Connect with us

Hi, what are you looking for?

သတင်း

“နန်းထိုက်အောင်စစ်ဆင်ရေး”ကို တောင်ပိုင်းတိုင်းရှိ မြို့ပြများတွင် တိုးချဲ့ဆောင်ရွက်မည်ဖြစ်၍ ၁၀ရက်တာ ရန်ပုံငွေစီမံချက်ပြုလုပ်

ထိုရက်များအတွင်း စစ်ကောင်စီပစ်မှတ် ၉၁ခုအား တိုက်ခိုက်ခဲ့ပြီးအကြမ်းဖက် စစ်ကောင်စီတပ်ဘက်မှ ၈၀ ဦးထက်မနည်းသေဆုံးပြီး ၉၀ကျော် ပြင်းထန်ဒဏ်ရာများရရှိကြောင်း စစ်ဆင်ရေးတာဝန်ခံက People’s Springသို့ ပြောထားသည်။

နန်းထိုက်အောင်စစ်ဆင်ရေး
နန်းထိုက်အောင်စစ်ဆင်ရေး

“နန်းထိုက်အောင်စစ်ဆင်ရေး”ကို တောင်ပိုင်းတိုင်းရှိ မြို့ပြများတွင် တိုးချဲ့ဆောင်ရွက်သွားမည်ကြောင်း အဆိုပါစစ်ဆင်ရေးတာဝန်ခံက People’s Springသို့ ပြောသည်။

ထို့ကြောင့် PROJECT NAN HTIKE AUNG အမည်ဖြင့် ရန်ပုံငွေရှာဖွေမည့်စီမံချက်ကို ဇူလိုင် ၁ ရက်ကစ၍ ၁၀ ရက်အထိ ပြည်သူများ၏ အထောက်အပံ့များရယူမည်ဟု ဆိုသည်။

” မြို့ပြစစ်ဆင်ရေးတွေကို ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့ လိုအပ်တယ်။ ရန်ကုန်တစ်ခုတည်းမဟုတ်ဘူး။ တောင်းပိုင်းမှာရှိတဲ့ ပဲခူး၊ဧရာဝတီ၊တနသ်ာရီ၊မွန်၊ကရင်စတဲ့ အဲဒီနေရာတွေမှာရှိတဲ့ မြို့ပြတွေကို စစ်ဆင်ရေးလုပ်မယ်”ဟု အထက်ပါ တာဝန်ခံက ရှင်းပြသည်။

PROJECT NAN HTIKE AUNG စီမံချက်ကို မပန်ဆယ်လိုမှ ရန်ပုံငွေရှာဖွေရေး ဦးဆောင်မည်ဖြစ်ပြီး မကြာမီကာလအတွင်း မြို့ပြများတွင် ပြုလုပ်မည့် စစ်ဆင်ရေးတွေအားလုံးကို အထောက်အပံ့ဖြစ်စေမည်ဟု ၎င်းက အသိပေးသည်။

Public Service Announcement

Public Service Announcement

ရန်ပုံငွေစီမံချက်အတွက် အမေရိကန်၊ထိုင်း၊စင်ကာပူ၊ဂျပန်၊ကိုရီးယား၊သြစေတြလျ၊ဘရူနိုင်း၊ ဖင်လန်၊မလေးရှား၊ထိုင်ဝမ်၊ယူအေအီး နှင့် UK စသည့် နိုင်ငံများတွင်နေထိုင်သူများအတွက် သက်ဆိုင်ရာ ဘဏ်အကောင့်များ (http://www.nanhtikeaung.org/) ထည့်သွင်းပေးထားသည်။

အလားတူ မြန်မာနိုင်ငံအတွင်းနေထိုင်သူများနှင့် အခြားနိုင်ငံများမှ ထောက်ပံ့လိုသူများသည် မပန်ဆယ်လို လူမှုကွန်ယက်မှတဆင့် တိုက်ရိုက်ဆက်သွယ်နိုင်ကြောင်း ဖော်ပြထားသည်။

၂၀၂၂ ဧပြီ ၈ရက်က စတင်ခဲ့သော နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေးသည် ဇွန်လ ၆ ရက်တွင်ရက်ပေါင်း ၆၀ ပြည့်ခဲ့ပြီဖြစ်သည်။

ထိုရက်များအတွင်း စစ်ကောင်စီပစ်မှတ် ၉၁ခုအား တိုက်ခိုက်ခဲ့ပြီးအကြမ်းဖက် စစ်ကောင်စီတပ်ဘက်မှ ၈၀ ဦးထက်မနည်းသေဆုံးပြီး ၉၀ကျော် ပြင်းထန်ဒဏ်ရာများရရှိကြောင်း စစ်ဆင်ရေးတာဝန်ခံက People’s Springသို့ ပြောထားသည်။

ရန်ကုန်၊ ပဲခူးနှင့် မွန်ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း ၃၃မြို့နယ်တွင် နန်းထိုက်အောင်မြို့ပြစစ် ဆင်ရေးအဖြစ် စစ်ရေးပစ်မှတ် ၆၃ခု၊ အုပ်ချုပ်ရေးပစ်မှတ် ၂၁ခု၊ စီးပွားရေးပစ်မှတ် ၇ခုအား ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်မှုများ ဆောင်ရွက်နိုင်ခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ညအချိန်တွေမှာ စစ်တပ်စခန်းတွေကို ဒရုန်းအသုံးပြုတိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေကို စုန်းမအဖွဲ့က ထုတ်ပြန်ပါတယ်။

ဆောင်းပါး

အာဏာသိမ်း စစ်တပ် တပ်ချုပ်အသစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထက် ပထမဆုံး ဖော်ဆောင်တဲ့ ကြည်း၊ရေ၊လေပူးပေါင်းစစ်ဆင်ရေးဟာရှုံးနိမ့်သွားပြီလို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ကိုင်းတိုင်းစစ်ဌာနအတွက် စစ်ဆင်ရေးတွေမှာ အသုံးပြုဖို့ ကနဦး ထောက်ပံ့ကူညီငွေပေးအပ်ခဲ့ကြောင်း စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရက သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ရှည်လျားလှတဲ့ နိုင်ငံတကာ စစ်ဆင်ရေး ဖြန့်ကျက်မှုကာလ ပြီးဆုံးပြီးတဲ့နောက် အမေရိကန် လေယာဉ်တင် သင်္ဘောကြီး USS Gerald R Fordဟာ မေလ ၁၆ ရက်နေ့မှာ နေရပ်နိုင်ငံဆီ ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။