့ချက်အရ စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦးသေဆုံး ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု Kawlin Revolution က ထုတ်ပြန်ထားသည်။ LuduNwayOoဇူလိုင် 28, 2022
သတင်း သစ်ပုတ်တိုက်ပွဲတွင်စစ်ကောင်စီတပ်မှအရာရှိအပါအဝင် ၄ဦးသေဆုံးပြီး သေနတ် ၂ လက်ကိုPDFများသိမ်းဆည်းရရှိ စစ်တပ်မအရာရှိ၁ဦး၊ တပ်ကြပ်ကြီး ၁ဦးအပါအဝင် အခြားအဆင့်၂ဦး စုစုပေါင်း (၄)ဦးသေဆုံးခဲ့ပြီး MA3 (၁)လက်၊ပစ္စတို(၁)လက်၊ စကားပြောစက်(၁)လုံး၊ ဖုန်း(၄)လုံး နှင့် မှတ်ပုံတင် (၁)ခု သိမ်းဆည်းရမိခဲ့ကြောင်းဖော်ပြထားသည်။ LuduNwayOoဇူလိုင် 28, 2022