News ပင်လုံမြို့နယ်ရှိ SSPP တပ်စခန်းတိုက်ရန် စစ်ကောင်စီက ရှေ့တန်းတပ်ရင်းများကို အမိန့်ပေးထား၍ ရက်ပိုင်းအတွင်း တိုက်ပွဲစတင်နိုင် ဦးမဟာဂျာ ဦးဆောင်သည့် SSS ပြည်သူ့စစ်သည် ဗိုလ်ချုပ်ကြီးယွက်စစ်ဦးဆောင်သည့် RCSSကဲ့သို့ပင် ဦးခွန်ဆာအဖွဲ့လက်နက်ချချိန် ခွဲထွက်ပြီး လက်နက်ကိုင်တပ်တည်ထောင်ကာ ပြည်သူ့စစ်သို့အသွင်ပြောင်းထားခြင်း ဖြစ်သည်။ LuduNwayOoဧပြီ 22, 2022
News ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၇ ဖွဲ့ပေါင်း၍ ရှမ်းတောင်တော်လှန်ရေးလူငယ်များအဖွဲ့ – SSRY ဖွဲ့စည်း ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များဖြစ်သည့် Eagle Force (Southern Shan Revolution Youth)၊Dove Guerrille Force (Southern Shan) ၊Dragon Force(Southern Shan)၊Tai PDF Southern Shan၊SSIR (Southern Shan Irine)နှင့်Dove KK (Metal Crew)တို့က ရှမ်းတောင်တော်လှန်ရေးလူငယ်များအဖွဲ့ဟူ၍... LuduNwayOoဧပြီ 22, 2022
News စစ်အုပ်စုရဲ့ မန္တလေးက ရတနာပုံဥယျာဉ် လာရောက်လည်ပတ်သူမရှိ မြို့ရိုးဘေး မှာ ဖွင့်လှစ်ထားတဲ့ အဲဒီ ဥယျာဉ်ကို ပြည်သူတွေ လာရောက်အပန်းဖြေနိုင်တယ်လို့ စည်ပင်ရဲ့ ဖေ့ဘွတ်ခ်ကနေ ဖိတ်ခေါ်ထားတာပါ။ LuduNwayOoဧပြီ 22, 2022
News အလုပ်သမားအဖွဲ့ဝင်နှစ်ဦးကို စစ်ကောင်စီက ကားဖြင့်တိုက် ဖမ်းဆီးမှုအပေါ် ILOထံ တိုင်ကြားမည် ဖမ်းဆီးခံ ဒေါ်ခိုင်သဉ္ဇာအေး (ခ) ဘုတ်ဘုတ်သည် (CTUM - ဌာနမှူး၊ ဆက်သွယ်ရေးဌာန) နှင့် ဒေါ်အိဖြူဖြူမြင့်သည် (အဖွဲ့ဝင် - ယခင် Myanmar Guotai Huasheng Glory Fashion အထည်ချုပ်စက်ရုံ အခြေခံ အလုပ်သမားသမဂ္ဂ၊ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ်... LuduNwayOoဧပြီ 22, 2022
မေးမြန်းခန်း “ကော်စနစ်ဟာ ကောင်းမွန်တဲ့ တောတောင်ရေမြေတွေကို ထိန်းသိမ်းတဲ့ ဓလေ့တွေကို ပြန်ပြီးတော့ ဖော်ထုတ်ချင်တာပါပဲ” ဌာနေ ကရင် လူမျိုးစုတို့၏ ကော်နယ်မြေ ဒေသ ၅ခုအား အသိအမှတ်ပြုပြီး တရားဝင် ပိုင်ဆိုင် စီမံခန့်ခွဲခွင့် လက်မှတ်အပ်နှင်းသည့် အခမ်းအနားကို ဧပြီ ၁၂ရက်မှ ၁၃ရက် အထိ ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်မြေ သောသီတောအူး ဌာနေ တိုင်းရင်းသားများဥယာဉ် တွင် ပြုလုပ်ခဲ့သည်။ ဌာနေလူမျိုးစုတို့၏ ‘ကော်’... LuduNwayOoဧပြီ 22, 2022
