Connect with us

Hi, what are you looking for?

သတင်း

စက်သုံးဆီပြဿနာအား ၅နာရီအတွင်းဖြေရှင်းပေရန် မန္တလေးမြို့ရှိ ဆီဆိုင်များ အား MDY-PDF သတိပေး

“ကျွန်တော်တို့ သဘောထားက ရှင်းပါတယ်။ ပြည်သူ တွေရဲ့ဒုက္ခကိုမကြည့်ဘဲ ကိုယ်ကျိုးအတွက်ဘဲကြည့်နေတဲ့ စကစ လက်အောက်ခံ စက်သုံးဆီကုမ္ပဏီ တွေရဲ့ ဆီဈေးကွက်ကစားမှုတွေကို ရပ်တန့်စေချင်တာပါဘဲ”ဟု MDY-PDF မှ ဗိုလ်နက္ခတ်က မှတ်ချက်ပေးသည်။

(မန္တလေးမြို့ရှိ ဆီဆိုင်အချို့ ဆိုင်ပိတ်ထားသည်ကို တွေ့ရစဥ်)
(မန္တလေးမြို့ရှိ ဆီဆိုင်အချို့ ဆိုင်ပိတ်ထားသည်ကို တွေ့ရစဥ်)

မန္တလေးမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် လက်ရှိဖြစ်ပေါ်နေ သော ဆီပြတ်လပ်သည့် ပြဿနာကို အချိန် ၅ နာရီအတွင်း ပြေလည်အောင် ဖြေရှင်းပေးရန် MDY-PDF က ယနေ့(သြဂုတ် ၁၃)ညနေ ၃ နာရီခွဲခန့်တွင် သတိပေးချက်ထုတ်ပြန်လိုက်သည်။

စစ်အုပ်စု၏မတရားအာဏာသိမ်းမှူကြောင့် ပြည်သူများ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အစစအရာရာ ဒုက္ခရောက်နေချိန်တွင် ပြည်သူလူထု၏အခက်ခဲကို မစာနာဘဲ ဝိသမာ လောဘတတ်၍ရောင်းချနေသော ဆီဆိုင်များနှင့် ဆီဈေးကွက်ကိုကစားနေသော စစ်ကောင်စီထောက်တိုင်ဆိုင်များ​ဖြစ်သည့် Denko နှင့် Boc တို့အားနောက်ဆုံးကြိမ် သတိပေးခြင်းဖြစ်ကြောင်း ဖော် ပြသည်။

(မန္တလေးမြို့ရှိ ဆီဆိုင်အချို့ ဆိုင်ပိတ်ထားသည်ကို တွေ့ရစဥ်)
(မန္တလေးမြို့ရှိ ဆီဆိုင်အချို့ ဆိုင်ပိတ်ထားသည်ကို တွေ့ရစဥ်)

ယနေ့တွင် မန္တလေး၌ စက်သုံးဆီ အခက်အခဲ‌များဖြစ်နေသောကြောင့် ပြည်သူများဒုက္ခရောက်နေပြီး မည်သည့်အကြောင်းပြချက်ဖြင့် ဆီပြတ်လပ် သည်ဖြစ်စေ ယခုပြဿနာအား ဖြေရှင်းရန် MDY မှဆီဆိုင်အားလုံးကို ယခုစာတင်ချိန်မှစ၍ အချိန် ၅ နာရီပေးမည်ကာ ၅ နာရီပြီးသည်နှင့် MDY မှ ဆီဆိုင်အားလုံးကို ဆီ‌များ လိုသလောက်ရနေသည်ကိုမြင်လိုကြောင်း အသိပေးသည်။

“မရခဲ့လျှင် ကျွန်ုပ်တို့ အဆိုးမဆိုပါနှင့်”ဟု MDY-PDF က ဆိုသည်။

Public Service Announcement

Public Service Announcement

ယခုမှစ၍ ဆီဆိုင်အားလုံး ၅ နာရီပိတ်နိုင်ပြီး ဆီဆိုင်များတွင် လက်ရှိဆီ တန်းစီနေသော ပြည်သူများအား ဆီပြန်လည် ရောင်းချပေးပါရန် သတိပေးထားပြီး Denko နှင့် BOC ဆိုင်များ ချက်ချင်းပိတ်ရန်ထုတ်ပြန်ထား သည်။

(မန္တလေးမြို့ရှိ ဆီဆိုင်အချို့ ဆိုင်ပိတ်ထားသည်ကို တွေ့ရစဥ်)
(မန္တလေးမြို့ရှိ ဆီဆိုင်အချို့ ဆိုင်ပိတ်ထားသည်ကို တွေ့ရစဥ်)

“ကျွန်တော်တို့ သဘောထားက ရှင်းပါတယ်။ ပြည်သူ တွေရဲ့ဒုက္ခကိုမကြည့်ဘဲ ကိုယ်ကျိုးအတွက်ဘဲကြည့်နေတဲ့ စကစ လက်အောက်ခံ စက်သုံးဆီကုမ္ပဏီ တွေရဲ့ ဆီဈေးကွက်ကစားမှုတွေကို ရပ်တန့်စေချင်တာပါဘဲ”ဟု MDY-PDF မှ ဗိုလ်နက္ခတ်က မှတ်ချက်ပေးသည်။

ထို့အပြင် ယခုအရေးပေါ်သတိပေးထုတ်ပြန်ချက်ကြောင့် ပြည်သူများ အခက် အခဲတွေ့ကောင်းတွေ့နိုင်သော်လည်း MDY-PDF တပ်ဖွဲ့၏ ရည်ရွယ်ချက် ဖြစ်သော စက်သုံးဆီလုံလောက်ရေး ဦးတည်ချက်ကို နားလည်ပေးကြ စေလိုကြောင်း ဗိုလ်နက္ခတ်က မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မုံရွာမြို့ နဲ့ မိုင် ၃၀ ခန့်အကွာမှာရှိတဲ့ကနီမြို့နယ်ထဲကယာကြီးရွာရှိ စက်သုံးဆီဆိုင်ကိုမနေ့ (သြဂုတ်လ ၁ ရက်)နေ့ခင်းပိုင်းမှာလေကြောင်းတိုက် ခိုက်တာကြောင့် အရပ်သားအမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ နယ်ခံအချို့ဆီကသိရပါတ​ယ်။

သတင်း

စစ်တပ်က ဆီဆိုင်တွေကို ခွဲတမ်း​လျှော့

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။