Connect with us

Hi, what are you looking for?

သတင်း

နိုင်ကျဉ်း ၁၃၀ ခန့်ကို အင်းစိန်ထောင်ကနေ သာယာဝတီထောင်ဆီ စစ်ကောင်စီတိတ်တဆိတ်ပြောင်းရွှေ့

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုအောင်ခန့်ကျော်လည်း သာယာဝတီထောင်ကို သြဂုတ်လ ၇ ရက်က ပြောင်းရွှေ့ခံလိုက်ရတယ်လို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

အင်းစိန်ထောင်
အင်းစိန်ထောင်

အင်းစိန်ထောင်မှာဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသား ၁၃၀ နီးပါးကို မိသားစုဝင်တွေ ထံအသိမပေးဘဲ သာယာဝတီထောင်ဆီ စစ်ကောင်စီက သြဂုတ်လ၇ ရက်က ပြောင်းရွှေ့လိုက်တယ်လို့ အကျဉ်းထောင်အသိုင်းအဝိုင်းနဲ့နီးစပ်သူအချို့ထံကသိရပါတယ်။

ဒီလိုထောင်ပြောင်းလိုက်တာကို သက်ဆိုင်ရာမိသားစုဝင်တွေဆီ အကြောင်းကြားတာမျိုးမလုပ်ဘဲ စစ်ကောင်စီက တိတ်တဆိတ် ပြုလုပ်ခဲ့တာပါ။

သာယာဝတီထောင်ကိုပြောင်းရွှေ့ခံရသူတွေထဲ ကျောင်းသားတွေလည်းပါတယ်လို့သိရပါတယ်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုအောင်ခန့်ကျော်လည်း သာယာဝတီထောင်ကို သြဂုတ်လ ၇ ရက်က ပြောင်းရွှေ့ခံလိုက်ရတယ်လို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

သက်ဆိုင်ရာမိသားစုတွေကို အကြောင်းမကြားဘဲ ရုတ်တရက် ထောင်ပြောင်းရွှေ့တာဟာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေရဲ့စိတ်ဓာတ်ပျက်ပြားစေဖို့ ရည်ရွယ်တဲ့ မတရားဖိနှိပ်မှုတွေထဲက လုပ်ရပ်တစ်ခုဖြစ်တယ်လို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂဆိုထားပါတယ်။

ဒါအပြင် ထောင်တွင်းလှုပ်ရှားမှုတွေကိုထိန်းချုပ်နိုင်ဖို့ကြံစည်တဲ့ လုပ်ရပ်လည်းဖြစ်တယ်လို့ သုံးသပ်ထားပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှ နိုင်ငံရေးအကျဥ်းသားတစ်ဦးသည် အင်းစိန်ထောင်တွင်း ကျန်းမာရေးဆိုးရွားပြီး ပြင်ပဆေးရုံတွင် ကုသနေစဉ် ယမန်နေ့(ဇွန်လ ၁၁ရက်)၌ ကွယ်လွန်သွားခဲ့သည်။

နိုင်ငံတကာ

ပြင်သစ်မှာ အကျဉ်းထောင်တွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်တွေဟာ အကြမ်းဖက်မှုမြောက်တယ်လို့ တရားရေး ဝန်ကြီးက ပြောကြားလိုက်ပါတယ်။

သတင်း

လေကြောင်းတိုက်ခိုက်မှုတွေကို ရပ်တန့်ပြီး ငလျင်ဘေးသင့် ပြည်သူတွေအပေါ် ထိရောက်တဲ့ လူသားချင်း အကူအညီတွေ ရောက်ရှိနိုင်အောင် ခွင့်ပြုပေးဖို့၊ နိုင်ငံတော် အကြီးအကဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်တို့ အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ စစ်ကောင်စီကို ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR)ကတောင်းဆိုလိုက်ပါတယ်။

သတင်း

အင်းစိန်အကျဉ်းထောင်မှ ခေါ်ထုတ်သွားသည် ရိုဟင်ဂျာ ၉၀၀ကျော်အနက်မှ အမျိုးသမီးများအား စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းများသို့ ပို့ဆောင်လိုက်ပြီ အမျိုးသား ၅၀၀ကျော်အား စစ်ကောင်စီက စစ်သင်တန်းပေးရန်စီစဉ်နေကြောင်း အဆိုပါမြို့သတင်းရင်းမြစ်က ပြောသည်။