Hi, what are you looking for?
အင်းစိန်ထောင်မှာ ထောင်အာဏာပိုင်တစ်ဦးက ထောင်တွင်းဘောလုံးပွဲသွားကြည့်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အကြောင်းပြချက်မရှိပဲ အပြစ်ရှာ ရိုက်နှက်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကအသိပေးထားပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုမြင်ကွင်းတွေကို ကြည့်နေကြတဲ့၊မီးလောင်ပြင်မှာသောကပွေနေကြတဲ့စစ်ကိုင်းတိုင်း၊ကနီမြို့နယ်၊ ကင်းရွာအုပ်စုက ပြည်သူတွေကို ဒေသတွင်း ချင်းတွင်းချစ်သူ စာမျက်နှာကနေ ”သြော်… လုပ်ရက်ပါပေ”ဆိုတဲ့ခေါင်းစဥ်နဲ့ မှတ်တမ်းတင်ခဲ့ပါတယ်။ မေလ ၂၅ ရက်နဲ့ ၂၇ ရက်က အကြမ်းဖက် စစ်ကောင်စီတပ်ဟာ ကနီနယ် ကင်းအုပ်စုကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြတာဖြစ်ပါတယ်။ ကင်းအုပ်စုအတွင်းက အထက်ကင်းရွာ၊ ကင်းရွာနဲ့...