News ဒူးပလာယာခရိုင်ထဲက ကျေးရွာသုံးရွာကို စစ်ကောင်စီလေယာဥ်နဲ့ ဗုံးကြဲ တစ်ဆက်တည်းမှာပဲ ထီးသဘလူခီးကျေးရွာမှာလည်း စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးသုံးလုံး ထပ်မံကြဲချခဲ့တယ်လို့ မြေပြင်သတင်းပေးပို့ချက်အရ သိရကြောင်း ဒူးပလာယာခရိုင်က ဆိုထားပါတယ်။ LuduNwayOoဧပြီ 21, 2022
News ပင်လုံရှိ SSPP တပ်စခန်းအနီး စစ်ကောင်စီနှင့် RCSS စစ်ကြောင်းများ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားလာ SSPP အနေဖြင့် ပြီးခဲ့သည့် လပိုင်းများအတွင်းက ရှမ်းမြောက်ဒေသရှိ RCSS တပ်များကို တိုက်ခိုက်မောင်းထုတ်ခဲ့ရာ ရှမ်းပြည်နယ် တောင်ပိုင်း ရက်စောက်မြို့နယ်အတွင်း တိုက်ပွဲ၌ စစ်ကောင်စီတပ်က RCSS ဘက်မှ လေကြောင်းပစ်ကူ ဆောင်ရွက်ခဲ့သည်ဟု SSPP တပ်မှူး တစ်ဦးက ပြောဆိုထားသည်။ LuduNwayOoဧပြီ 21, 2022
News စစ်ကောင်စီကဒေါ်လာမူဝါဒနှင့်ပတ်သပ်၍ပြည်ပနှင့်သက်ဆိုင်သောလုပ်ငန်းနယ်ပယ် ၇ခုကိုပြန်လည်ဖြေလျှော့ ရန်ကုန်အခြေစိုက် ပို့ကုန်လုပ်ငန်းရှင်တစ်ဦးကလည်း“စစ်တပ်က ထုတ်တဲ့ညွန်ကြားချက်က နိုင်ငံသားတွေကို အနိုင်ကျင့်ပြီး လုပ်ချင်သလို လုပ်နေတာ။ နောက်ပြီး အခုတစ်မျိုးတော်ကြာတစ်မျိုးနဲ့ ။ ပြည်တွင်းလုပ်ငန်းတွေ ဘယ်လိုမှ ဆက်လုပ်ဖို့ ဖြစ်နိုင်မှာမဟုတ်တော့ဘူး”ဟုပြောသည်။ LuduNwayOoဧပြီ 21, 2022
News ကျွန်းချောင်းတိုက်ပွဲ စစ်ကောင်စီတပ်အထိနာ၍ ပြန်ဆုတ်ခွာ အပြေးပြန်လည်ဆုတ်ခွာသွားသည့် အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းမှ ကျန်ရစ်ခဲ့သော ကျည်ဘောက်တစ်ခု၊ ၇ ဒဿမ ၆၂ ကျည်အချို့နှင့် ၅ ဒဿမ ၅၆ ကျည်အနည်းငယ်တို့ကိုသိမ်းဆည်း နိုင်ခဲ့သည်။ LuduNwayOoဧပြီ 21, 2022
News ဆားလင်းကြီးမြို့နယ်ရှိကြေးနီးစီမံကိန်းများအားလုံးရပ်နားရန်၊ ဝန်ထမ်းများမေ ၅ ရက်နောက်ဆုံးထားCDMပြုလုပ်ရန် PDFတပ်ဖွဲ့များထုတ်ပြန်ကြေညာ စစ်အုပ်စုပိုင် ကုမ္ပဏီများတွင် လုပ်ကိုင်နေသော မိဘပြည်သူများအနေဖြင့် မေ(၅)နေ့နောက်ဆုံးထားကာ CDMဝင်ပေးကြရန်၊ စစ်ကောင်စီ၏ဝင်ငွေရလမ်းများအား မိဘပြည်သူများအနေဖြင့် မကူညီ၊မထောက်ပံ့ခြင်းအားဖြင့်တော်လှန်ရေးကို ကူညီပေးပါရန် မေတ္တာရပ်ခံကြောင်းဖော်ပြထားသည်။ LuduNwayOoဧပြီ 21, 2022