သတင်း သရက်ခရိုင် စုပေါင်းရုံးကို ဗုံးပစ်တိုက်ခိုက် "ပြည်သူဘက်သို့ ရပ်တည်သည့် ပြည်သူ့ဘက် တော်သားများနှင့် မိဘပြည်သူများ၏ ပူးပေါင်း ကူညီမှုများနှင့်အတူ ဆောင်ရွက်ပြုလုပ်နိုင်ခဲ့ပြီး နောက်ဆက်တွဲ Updated သတင်းများကို ဆက်လက် အတည်ပြု သတင်းထုတ်ပြန်ပေးသွားပါမည်"ဟု သရက် PDF က ပြောသည်။ LuduNwayOoဇွန် 13, 2022
သတင်း မုံရွာမြို့တွင် စစ်ကောင်စီတပ်အား လှည့်ကွက်ဖြင့်ဟန်ပြမိုင်းထောင် ဖောက်ခွဲတိုက်ခိုက်ရာ နှစ်ဦးသေ အဆိုပါစစ်ဆင်ရေးအား DRPAမှ မုံရွာမြို့ပြပြောက်ကျားရဲဘော်များ၊M.A.C.T ထောက်ပို့တပ်၊ Monywa Night King မဟာမိတ်တပ်ပေါင်းစုတို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း အသိပေးထားသည်။ LuduNwayOoဇွန် 13, 2022
သတင်း တန့်ကြည့်တောင်အနောက်ဘက်ရှိရွာသုံးရွာကို စစ်ကောင်စီတပ်မီးရှို့ သဖြင့် အိမ်ခြေ ၁၇၀ကျော်ဆုံးရှုံး စစ်တပ်သည် ဇွန်လ၁၀ရက်နံနက်ပိုင်းကပခုက္ကူမြို့နယ်၊ တန့်ကြည့်တောင်အနောက်ဘက်ရှိ ဒဲ့ပြား၊အရှေ့ကမ်းဖြူ၊တောင်ပါးလူ အစရှိသည့် ကျေးရွာ ရွာ၃ရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းဒေသခံများကပြောသည်။ LuduNwayOoဇွန် 13, 2022
သတင်း ဝေါ်လေရဲစခန်းသိမ်းစဥ်အနီးရှိစစ်ကောင်စီတပ်ကစစ်ကူမပေးနိုင်ခဲ့ ကရင်လက်နက်ကိုင်အဖွဲ့များနှင့်နီးစပ်သောသတင်းရင်းမြစ်က“နောက်ဆုံးသိရတာကတော့ ရဲစခန်းမှူးနဲ့ ရဲ ၂ယောက်ကို ဖမ်းသွားတယ်။ အချုပ်သားတွေကို ခေါ်သွားတယ်။ ရဲ ၂ယောက်သေတယ်ပြောတယ်။ အချုပ်သားဆိုတာ ဝေါ်လေ အချုပ်မှာ ဖမ်းထားတဲ့ သူတွေပေါ့” ဟုပြောသည်။ LuduNwayOoဇွန် 13, 2022
သတင်း စစ်ကောင်စီ၏ ရွေးကောက်ပွဲ ဒီမိုကရေစီအရွေ့မဟုတ်ဘဲ စစ်အာဏာရှင်စနစ်အသွင်သဏ္ဍန်ပြောင်းခြင်းသာဖြစ်ဟုအဖွဲ့အစည်း ၃၃ခုထုတ်ပြန် စစ်ကောင်စီ၏ရွေးကောက်ပွဲကို အသိအမှတ်ပြုလိုက်ပါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက် ပြန်ရောက်သွားပြီး စစ်အာဏာရှင်စနစ်ကို ပိုမိုခိုင်မြဲသွားစေမည်ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။ LuduNwayOoဇွန် 13, 2022
သတင်း တော်လှန်ရေးတပ်ဖွဲ့များကို စစ်ကောင်စီတပ်အနိုင်မရနိုင်ကြောင်းကန်နိုင်ငံခြားရေးအတိုင်ပင်ခံ ပြော “ဒီကနေ့ လက်တွေ့ကျကျတွေးကြည့်ရင် သူတို့(စစ်ကောင်စီ) ဘယ်လိုနိုင်နိုင်မလဲဆိုတာကို မြင်တွေ့ရဖို့ ခက်ခဲပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ရှိုလက်က ပြောပါတယ်။ LuduNwayOoဇွန် 13, 2022
သတင်း ပခန်းကြီးနယ်မြေရဲစခန်းမှ ရဲတစ်ဦး ဂျီသရီးတစ်လက်၊ကျည် ၁၀၀ တောင့်ဖြင့်ပြည်သူ့ရင်ခွင်ခိုလှုံ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပခန်းကြီးနယ်မြေရဲစခန်းမှ ရဲတပ်သားတစ်ဦး သေနတ်တစ်လက်နှင့်ကျည်အများအပြားဖြင့် ပြည်သူ့ရင်ခွင်ခိုလှုံခဲ့ကြောင်း Young Force (UG) အဖွဲ့က သတင်းထုတ်ပြန်သည်။ LuduNwayOoဇွန် 13, 2022
သတင်း Foodpanda Rider များ၏ အလုပ်မဆင်းသပိတ် ယနေ့ သပိတ်အရှိန်မြှင့်မည် ဇွန်လ ၆ ရက်တွင် ရန်ကုန်မြို့ရှိ Foodpanda Rider ၇,၀၀၀ ကျော်အနက် ၅,၀၀၀ကျော် အလုပ်မဆင်းသပိတ်၌ ပါဝင်ခဲ့ကြောင်း ယင်းသပိတ်ကို ဦးဆောင်သူတစ်ဦးဖြစ်သည့် ဗိုလ်မင်းဒင်ကပြောကြားထားသည်။ LuduNwayOoဇွန် 13, 2022
သတင်း စစ်အုပ်စုနဲ့ပေါင်းပြီးကျုးကျော်ဖျက်ရာမှာပါဝင်တယ်ဆိုတဲ့ ကုမ္ပဏီရဲ့ဆီဆိုင် ဗုံးခွဲသတိပေးခံရ အောင်မြင်သူကုမ္ပဏီဟာ စစ်အုပ်စုနဲ့ပတ်သက်ဆက်နွယ်ပြီး စည်ပင်ပိုင်မြေများပေါ် လုပ်ပိုင်ခွင့်အများဆုံးရတဲ့ကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။ LuduNwayOoဇွန် 13, 2022
သတင်း မြောင်မြို့နယ်သို့ရောက်နေသော စစ်ကောင်စီတပ် တစ်ရက်အတွင်း သုံးကြိမ်တိုက်ခိုက်ခံရ၊ ၁၀ဦးခန့်သေ မြစ်အရှေ့ဘက်ခြမ်းစစ်ကြောင်းမှ စစ်ကောင်စီတပ်များ ဆင်ချောင်းရွာသက်ပင်အောက်၌ရှိနေစဥ် ယင်းနေ့နံနက် ၈ နာရီခန့်တွင် PDF ပူးပေါင်းအဖွဲ့မှ အီဂါနာတစ်လုံးပစ်ချခဲ့ရာ စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးကြောင်း ဖော်ပြသည်။ LuduNwayOoဇွန် 13, 2022