Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်မြို့နယ်တွင် စစ်ကောင်စီတပ်ခြေကျင်စစ်ကြောင်းအား DDTတပ် တိုက်ခိုက်

“ဒဏ်ရာရတဲ့စစ်သားတွေလည်း ဆေးရုံရောက်မှထပ်ဆုံးတယ်လို့သိရပေမယ့် အတည်ပြုဖို့ ဆက် စုံစမ်းနေပါတယ်”ဟု DDT(ထားဝယ်-ပကဖ)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုသည်။

ထားဝယ်မြို့နယ်တွင် စစ်ကောင်စီတပ်ခြေကျင်စစ်ကြောင်းအား DDTတပ် တိုက်ခိုက်
ထားဝယ်မြို့နယ်တွင် စစ်ကောင်စီတပ်ခြေကျင်စစ်ကြောင်းအား DDTတပ် တိုက်ခိုက်

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ၊ (၈)မိုင်နှင့် ဥယျာဥ်ကြီးရွာကြားရှိတံတားပေါ်တွင် စစ်ကောင်စီတပ်ခြေကျင်စစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Dawei Defense Team – DDT တပ်ဖွဲ့က ပြောသည်။

ယမန်နေ့(အောက်တိုဘာ ၁၅ ရက်)နံနက် ၄ နာရီ ၁၀ မိနစ်ခန့်က အကြမ်းဖက်စစ်ကောင်စီ ခြေကျင် စစ်ကြောင်းကို DDT(ထားဝယ်- ပကဖ)ရဲဘော် များ ကြားဖြတ်မိုင်းဆွဲခြင်းနှင့် ပစ်ခတ်တိုက်ခိုက် ခြင်းများ လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

ထားဝယ်မြို့နယ်တွင် စစ်ကောင်စီတပ်ခြေကျင်စစ်ကြောင်းအား DDTတပ် တိုက်ခိုက်
ထားဝယ်မြို့နယ်တွင် စစ်ကောင်စီတပ်ခြေကျင်စစ်ကြောင်းအား DDTတပ် တိုက်ခိုက်

တိုက်ခိုက်မှုတွင် မိုင်းလုံးပေါက်ကွဲပြီး တစ်လုံးချို့ယွင်းမှုဖြစ်ခဲ့၍ ၁၅မိနစ်ကြာ အပြန်အလှန်ပစ်ခတ် မှုဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ငါးဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိပြီးနောက် လက်နက်ကြီးများဖြင့်ပြန်လည်ပစ်ခတ်သဖြင့် တော်လှန်ရေးရဲဘော်များ ဘေးကင်းစွာ ပြန်ဆုတ်လာခဲ့ရကြောင်း DDT တပ်ဖွဲ့က ပြောသည်။

Public Service Announcement
Public Service Announcement

“ဒဏ်ရာရတဲ့စစ်သားတွေလည်း ဆေးရုံရောက်မှထပ်ဆုံးတယ်လို့သိရပေမယ့် အတည်ပြုဖို့ ဆက် စုံစမ်းနေပါတယ်”ဟု DDT(ထားဝယ်-ပကဖ)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ဥယျာဥ်ကြီးကျေးရွာမှ ဒေသခံပြည်သူသုံးဦးကို ဖမ်းဆီးနှိပ်စက်ခဲ့ပြီး စစ်ကြောင်းပြန်ထွက်ချိန်တွင်မှ ပြန်လွှတ်ပေးခဲ့ကြောင်း အထက်ပါရဲဘော်က ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်စစ်ကြောင်းသည် ဥယျာဥ်ကြီးကျေးရွာမှတဆင့် အညာဖျားရွာသို့ဝင်ရောက်ရာတွင် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ချိန် မပေါက်ကွဲသေးသည့် လက်နက်ကြီးအချို့ကို တော်လှန်ရေးရဲဘော်များက သိမ်းဆည်းရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။