Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရဟတ်ယာဉ်ကိုလက်နက်ငယ်ဖြင့်ပစ်ခတ်တိုက်ခိုက်ရာထိမှန်ခဲ့​ကြောင်းCDF ကန်ပက်လက်​ပြော

“မနက်ပိုင်းတစ်ကြိမ်လူလာချပြီးပြန်သွားတယ်။ ဒုတိယအကြိမ်ထပ်လာတဲ့အချိန်မှာ အသင့်စောင့်ပြီးပစ်လိုက်တာပါ” ဟု CDF(ကန်ပက်လက်) တာဝန်ရှိသူတစ်ဦးကပြောသည်။

(စစ်​ကောင်စီရဟတ်ယာဥ်တစ်စီး/ပုံ​အ​ဟောင်းဖြစ်ပါသည်။ ဓါတ်ပုံ-CJ)
(စစ်​ကောင်စီရဟတ်ယာဥ်တစ်စီး/ပုံ​အ​ဟောင်းဖြစ်ပါသည်။ ဓါတ်ပုံ-CJ)

ချင်းပြည်နယ် ကန်ပက်လက်နယ်သို့ အင်အားဖြည့်တင်းရန်လာသည့် စစ်ကောင်စီပို့ဆောင်ရေး ရဟတ်ယာဉ် နှစ်စီးအားလက်နက်ငယ်များဖြင့် စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ တစ်စီးကိုထိမှန်ခဲ့ကြောင်း ကန်ပက်လက်ချင်း​ဒေသကာကွယ်ရေးတပ်(CDF)မှတာဝန်ရှိသူတစ်ဦးက​ပြောသည်။

စစ်ကောင်စီ ရဟတ်ယာဉ် နှစ်စီးသည် ယ​နေ့(အောက်တိုဘာ ၁၆ ရက်)က ကန်ပက်လက်မြို့ကို အင်အားဖြည့်တင်းရန်လာစဉ် ချင်းတောင်အမြင့်တနေရာမှ စောင့်ကြိုပစ်ခတ်ခြင်းခဲ့ရာက တစ်စီးမှာ ဆီတိုင်ကီပေါက်သွားသည့် အပြင်ပန်ကာတစ်ချောင်း ကျိုးသွားခဲ့သည်ဟု CDF(ကန်ပက်လက်)ကထုတ်ပြန်ထားသည်။

“မနက်ပိုင်းတစ်ကြိမ်လူလာချပြီးပြန်သွားတယ်။ ဒုတိယအကြိမ်ထပ်လာတဲ့အချိန်မှာ အသင့်စောင့်ပြီးပစ်လိုက်တာပါ” ဟု CDF(ကန်ပက်လက်) တာဝန်ရှိသူတစ်ဦးကပြောသည်။

Public Service Announcement
Public Service Announcement

ရဟတ်ယာဉ်မှာ ပျက်ကျသွားခြင်းမရှိသော်လည်းတစ်စီးမှာ ဆီတိုင်ကီ​ပေါက်သွားပြီး ​တောင်ပံပါပျက်သွား၍ပျံသန်းနိုင်ခြင်းမရှိတော့ကြောင်း ၎င်းကဆက်​ပြောသည်။ရဟတ်ယာဥ်အားပစ်ခတ်တိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ်က ကန်ပက်လက်မြို့ပေါ်တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်နေသည်ဟုလည်း အထက်ပါတာဝန်ရှိသူကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

ကန်ပက်လက်မြို့နယ် ကျင်ဒွေး တပ်စခန်းသို့စစ်​ကောင်စီတပ်က အောက်တိုဘာ ၁၅ ရက်ကလည်း ရဟတ်ယာဉ် ၂စီးဖြင့် စစ်အင်အား ဖြည့်တင်းခဲ့ပြီး၊ ယ​နေ့တွင်လည်းရဟတ်ယာဉ် ၂စီးဖြင့် စစ်အင်အားဖြည့်တင်းစဥ်စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် ကန်ပက်လက်မြို့အတွင်းစစ်အင်အားများကိုနည်းလမ်းပေါင်းစုံဖြင့် ဖြည့်တင်းနေ၍ တိုက်ပွဲအချိန်မ​ရွေးဖြစ်ပွားနိုင်ကြောင်းCDF(ကန်ပက်လက်)တာဝန်ရှိသူက သတိပေးထားသည်။ ထို​ကြောင့်စစ်ကောင်စီတပ်သည် အင်အားသုံးစစ်ကြောင်း ထိုးလာနိုင်၍ ပြည်သူများ အသွားအလာဂရုစိုက်ကြရန်လည်းCDF(ကန်ပက်လက်)က သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

နိုင်ငံတကာ

ဂရိနိုင်ငံမှာ တောမီးတွေကို ငြှိမ်းသတ်ဖို့ ကြိုးစားနေတဲ့ လုပ်ငန်းစဉ်မှာ ပါဝင်နေတဲ့ မီးသတ် ရဟတ်ယာဉ် ၂ စီး လေထဲမှာ တိုက်မိရာက ၂ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့စစ်ကူပေးမယ့် စစ်တပ်စစ်ကြောင်းဟာ ဆောမြို့ကို ဦးတည်လာနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။