Connect with us

Hi, what are you looking for?

သတင်း

ကနီရှိမီး​ဘေးသင့်ရွာကိုရပ်​ဝေး​ရောက်အလှူရှင်များကကျပ်သိန်း ၃၀၀ တန်ဖိုး ​ငွေနှင့်ပစ္စည်းများလှူဒါန်း

အလှူငွေပေးအပ်နိုင်ရေးအတွက်စွမ်းစွမ်းတမံပါဝင်ကူညီပေးခဲ့ကြသော အလှူခံပေးကြသည့် လူငယ်များနှင့် အလှူရှင်တစ်ယောက်ချင်းစီတိုင်းအား မီးဘေးသင့်ပြည်သူလူထုကိုယ်စားများစွာကျေးဇူးတင်ဂုဏ်ယူရကြောင်းချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစုက အသိပေးသည်။

(အလှူငွေနှင့်ပစ္စည်းများအား ခွဲဝေလှုဒါန်းပေးနေစဥ်။ ဓါတ်ပုံ-ချင်းတွင်းနွေဦး တော်လှန်ရေးအင်အားစု)
(အလှူငွေနှင့်ပစ္စည်းများအား ခွဲဝေလှုဒါန်းပေးနေစဥ်။ ဓါတ်ပုံ-ချင်းတွင်းနွေဦး တော်လှန်ရေးအင်အားစု)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားသော ကျေးရွာတစ်ရွာအား ရပ်ဝေးရောက်နေသည့် ၎င်းကျေးရွာသူကျေးရွာသားများနှင့် ပြင်ပအလှူရှင်များက ကျပ်သိန်း၃၀၀ တန်ဖိုး ​ငွေနှင့်အ​ရေး​ပေါ်ပစ္စည်းပေးအပ်လှူဒါန်းခဲ့ကြသည်။

ကနီမြို့နယ် ၊ရွာကြီးတစ်ရွာရှိမီးဘေးသင့်အိမ်ခြေ (၂၁၁ )အိမ်အတွက်မီးဘေးသင့်ရွာဇာတိ ဩစတျေးလျနိုင်ငံရောက်ရွာသူရွာသားများက တစ်အိမ်လျှင်ကျပ်ငွေ (၃၅၀၀၀)စီဖြင့် စုစုပေါင်း လှူဒါန်းငွေ သိန်း (၁၀၀)ကျပ်ကိုလည်းကောင်း၊ မီးဘေးသင့်ရွာ၏ အဝေးရောက် ရွာသူရွာသားများမှစုပေါင်း
အလှူခံရရှိငွေ ကျပ်သိန်း (၂၀၀)မှ တစ်အိမ်လျှင် (၅၀၀၀၀) ကျပ်စီ အသီးသီးပေးအပ်လှူဒါန်းနိုင်ခဲ့ကြောင်း ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစုက ဖော်ပြသည်။

အလှူငွေပေးအပ်နိုင်ရေးအတွက်စွမ်းစွမ်းတမံပါဝင်ကူညီပေးခဲ့ကြသော အလှူခံပေးကြသည့် လူငယ်များနှင့် အလှူရှင်တစ်ယောက်ချင်းစီတိုင်းအား မီးဘေးသင့်ပြည်သူလူထုကိုယ်စားများစွာကျေးဇူးတင်ဂုဏ်ယူရကြောင်းချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစုက အသိပေးသည်။

အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးချိန်မှစ၍ ၂၀၂၂ခုနှစ် မေလကုန်အထိ စစ်ကိုင်းတိုင်းအတွင်း ကျေးရွာများမှ လူနေအိမ်ပေါင်း ၁၃၈၄၀ ခန့်ကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးထားကြောင်း Data For Myanmar အဖွဲ့က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ရွှေဝါရောင်တော်လှန်ရေး (၁၉)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု စက်တင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ တိုက်ပွဲအတွင်း ထွက်‌ပြေးရာက မိသားစုနဲ့ ကွဲပြီး တစ်ဦးတည်းကျန်ရစ်ခဲ့တဲ့ အဖွားအိုတစ်ဦးကို PDF ရဲဘော်တွေက ကယ်ထုတ်ခဲ့တဲ့ ရုပ်သံမှတ်တမ်းဟာ အခုရက်ပိုင်းအတွင်း လူပြောများနေပါတယ်။ အဲဒီ ရုပ်သံမှာ အားနည်းနေတဲ့အဖွားအိုကို ရဲဘော်တစ်ဦးက ပြောဆိုတာ ဖြစ်ပါတယ်။

Facebook