Connect with us

Hi, what are you looking for?

သတင်း

PDF ရဲဘော်နှစ်ဦး သတ်ဖြတ်မှုတွင်ပါဝင်သော ပျူနှစ် ဦး ဖမ်းဆီးစစ်ဆေးစဥ် သေဆုံး

တောပုကျေးရွာသ​ည် မုံရွာခရိုင်အတွင်း ပျူစောထီးအားကောင်းရာ ကျေးရွာတစ်ရွာဖြစ်ပြီး ၎င်းကျေးရွာရှိ ပျူများသည် ပြည်သူ့ကာကွယ်ရေးတ​ပ်ဖွဲ့ဝင်များ၊ ပြည်သူများအား ဖမ်းဆီးသတ်ဖြတ် မှုဖြစ်စဥ်များ၌ ပါဝင်ခဲ့သည်။

Update News
Update News

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် PDF ရဲဘော်နှစ်ဦးအား ဖမ်းဆီးသတ်ဖြတ်မှုတွင်ပါဝင်ခဲ့သူ ပျူစောထီးနှစ်ဦးအား အရှင်ဖမ်းဆီးမိပြီး စစ်ဆေးနေစဥ် သေဆုံးသွားကြောင်း မုံရွာ ခရိုင်တပ်ရင်း – ၂ Chindwin Attack Force၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အောက်တိုဘာ ၉ရက်က မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၂ တပ်ခွဲ (၂) Monywa Special ဒိတ်ဒိတ်ကြဲ PDF၏ အသက် ၂၀နှစ်အရွယ် ရဲဘော် ကိုစည်သူမောင် (ခေါ်)သော်ကနှင့် အသက် ၁၈နှစ်အရွယ် ကိုသက်ဇော်ဦး (ခေါ်) ယက္ခတို့အား လုပ်ကြံသတ်ဖြတ်မှုတွင် အတိအကျ သတင်းပေးသော တောပုကျေးရွာပျူများ၏ ကင်းထောက်အဖွဲ့ဝင် ပျူနှစ်ဦးအား အရှင်ဖမ်းမိခဲ့ကြောင်း Chindwin Attack Force၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ကင်းထောက်အဖွဲ့ဝင် ပျူနှစ်ဦးအား အရှင်ဖမ်းမိပြီး စစ်ဆေးနေချိန်အတွင်း တစ်ယောက်မှာ ကွမ်းယာသီးပြီး လေပိတ်ကာ သေဆုံးသွားကြောင်း၊ နောက်တစ်ဦးမှာလည်း အကြောက်လွန်ပြီး နှလုံးရောဂါအခံကြောင့် အမောဖောက်သေဆုံးသွားခဲ့သည်ဟု Chindwin Attack Force၏ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

တောပုကျေးရွာသ​ည် မုံရွာခရိုင်အတွင်း ပျူစောထီးအားကောင်းရာ ကျေးရွာတစ်ရွာဖြစ်ပြီး ၎င်းကျေးရွာရှိ ပျူများသည် ပြည်သူ့ကာကွယ်ရေးတ​ပ်ဖွဲ့ဝင်များ၊ ပြည်သူများအား ဖမ်းဆီးသတ်ဖြတ် မှုဖြစ်စဥ်များ၌ ပါဝင်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