Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးတပ်ဖွဲ့များကို စစ်​ကောင်စီတပ်အနိုင်မရနိုင်ကြောင်းကန်နိုင်ငံခြားရေးအတိုင်ပင်ခံ ပြော

“ဒီကနေ့ လက်တွေ့ကျကျတွေးကြည့်ရင် သူတို့(စစ်ကောင်စီ) ဘယ်လိုနိုင်နိုင်မလဲဆိုတာကို မြင်တွေ့ရဖို့ ခက်ခဲပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ရှိုလက်က ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ရှိုလက်
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ရှိုလက်

စစ်အာဏာရှင်အုပ်ချုပ်မှုကို တိုက်ခိုက်ဆန့်ကျင်နေသော တော်လှန်ရေးတပ်ဖွဲ့များကို မြန်မာစစ်ကောင်စီက အနိုင်ရနိုင်ဖွယ်မရှိဘဲ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားသင့်ကြောင်း အမေရိကန် အကြီးတန်းသံတမန်က ပြောကြားသည်။

“ဒီကနေ့ လက်တွေ့ကျကျတွေးကြည့်ရင် သူတို့(စစ်ကောင်စီ) ဘယ်လိုနိုင်နိုင်မလဲဆိုတာကို မြင်တွေ့ရဖို့ ခက်ခဲပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ရှိုလက်က ပြောပါတယ်။

ဆက်လက်ပြီး “သူတို့(စစ်ကောင်စီ)ထိန်းချုပ်နယ်မြေတွေဆုံးရှုံးနေတယ်။ သူတို့စစ်တပ်ဟာ ဆိုးဆိုးရွားရွားအရှုံးတွေနဲ့ ရင်ဆိုင်နေရတယ်” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့်သောကြာနေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် Reuters နဲ့ အခြားသတင်းထောက် တစ်ဦးတို့နှင့် ဒဲရက်ရှိုလက်တို့တွေ့ဆုံစဉ် မြန်မာစစ်တပ်သည် နိုင်ငံတကာ၌သာမက ပြည်တွင်း၌လည်း အ ထီးကျန်ဖြစ်လာနေပြီး တိုက်ခိုက်မှုများကို ရပ်တန့်ကာ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်သွားသင့်ကြောင်း ပြောကြားခဲ့သည်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းမှုကို ပြင်းထန်စွာ ရှုတ်ချထားသည့် အမေရိကန်သည် အာဏာသိမ်း စစ်ခေါင်းဆောင်များနှင့်ပါဝင်ပတ်သက်သူများကိုဒဏ်ခတ်အရေးယှုများပြုလုပ်ထားပြီး မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံနှင့် စင်ကာပူ၊ အင်ဒိုနီရှား၊မလေးရှားစသည့်နိုင်ငံများနှင့်ပူးပေါင်းလုပ်ဆောင်နေကြောင်း ပြောသည်။

ထို့အပြင် တရုတ်သည် မြန်မာ့အရေးအဖြေရှာရေးတွင်အစိတ်အပိုင်းတစ်ခုဖြစ်နိုင်သည်ဟု မျှော် လင့်ထားကြောင်း အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံက ပြောသည်။

Ref : Reuters

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။