Hi, what are you looking for?
ချင်းပြည်နယ် မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ဆက်ရှိနေကြောင်း ချင်းပြည်သူ့အစည်းအရုံး(CPU/CPA) အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်က ပြောပါတယ်။
ပဲခူးတိုင်း စစ်တောင်းမြစ်ဝှမ်းဒေသမှာ ဆောက်လုပ်မယ့် သူပုန်မိန်းမ မင်္ဂလာကျန်းမာကမ်ပိန်းဟာ ရည်မှန်းထားတဲ့ ဘတ်ဂျတ်ထက်ကျော်လွန် ရရှိခဲ့တာကြောင့် ပါဝင်ပေးသူတွေကို ကျေးဇူးတင်ကြောင်း ဒီကမ်ပိန်းကို ဦးဆောင်တဲ့တော်လှန်အနုပညာရှင် ဒါရိုက်တာကိုပေါက်က ရေးသားထားပါတယ်။
ကော်သူးလေတည်ဆောက်ရေးဆိုင်ရာ ကရင်အမျိုးသားနှီးနှောဖလှယ်ပွဲကို ကရင်အမျိုးသားအစည်းအရုံး(KNU) နယ်မြေမှာ ၄ရက်ကြာကျင်းပခဲ့ပြီး ကရင်အမျိုးသားတော်လှန်ရေး ရည်မှန်းချက်တွေ လျင်မြန်စွာပြည့်မှီရေးအတွက် အမျိုးသားရေးတာဝန်အဖြစ် ကျရာတာဝန်တွေကို တတ်ကျွမ်းနားလည်တဲ့ဖက်မှ တာဝန်ယူ ပူးပေါင်းပါဝင်လုပ်ဆောင်သွားဖို့ သဘောထားဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့ကြောင်း ကရင်အမျိုးသားနှီးနှောဖလှယ်ပွဲက ကြေညာချက်ထုတ်ပြန်ပါတယ်။
တပ်ဟာ လူထုအပေါ် ဖိနှိပ်တဲ့ကိစ္စနဲ့ ရာဇဝတ်မှုတွေ ကျုးလွန်ထားတယ်လို့ ပြည်သူလူထုကအမှုဖွင့်တိုင်ထားတာ၊NUGလက်အောက်ခံတပ်ဖွဲ့တွေအရပ်ဖက်ဝန်ထမ်းတွေအပေါ် ကျုးလွန်ထားတာတွေကြောင့် ကာကွယ်ရေးဝန်ကြီးဌာနကို အကူအညီတောင်းပြီး ဖမ်းဆီးအရေးယူနိုင်ရေး ဆောင်ရွက်ရတာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနဲ့လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးဦးကျော်နီက လူထုနွေဦးကို ပြောပါတယ်။