Connect with us

Hi, what are you looking for?

သတင်း

ဝေါ်လေရဲစခန်းသိမ်းစဥ်အနီးရှိစစ်ကောင်စီတပ်ကစစ်ကူမပေးနိုင်ခဲ့

ကရင်လက်နက်ကိုင်အဖွဲ့များနှင့်နီးစပ်​သောသတင်းရင်းမြစ်က“နောက်ဆုံးသိရတာကတော့ ရဲစခန်းမှူးနဲ့ ရဲ ၂ယောက်ကို ဖမ်းသွားတယ်။ အချုပ်သားတွေကို ခေါ်သွားတယ်။ ရဲ ၂ယောက်သေတယ်ပြောတယ်။ အချုပ်သားဆိုတာ ဝေါ်လေ အချုပ်မှာ ဖမ်းထားတဲ့ သူတွေပေါ့” ဟုပြောသည်။

(စခန်းသိမ်းပြီး​နောက် KNU/KNDO နှင့်ပူး​ပေါင်းတပ်ဖွဲ့ဝင်များကို​တွေ့ရစဥ်။ ။ဓါတ်ပုံ-online Viral)
(စခန်းသိမ်းပြီး​နောက် KNU/KNDO နှင့်ပူး​ပေါင်းတပ်ဖွဲ့ဝင်များကို​တွေ့ရစဥ်။ ။ဓါတ်ပုံ-online Viral)

စခန်းသိမ်းတိုက်ပွဲစခန်းမှူးအပါအဝင်ရဲ ၃ဦးဖမ်းမိ ပြီးရဲသုံးဦးသေ

ကရင်ပြည်နယ် မြ၀တီမြို့နယ် ဝေါ်လေမြို့ရှိ စစ်ကောင်စီ၏ ရဲစခန်းကို ကရင်အမျိုးသား ကာကွယ်ရေးတပ်(KNDO) နှင့် ပူးပေါင်းတပ်များက ယနေ့ ဇွန်လ ၁၃ရက် မနက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ရဲစခန်းမှူးအပါအဝင် ရဲ ၃ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း ကရင်လက်နက်ကိုင် တပ်ဖွဲ့များနှင့် နီးစပ်သည့် ကရင်တိုင်းရင်းသားတစ်ဦးက ပြောသည်။

ဝေါ်လေမြို့ပေါ် စခန်းသိမ်း တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်က စစ်ကူပေးနိုင်ခဲ့ခြင်းမရှိဟု ကရင်အမျိုးသားအစည်းအရုံး(KNU) သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

(စခန်းသိမ်းပြီး​နောက် KNU/KNDO နှင့်ပူး​ပေါင်းတပ်ဖွဲ့ဝင်များကို​တွေ့ရစဥ်။ ။ဓါတ်ပုံ-online Viral)
(စခန်းသိမ်းပြီး​နောက် KNU/KNDO နှင့်ပူး​ပေါင်းတပ်ဖွဲ့ဝင်များကို​တွေ့ရစဥ်။ ။ဓါတ်ပုံ-online Viral)

“ရန်သူဘက်ကလည်း စခန်းတစ်ခုနဲ့ တစ်ခုကလည်း ဘယ်လိုပြောရမလဲ အပြင်မထွက်ရဲဘူးလေ။ မထွက်ရဲတဲ့အခါကျတော့ ကျွန်တော်တို့ဘက်က အလစ်အငိုက် စီးနင်းတိုက်ခိုက်တဲ့သဘောပါပဲ” ဟု ၎င်းက ဆိုသည်။

အကယ်၍ စစ်ကူလာပါကလည်း လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများမည်ဟု KNU သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

“ဝေါလေ က ရဲစခန်းကို ဝေါလေဗျုဟာမှုးထိုင်တဲ့စခန်းကနေ မိနစ်အနည်းငယ်အတွင်းမှာပဲ သွားလို့ရတယ်။ဗျုဟာကုန်းမှာ ဗျုဟာမှုးဦးစီး ၁၂၀ (၂ )လက် နဲ့ အမြောက်တပ်ခွဲ တစ်ခွဲ ဆေး ဆက်သွယ်ရေး BE တပ်စု ခြေလျင်က ဒုတပ်ရင်းမှုးဦးစီး စစ်ကြောင်း ၁ ကြောင်း စတဲ့ အားလုံးပေါင်း အနည်းဆုံးအင်အား ၅၀ ခန့်လောက်ရှိတယ်။ အဲ့လိုလက်နက်ရော လူရော ထိုက်သင့်သလောက် ရှိတဲ့ စခန်းကြီးကနေ စစ်ကူတောင်မလွှတ်နိုင်ပဲလက်နက်ကြီးပစ်ကူအနည်းငယ် လောက်ပဲပစ်ပေးနိုင်တယ်။အဲလို စခန်းကြီးနားမှာ KNDO တပ်ဖွဲ့တွေက အေးဆေးစခန်းသိမ်း ဓာတ်ပုံရိုက်သွားနိုင်ခဲ့တယ်။အခြေအနေတွေကို ရုတ်တရက် စဉ်စားမိလိုက်တာကတော့ ကရင်ပြည်နယ်အတွင်းက တပ်စခန်းတွေ စခန်းအတွင်းအပြင်တောင်မထွက်ရဲတော့ဘူး။စခန်းတွင်းမှာနေပြီး ရှိသမျှနဲ့စားပြီး လာအတိုက်ခံရမယ့် အချိန်ကို စောင့်နေတဲ့ပုံစံဖြစ်သွားပြီ”ဟု CDM ဗိုလ်ကြီးလင်းထက်​အောင်ကလည်းသုံးသပ်​ရေးသားထားသည်။

(စခန်းသိမ်းပြီး​နောက် KNU/KNDO နှင့်ပူး​ပေါင်းတပ်ဖွဲ့ဝင်များကို​တွေ့ရစဥ်။ ။ဓါတ်ပုံ-online Viral)
(စခန်းသိမ်းပြီး​နောက် KNU/KNDO နှင့်ပူး​ပေါင်းတပ်ဖွဲ့ဝင်များကို​တွေ့ရစဥ်။ ။ဓါတ်ပုံ-online Viral)

ကရင်လက်နက်ကိုင်အဖွဲ့များနှင့်နီးစပ်​သောသတင်းရင်းမြစ်က“နောက်ဆုံးသိရတာကတော့ ရဲစခန်းမှူးနဲ့ ရဲ ၂ယောက်ကို ဖမ်းသွားတယ်။ အချုပ်သားတွေကို ခေါ်သွားတယ်။ ရဲ ၂ယောက်သေတယ်ပြောတယ်။ အချုပ်သားဆိုတာ ဝေါ်လေ အချုပ်မှာ ဖမ်းထားတဲ့ သူတွေပေါ့” ဟုပြောသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် ၆၀ မမ လက်နက်ကြီး တစ်လက်နှင့် လက်နက်ငယ် ၃လက် ရရှိခဲ့ကြောင်း ကနဦးသတင်း ရရှိထားသည်ဟုသိရသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။