Connect with us

Hi, what are you looking for?

သတင်း

ဝိုင်းမော်နှင့်ဆဒုံးကြားတွင် စစ်ကောင်စီ၊ပြည်သူ့စစ်ပူးပေါင်းအဖွဲ့ကို KIA တိုက်ခိုက်၊ စစ်ကောင်စီတပ်​သေဆုံးထိခိုက်မှုများပြား

ယမန်နေ့ ဩဂုတ် ၁၂ရက် ညနေပိုင်းကလည်း စစ်ကောင်စီတပ်၏ ရိက္ခာပို့ရန် မြင်းများ သယ်ဆောင်လာသည့် ကားကို KIAက မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

(စစ်​ကောင်စီတပ်၏ ကားကိုတိုက်ခိုက်ပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ်၏ ကားကိုတိုက်ခိုက်ပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

●ရိက္ခာပို့မြင်းများ သယ်ဆောင်လာသည့် ယာဉ်ကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ဟု ဒေသခံပြော

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးဒေသသို့ သွားသည့် လမ်းတွင် စစ်ကောင်စီတပ်နှင့် ဦးရွှေမင်း ၏ လီဆူ ပြည်သူ့စစ် ပူးပေါင်းအဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီနှင့် ပြည်သူ့စစ်တပ်မှ သေဆုံးထိခိုက်များခဲ့ကြောင်း ဒေသခံက ပြောကြားသည်။

“ဒီနေ့ ၁နာရီ ဟုတ်တယ်။ လီဆူပြည်သူ့စစ်နဲ့ စကစက အင်အား ၇၀ခန့် ဟုတ်တယ်။ မနေ့က ဖြစ်တော့ ဖြစ်ခါနီးတာ။ မနေ့က မြင်းကားပဲ အရင်သွားလိုက်တာ။ ဟိုက(KIA)စောင့်ပြီးမှ တိုက်တာဆိုတော့ ဒီဘက် (စစ်ကောင်စီနဲ့ ပြည်သူ့စစ်)က တော်တောကျတယ်။ ဆဒုံးနဲ့ ကမ်ပိုက်တီလမ်းမပေါ်မှာပဲ ဘွမ်တောင်ရွာအနားက ကုန်းအတက်နားမှာ ဖြစ်တာ။ တစ်နာရီလောက်ကြာတယ်” ဟု ကချင်ဒေသခံက ပြောသည်။

Public Service Announcement
Public Service Announcement

ယမန်နေ့ ဩဂုတ် ၁၂ရက် ညနေပိုင်းကလည်း စစ်ကောင်စီတပ်၏ ရိက္ခာပို့ရန် မြင်းများ သယ်ဆောင်လာသည့် ကားကို KIAက မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

“မြင်းကားက မြင်းတချို့တော့KIA ဘက်က ယူလို့ရတယ်။ တချို့မြင်းကျတော့ ပြေးသွားတာ။ တချို့မြင်းက သေသွားတယ်။ မြင်းက သူတို့ရဲ့ ရိက္ခာတင်တာပေါ့။ အဲဒီဘက်မှာ ကားသွားမရတဲ့နေရာတွေရှိတာကိုး။ လမ်းဆိုးတာကိုး” ဟု ကချင်ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ မြင်းကားတွင် မြင်းကောင်ရေ ၃၀ ခန့်တင်လာရာ ၅ ဦးသေဆုံးပြီး KIAက မြင်း ၈ကောင် အရှင်ခေါ်ယူနိုင်ခဲ့ကြောင်း၊ ကျန်သည့် မြင်းများ ထွက်ပြေးသွားပြီး ကားပေါ်ပါသည့် စစ်ကောင်စီ ဘက်မှ ၃ဦး သေဆုံးသွားကြောင်း ဒေသခံက ပြောသည်။

အဆိုပါ ဒေသသည် KIA တပ်မဟာ(၅)တပ်ရင်း(၃)နယ်မြေဖြစ်သည်။ တိုက်ပွဲဖြစ်စဉ်များနှင့်ပတ်သက်၍ KIA ထံ ဆက်သွယ်နေဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။