Connect with us

Hi, what are you looking for?

သတင်း

ဒေသတွင်းရှိ အသက်ပြည့်တဲ့မရာလူမျိုးတိုင်းစစ်မှုထမ်းကြဖို့ မရာတပ်MDF ကြေညာ

အာဏာသိမ်းစစ်ကောင်စီရဲ့ ထိုးစစ်ကိုခုခံနိုင်ဖို့ မရာဒေသတွင်းနေ အသက်ပြည်ပြီးသူ မရာလူမျိုးတိုင်း စစ်မှုထမ်းကြဖို့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့-MTC/MDFက ဒီကနေ့ ဧပြီ ၈ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

(မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့-MTC/MDFက ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ − MDF)

ဧပြီ−၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီရဲ့ ထိုးစစ်ကိုခုခံနိုင်ဖို့ မရာဒေသတွင်းနေ အသက်ပြည်ပြီးသူ မရာလူမျိုးတိုင်း စစ်မှုထမ်းကြဖို့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့-MTC/MDFက ဒီကနေ့ ဧပြီ ၈ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

အခုကာလဟာ စစ်ကောင်စီက အင်အားစုဆောင်းပြီး နိုင်ငံဒေသ အသီးသီးရှိ တော်လှန်ရေးတပ်များ ထိန်းချုပ်ရာ နယ်မြေများကို အပြင်းအထန် ထိုးစစ်ဆင်ပြီး နယ်မြေပြန်ထိန်းချုပ်ဖို့ ကြိုးပမ်းနေသလို တော်လှန်ရေး တပ်ဖွဲ့တွေကလည်း စစ်ကောင်စီရဲ့ ထိုးစစ် ခုခံနိုင်ဖို့ ပြင်ဆင်နေတဲ့ ကာလဖြစ်တဲ့ အခြေအနေမှာ MTC/MDFအနေနဲ့ စစ်ကောင်စီကို တွန်းလှန်နိုင်ရေး အပါအဝင် ရန်သူအမျိုးမျိုးရဲ့ ရန်က ကာကွယ်ရေးအင်အားဖြည့်တင်းဖို့ အရေးပေါ် လိုအပ်နေကြောင်း ဖော်ပြထားပါတယ်။

မရာပြည်သူ့ညီလာခံ သက်တမ်းဒုတိယအကြိမ် ဗဟိုကောင်စီ အစည်းအဝေးကလည်း မရာဒေသအတွင်းနေထိုင်ကြတဲ့ သတ်မှတ်ထားတဲ့ အသက်ပြည့်ပြီးသူ မရာလူမျိုးတိုင်း စစ်မှုထမ်းဖို့ ဆုံးဖြတ်ခဲ့ပြီးဖြစ်လို့ အခုလု MTC/MDFရဲ့ လုပ်ဆောင်မှုတွေဟာ ဗဟိုကောင်စီအစည်းအဝေးရဲ့ ဆုံးဖြတ်ချက်ကို အကောင် အထည်ဖော် ဆောင်ရွက်နေတာဖြစ်တယ်လို့ အသိပေးပါတယ်။ မရာပြည်သူ့ညီလာခံ သက်တမ်း ဒုတိယ အကြိမ် ပုံမှန်ဗဟိုကောင်စီအစည်းအဝေးကို ၂၀၂၅ ဒီဇင်ဘာ လက ကျင်းပခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့် မရာပြည်သူလူထုတရပ်လုံးအနေနဲ့ MTC/MDF ရဲ့ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုတွေကို ပူးပေါင်းပါဝင်ပေးကြဖို့ ထုတ်ပြန်ထားပါတယ်။

MTC/MDFဟာ ချင်းညီနောင်အဖွဲ့ဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပြီး အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ် ဆက်ဆံရေးတည်ဆောက်ထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ မရာဒေသဟာ မတူပီ၊ပလက်၀ မြို့နယ်တွေက နယ်မြေတွေ ပါဝင်ပါတယ်။

ချင်းညီနောင်အဖွဲ့ဝင် ချင်းဒေသကာကွယ်ရေးတပ်တွေဟာ တပ်တည်ဆောက်ရေး အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသကဲ့သို့ ချင်းတော်လှန်ရေးအင်အားစုတခုဖြစ်တဲ့ ချင်းပြည်ကောင်စီကလည်း တော်လှန်ရေးကာလဖြစ်လို့ အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကာကွယ်ရေးမှာ ပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ချင်းပြည်ကောင်စီရဲ့အဖွဲ့ဝင် ကာကွယ်ရေးတပ်တွေက ချင်းပြည်ကောင်စီရဲ့ စစ်မှုထမ်းမူဝါဒကို အကောင်အထည်ဖော်လျက်ရှိပြီး ချင်းအမျိုးသားတာဝန် ထမ်းဆောင်နိုင်ရေး ပူးပေါင်းပါဝင်ကြဖို့ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်မှုထမ်းဥပဒေကြောင့် မြန်မာပြည်တွင်းက လူငယ်လူရွယ်တွေ ဇာတိမြေကို စွန့်ခွာနေချိန်မှာပဲ အာဏာသိမ်းခေါင်းဆောင်က အဲဒီဥပဒေကို ဆက်လက်ကျင့်သုံးမယ်လို့ အသိပေးပြောကြားလိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က အင်အား ၅၀ဝ ခန့် ထပ်မံရောက်ရှိလာပြီး စစ်မှုထမ်းတပ်သားသစ်တွေလည်း ပါဝင်လာကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။