Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီရဟတ်ယာဉ်ကိုလက်နက်ငယ်ဖြင့်ပစ်ခတ်တိုက်ခိုက်ရာထိမှန်ခဲ့​ကြောင်းCDF ကန်ပက်လက်​ပြော

“မနက်ပိုင်းတစ်ကြိမ်လူလာချပြီးပြန်သွားတယ်။ ဒုတိယအကြိမ်ထပ်လာတဲ့အချိန်မှာ အသင့်စောင့်ပြီးပစ်လိုက်တာပါ” ဟု CDF(ကန်ပက်လက်) တာဝန်ရှိသူတစ်ဦးကပြောသည်။

(စစ်​ကောင်စီရဟတ်ယာဥ်တစ်စီး/ပုံ​အ​ဟောင်းဖြစ်ပါသည်။ ဓါတ်ပုံ-CJ)
(စစ်​ကောင်စီရဟတ်ယာဥ်တစ်စီး/ပုံ​အ​ဟောင်းဖြစ်ပါသည်။ ဓါတ်ပုံ-CJ)

ချင်းပြည်နယ် ကန်ပက်လက်နယ်သို့ အင်အားဖြည့်တင်းရန်လာသည့် စစ်ကောင်စီပို့ဆောင်ရေး ရဟတ်ယာဉ် နှစ်စီးအားလက်နက်ငယ်များဖြင့် စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ တစ်စီးကိုထိမှန်ခဲ့ကြောင်း ကန်ပက်လက်ချင်း​ဒေသကာကွယ်ရေးတပ်(CDF)မှတာဝန်ရှိသူတစ်ဦးက​ပြောသည်။

စစ်ကောင်စီ ရဟတ်ယာဉ် နှစ်စီးသည် ယ​နေ့(အောက်တိုဘာ ၁၆ ရက်)က ကန်ပက်လက်မြို့ကို အင်အားဖြည့်တင်းရန်လာစဉ် ချင်းတောင်အမြင့်တနေရာမှ စောင့်ကြိုပစ်ခတ်ခြင်းခဲ့ရာက တစ်စီးမှာ ဆီတိုင်ကီပေါက်သွားသည့် အပြင်ပန်ကာတစ်ချောင်း ကျိုးသွားခဲ့သည်ဟု CDF(ကန်ပက်လက်)ကထုတ်ပြန်ထားသည်။

“မနက်ပိုင်းတစ်ကြိမ်လူလာချပြီးပြန်သွားတယ်။ ဒုတိယအကြိမ်ထပ်လာတဲ့အချိန်မှာ အသင့်စောင့်ပြီးပစ်လိုက်တာပါ” ဟု CDF(ကန်ပက်လက်) တာဝန်ရှိသူတစ်ဦးကပြောသည်။

Public Service Announcement
Public Service Announcement

ရဟတ်ယာဉ်မှာ ပျက်ကျသွားခြင်းမရှိသော်လည်းတစ်စီးမှာ ဆီတိုင်ကီ​ပေါက်သွားပြီး ​တောင်ပံပါပျက်သွား၍ပျံသန်းနိုင်ခြင်းမရှိတော့ကြောင်း ၎င်းကဆက်​ပြောသည်။ရဟတ်ယာဥ်အားပစ်ခတ်တိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ်က ကန်ပက်လက်မြို့ပေါ်တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်နေသည်ဟုလည်း အထက်ပါတာဝန်ရှိသူကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

ကန်ပက်လက်မြို့နယ် ကျင်ဒွေး တပ်စခန်းသို့စစ်​ကောင်စီတပ်က အောက်တိုဘာ ၁၅ ရက်ကလည်း ရဟတ်ယာဉ် ၂စီးဖြင့် စစ်အင်အား ဖြည့်တင်းခဲ့ပြီး၊ ယ​နေ့တွင်လည်းရဟတ်ယာဉ် ၂စီးဖြင့် စစ်အင်အားဖြည့်တင်းစဥ်စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် ကန်ပက်လက်မြို့အတွင်းစစ်အင်အားများကိုနည်းလမ်းပေါင်းစုံဖြင့် ဖြည့်တင်းနေ၍ တိုက်ပွဲအချိန်မ​ရွေးဖြစ်ပွားနိုင်ကြောင်းCDF(ကန်ပက်လက်)တာဝန်ရှိသူက သတိပေးထားသည်။ ထို​ကြောင့်စစ်ကောင်စီတပ်သည် အင်အားသုံးစစ်ကြောင်း ထိုးလာနိုင်၍ ပြည်သူများ အသွားအလာဂရုစိုက်ကြရန်လည်းCDF(ကန်ပက်လက်)က သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

သတင်း

နှစ်ဘက်တိုက်ပွဲများကြောင့် ဆွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ(၅)ရွာမှ ပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။