Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းနယ်မှ စစ်ကောင်စီအားထောက်ပံ့နေသော Golden Hill(Bar & KTV)ကို တိုက်ခိုက်

ယနေ့နံနက် ၁၀ နာရီခွဲခန့်က သပိတ်ကျင်းနယ် ကြက်ရိုးပင်ကျေးရွာရှိ ခွေးစာထောက်ပံ့ပေးနေ သော Golden Hill (Bar & KTV)အား ကျွန်ုပ်တို့ ဗိုလ်လင်းယုန်တပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ပါ သည်ဟု ဖော်ပြသည်။

သပိတ်ကျင်းနယ်မှ စစ်ကောင်စီအားထောက်ပံ့နေသော Golden Hill(Bar & KTV)ကို တိုက်ခိုက်
သပိတ်ကျင်းနယ်မှ စစ်ကောင်စီအားထောက်ပံ့နေသော Golden Hill(Bar & KTV)ကို တိုက်ခိုက်

▪️တိုက်ခိုက်မှုဖြစ်သည့်နေရာသို့လာသော စစ်ကားကို ထပ်မံမိုင်းဆွဲ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီအား ငွေကြေးထောက်ပံ့ကာ ဖွင့်လှစ်ထားသော Golden Hill(Bar & KTV)ကို သတိပေးတိုက်ခိုက်ခဲ့ကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့က ယနေ့(သြဂုတ် ၁၃) ထုတ်ပြန်သည်။

ယနေ့နံနက် ၁၀ နာရီခွဲခန့်က သပိတ်ကျင်းနယ် ကြက်ရိုးပင်ကျေးရွာရှိ ခွေးစာထောက်ပံ့ပေးနေ သော Golden Hill (Bar & KTV)အား ကျွန်ုပ်တို့ ဗိုလ်လင်းယုန်တပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ပါ သည်ဟု ဖော်ပြသည်။

ထိုပစ်ခတ်တိုက်ခိုက်မှုကြောင့် ၁၀မိနှစ်ခန့်အကြာတွင် ဇရပ်ကွင်းကျေးရွာဘက်မှ စစ်ဆေးရန် ထွက်လာသော စစ်ကားနှစ်စီးအား ဆင်မွှေးကျေးရွာနှင့် လိပ်ကျကျေးရွာကြားတွင် ထပ်မံ၍ မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

အထက်ပါတိုက်ခိုက်မှုတွင် Golden Hill(Bar & KTV)မှ ဝန်ထမ်းများအား ဘေးလွတ်ရာခေါ်ထုတ်ပြီးမှ ဆိုင်အဆောက်အအုံအား (၄၀) မမဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့ထံမှ သိရသည်။

Public Service Announcement

Public Service Announcement

“ထိုမိုင်းဆွဲတိုက်ခိုက်မှုကြောင့် ခွေးအသေအပျောက်စာရင်းအား ထပ်မံ၍ဖော်ပြပေးသွားပါမည်”ဟု အသိပေးသည်။

အကြိမ်ကြိမ်သတိပေးစာထုတ်၍ တားမြစ်ထားသည့်ကြားမှ တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ချက်များကို ဂရုမစိုက်ဘဲ စစ်ကောင်စီတပ်ဗျူဟာမှူး၊ မြို့နယ်ရဲမှူးများကို အပီအပြင် ပေါင်းသင်းဧည့်ခံ၍ အများပြည်သူများ ခက်ခဲကြပ်တည်းနေ့သည့်အချိန်တွင် KTV ဖွင့်၍ စစ်ကောင်စီထံ ငွေကြေးထောက်ပံ့နေသော Golden Hill (Bar & KTV)အား လက်တွေ့ကျကျ သင်ခန်းစာပေးလိုက်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

နောက်နောင်တွင် သပိတ်ကျင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီအား ထောက်ပံ့နေသော ကုမ္ပဏီများ၊ KTV များ၊ စစ်တပ်ထုတ်မြန်စာစည်ဘီယာရောင်းချနေသော ဆိုင်များ၊ လောင်းကစားဝိုင်းများနှင့် မူးယစ်ဆေးဝါးရောင်းဝယ်နေကြသူများအား ဗိုလ်လင်းယုန်တပ်ဖွဲ့မှ ဆက်လက်၍ သင်ခန်းစာပေးတိုက်ခိုက်သွားမည်ဟု သတိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။