Connect with us

Hi, what are you looking for?

သတင်း

ရေတာရှည်မြို့နယ်တွင် ကင်းပုန်းဝပ်နေသော စစ်သားသုံးဦးကို မိုင်းဆွဲတိုက်ခိုက်၊ သုံးဦးလုံးသေဟုဆို

စစ်တောင်းမြစ်အရှေ့ဘက်ကမ်း၊ ပိတောက်ကုန်းကျေးရွာအုပ်စု၊ ရေတာရှည်လေးကျေးရွာ မြောက်ဖက်ထိပ် ဗျူဟာလမ်းအနောက်ခြမ်း‌တွင် ကင်းပုန်း၀ပ်နေသော စစ်ကောင်စီတပ်သားသုံးဦးအား ရှေ့ထွက်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ရေတာရှည်မြို့နယ်တွင် ကင်းပုန်းဝပ်နေသော စစ်သားသုံးဦးကို မိုင်းဆွဲတိုက်ခိုက်၊ သုံးဦးလုံးသေဟုဆို
ရေတာရှည်မြို့နယ်တွင် ကင်းပုန်းဝပ်နေသော စစ်သားသုံးဦးကို မိုင်းဆွဲတိုက်ခိုက်၊ သုံးဦးလုံးသေဟုဆို

ရေတာရှည်မြို့နယ်၊ ရေတာရှည်လေးကျေးရွာမြောက်ဘက်ထိပ်၌ ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သားသုံးဦးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သုံးဦးစလုံးသေဆုံးကြောင်း ရေတာရှည်မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ခွဲ (၂) မှ ယနေ့(ဇူလိုင် ၂)ထုတ်ပြန်သည်။

စစ်တောင်းမြစ်အရှေ့ဘက်ကမ်း၊ ပိတောက်ကုန်းကျေးရွာအုပ်စု၊ ရေတာရှည်လေးကျေးရွာ မြောက်ဖက်ထိပ် ဗျူဟာလမ်းအနောက်ခြမ်း‌တွင် ကင်းပုန်း၀ပ်နေသော စစ်ကောင်စီတပ်သားသုံးဦးအား ရှေ့ထွက်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ယင်းတိုက်ခိုက်မှုကို သံတောင်မြောက်ပိုင်း အထူးဒေသ ဥက္ကဌဟောင်း ဦးကိုကြီး၏ ဦးဆောင်ညွှန်ကြားမှုဖြင့် သံတောင်မြောက်ပိုင်း ကာကွယ်ရေးတပ်ဖွဲ့ (NTDF)၊ တပ်ရင်းအမှတ် (၈၀၁)နေပြည်တော်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(NPT 8001)၊ ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေးရှားလော့တပ်ဖွဲ့(YPDF) တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန် သည်။

ရေတာရှည် PDF တပ်ဖွဲ့ခွဲ (၂)သည် ပြီးခဲ့သည့် ဇွန် ၂၂ ရက်ကလည်း ရေတာရှည်မြို့နယ် ဂွေးသဲရွာသို့လာရောက်သော အင်အား ၂၀ခန့်ပါ စစ်ကောင်စီတပ်အား လက်ဦးမှုယူတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီမှ ငါးဦးသေဆုံးခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ စစ်သားတွေရဲ့ အသက်ကိုစတေးပြီး အသေခံ စစ်ဗျူဟာ အသုံးပြုနေတာဖြစ်လို့ အသုံးချခံနေရတဲ့ စစ်သည်တွေအနေနဲ့ ကိုယ့်ဘ၀ ကိုယ်ကယ်ဆယ်ကြဖို့ လိုအပ်ကြောင်း ပြည်သူ့ပန်းတိုင်က တိုက်တွန်းလိုက်ပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်းလိုက်ခြင်းကြောင့် စစ်သားတွေ ပိုပင်ပန်းတော့မယ် ပိုအလုပ်ရှုပ်တော့မယ်ဆိုတာ ခံစားခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ စစ်သုံ့ပန်းဖြစ်နေတဲ့ ဗိုလ်မှူး အောင်ဖြိုးဝေက ပြောပါတယ်။

ဆောင်းပါး

အလံဖြူနောက်ကွယ်က စစ်သား​တွေရဲ့ ဆုံးဖြတ်ချက်

Facebook