Connect with us

Hi, what are you looking for?

သတင်း

ရွှေပြည်သာတွင် စစ်ကောင်စီခန့်ရာအိမ်မှူး လင်မယား ပစ်ခတ်ခံရ၊ ရာအိမ်မှူးဖြစ်သူသေဆုံး

ယနေ့(သြဂုတ် ၁၃)နေ့လယ် ၁၂ နာရီ ၅၀မိနစ်ခန့်က ရွှေပြည်သာ အမှတ်(၈)ရပ်ကွက်မှ ရာအိမ်မှူ ဒေါ်ယဥ်ယဥ်​အေးနှင့် ၎င်း၏အမျိုးသားဖြစ်သူတို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ စက်ဘီးတစ်စီးဖြင့်ပြန်လာစဥ် လမ်း၌ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံပြည်သူများက ပြောသည်။

ရွှေပြည်သာတွင် စစ်ကောင်စီခန့်ရာအိမ်မှူး လင်မယား ပတ်ခတ်ခံရ၊ ရာအိမ်မှူးဖြစ်သူသေဆုံး
ရွှေပြည်သာတွင် စစ်ကောင်စီခန့်ရာအိမ်မှူး လင်မယား ပတ်ခတ်ခံရ၊ ရာအိမ်မှူးဖြစ်သူသေဆုံး

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်တွင် စစ်ကောင်စီခန့် ရာအိမ်မှူးလင်းမယား ပစ်ခတ်ခံရပြီး ရာအိမ်မှူးဖြစ်သူ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

ယနေ့(သြဂုတ် ၁၃)နေ့လယ် ၁၂ နာရီ ၅၀မိနစ်ခန့်က ရွှေပြည်သာ အမှတ်(၈)ရပ်ကွက်မှ ရာအိမ်မှူ ဒေါ်ယဥ်ယဥ်​အေးနှင့် ၎င်း၏အမျိုးသားဖြစ်သူတို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ စက်ဘီးတစ်စီးဖြင့်ပြန်လာစဥ် လမ်း၌ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံပြည်သူများက ပြောသည်။

Public Service Announcement
Public Service Announcement

ပစ်ခတ်မှုလုပ်ဆောင်ခဲ့သည့်နေရာမှာ အမှတ် (၈)ရပ် ကွက်၊ တပင်ရွှေထီးလမ်း၊ ဇောတိကပန်းခြံအနီး အ.မ.က (၁၉)ကျောင်းရှေ့တွင် ပစ်ခံရခြင်းဖြစ်ပြီး ရာအိမ်မှူး ဒေါ်ယဥ်ယဥ်အေးမှာ နေရာတင်သေဆုံးပြီး ၎င်း၏အမျိုး သားအား လူနာတင်ယာဥ်ဖြင့် ဆေးရုံသို့ပို့ဆောင်လိုက်ကြောင်း ဒေသသတင်းရင်းမြစ်အချို့တွင် ဖော်ပြသည်။

အထက်ပါ သေနတ်ဖြင့်ပစ်ခံရသော ရာအိမ်မှူး ဒေါ်ယဥ်ယဥ်အေးသည် ရပ်ကွက်အတွင်း ဧည်းစာရင်းစစ်ရာတွင် လိုက်ပါခြင်း၊ ဧည့်စာရင်းတိုင်ကြားရာတွင် ငွေကြေးမတရားတောင်းခံခြင်း၊ ရပ်ကွက်နေပြည်သူများအပေါ် အော်ဟစ်ပြောဆိုမှုများဖြင့် နာမည်ကျော်ဇောသူတစ်ဦးဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်