Connect with us

Hi, what are you looking for?

သတင်း

တပ်မဟာ(၅)နယ်​မြေတွင် နယ်ကျွံဝင်လာသည့် စစ်​ကောင်စီယာဥ်ကို တိုက်ခိုက်ရာ ယာဥ်​ပေါ်ပါလာသူ အကုန်​သေဟု BPLA အသိ​ပေး

အဆိုပါယာဥ်မှာ ပျက်စီးသွားပြီး ယာဥ်ပေါ်ပါ ရန်သူ ငါးဦးစလုံး သေဆုံးကာ (၄၀) မမ – ၁ လက်၊ AK – ၂ လက်၊ M4 carbine – ၁ လက်၊ G3 – ၁ လက်၊ လက်ပစ်ဗုံး – ၃ လုံး၊ ကျည်နှင့် ရိက္ခာအနည်းငယ်တို့ကို သိမ်းဆည်းရရှိထားကြောင်း အသိပေးသည်။

ဓာတ်ပုံ - ရှေ့တန်းတစ်နေရာတွင်တွေ့ရှိရသော BPLA တပ်ဖွဲ့ဝင်များ (ပုံအဟောင်း)
ဓာတ်ပုံ - ရှေ့တန်းတစ်နေရာတွင်တွေ့ရှိရသော BPLA တပ်ဖွဲ့ဝင်များ (ပုံအဟောင်း)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) နယ်မြေအတွင်း နယ်ကျွံဝင်လာသည့် စစ်ကောင်စီယာဥ်တစ်စီးကို တိုက်ခိုက်ရာ အဆိုပါယာဥ်ပေါ်ပါလာသူ ငါးဦးစလုံးသေဆုံးကာ လက်နက်၊ကျည်နှင့် ရိက္ခာအချို့ သိမ်းဆည်းရမိကြောင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က ထုတ်ပြန်သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) မှ တပ်ဖွဲ့ဝင်များသည် KNU/KNLA တပ်မဟာ (၅)၊ ဖာပွန်မြို့အနီး ရှေ့တန်းတစ်နေရာ၌ မိုင်းထောင်၊ကင်းပတ်နေစဥ် ယမန်နေ့(ဇူလိုင် ၁ရက်) နံနက် ၁၁နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မောင်းနှင်လာသည့် ကားငယ်တစ်စီး နယ်ကျွံဝင်လာသည့်အတွက် မိနစ် ၂၀ခန့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

အဆိုပါယာဥ်မှာ ပျက်စီးသွားပြီး ယာဥ်ပေါ်ပါ ရန်သူ ငါးဦးစလုံး သေဆုံးကာ (၄၀) မမ – ၁ လက်၊ AK – ၂ လက်၊ M4 carbine – ၁ လက်၊ G3 – ၁ လက်၊ လက်ပစ်ဗုံး – ၃ လုံး၊ ကျည်နှင့် ရိက္ခာအနည်းငယ်တို့ကို သိမ်းဆည်းရရှိထားကြောင်း အသိပေးသည်။

အင်တာနက်အခက်အခဲကြောင့် ဓာတ်ပုံများမရရှိနိုင်သေးပါသဖြင့် ဓာတ်ပုံများရရှိပါက ထပ်မံဖော်ပြပေးသွားမည်ဟု BPLA ကဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook