Connect with us

Hi, what are you looking for?

သတင်း

ကြာအင်းဆိပ်ကြီးရှိ စစ်ကောင်စီစခန်းတစ်ခုကို KNLA ဦး​ဆောင်​သောပူးပေါင်းတပ်တိုက်ခိုက်သိမ်းပိုက်ဟုကနဦးသတင်းရရှိ

ကြာအင်းဆိပ်ကြီးရှိ ခလရ (၃၂) စခန်း တစ်ခုကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နှင့် ​တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်​အောက်ရှိနဂါးနီစစ်ကြောင်းတို့က နှစ်ရက်ဆက်တိုက်ခိုက်ကာသိမ်းပိုက်ခဲ့ခြင်းဖြစ်​ကြောင်းသိရသည်။

KNLA နှင့် နဂါးနီစစ်​ကြောင်းမှတပ်ဖွဲ့ဝင်များကို ​တွေ့ရစဥ်။ ဓါတ်ပုံ-နဂါးနီစစ်​ကြောင်း
KNLA နှင့် နဂါးနီစစ်​ကြောင်းမှတပ်ဖွဲ့ဝင်များကို ​တွေ့ရစဥ်။ ဓါတ်ပုံ-နဂါးနီစစ်​ကြောင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၆)နယ်မြေဒူးပလာယာခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို KNLA နှင့် နဂါနီစစ်​ကြောင်းတို့ယ​နေ့တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ခိုင်မာသတင်းရင်းမြစ်အချို့ထံမှကနဦးသတင်းရရှိသည်။

ကြာအင်းဆိပ်ကြီးရှိ ခလရ (၃၂) စခန်း တစ်ခုကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နှင့် ​တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်​အောက်ရှိနဂါးနီစစ်ကြောင်းတို့က နှစ်ရက်ဆက်တိုက်ခိုက်ကာသိမ်းပိုက်ခဲ့ခြင်းဖြစ်​ကြောင်းသိရသည်။

KNU/KNLAတပ်ဖွဲ့ဝင်များ ။ ။ဓါတ်ပုံ-KNU
KNU/KNLAတပ်ဖွဲ့ဝင်များ ။ ။ဓါတ်ပုံ-KNU

“စကစဘက်ကသေဆုံး၊ဖမ်းခံရသူများရှိ၊လက်နက်များလည်းရ၊ရှင်းလင်းဆဲဖြစ်၍အတိအကျမသိရသေး” ဟု သတင်းရင်းမြစ်တစ်ဦးက ယ​နေ့​နေ့ခင်းပိုင်းအ​ခြေအ​နေကိုသည်။

တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်အပြီးအသေးစိတ်အချက်အလက်များ ရရှိနိုင်ရန်People’s Spring က KNUနှင့် နဂါးနီ စစ်ကြောင်း တာဝန်ရှိသူ အချို့ထံ ဆက်သွယ်နေဆဲဖြစ်သည်။မကြခင်တွင်သတင်းအပြည့်အစုံထုတ်ပြန်မည်ဖြစ်​ကြောင်းလည်းသိရသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

​အောက်တိုဘာ ၁၅ ရက်ညတွင် စစ်​ကောင်စီစခန်းအားစတင်တိုက်ခိုက်ခဲ့ပြီး ​သေဆုံးထိခိုက်မှုများကာ ၊ယ​နေ့နံနက်ထပ်မံတိုက်ခိုက်၍ စခန်းကိုသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်​ကြောင်းအထက်ပါသတင်းရင်းမြစ်က​ပြောသည်။ စစ်​ကောင်စီတပ်မှ​သေဆုံးဒဏ်ရာရသူနှင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူများရှိ​ပြီးလက်နက်ခဲယမ်းများစွာသိမ်းဆည်းရရှိကြောင်းလည်းသိရသည်။

ယခု စခန်းသိမ်းတိုက်ခိုက်ရာဒေသသည် KNLA တပ်ရင်း (၁၇)နယ်မြေဖြစ်သည်။

ပြီးခဲ့သည့်​အောက်တိုဘာ ၁၃ ရက်ကလည်း ကြာအင်းဆိပ်ကြီးမြို့နယ် ခုတ်ခွားကျေးရွာ အနီးတွင်စစ်​ကြောင်းထိုးလာ​သောစစ်ကောင်စီတပ်၏ စကခ(၁၃)လက်အောက်ခံ ခမရ (၄၃၂) ခန့်မှန်းအင်အား ၇၈ ယောက်အား နဂါးနီစစ်ကြောင်း နှင့် KNLAပူးပေါင်းတပ်ဖွဲ့များက မနက် ၁၀ နာရီ ၂၂ မိနစ် မှ ၁၀နာရီ ၄၀မိနစ် အထိ လိုက်လံပိတ်ဆို့တိုက်ခိုက်ရာစစ်သား ၁ဦး သေဆုံး၍ ၂ဦး ဒဏ်ရာရရှိခဲ့​ကြောင်းလည်း နဂါးနီစစ်​ကြောင်းကထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်းတပ်မဟာ(၆)နယ်မြေရှိ စစ်ကောင်စီတပ်စခန်းအချို့ကို KNLA ဦးဆောင်သည့် ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်ခဲယမ်းများလည်းရရှိခဲ့သည်။

(သတင်းအပြည့်အစုံကိုဆက်လက်​ဖော်ပြပါမည်)

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။