Connect with us

Hi, what are you looking for?

သတင်း

မြောင်မြို့နယ်သို့ရောက်နေသော စစ်ကောင်စီတပ် တစ်ရက်အတွင်း သုံးကြိမ်တိုက်ခိုက်ခံရ၊ ၁၀ဦးခန့်သေ

မြစ်အရှေ့ဘက်ခြမ်းစစ်ကြောင်းမှ စစ်ကောင်စီတပ်များ ဆင်ချောင်းရွာသက်ပင်အောက်၌ရှိနေစဥ် ယင်းနေ့နံနက် ၈ နာရီခန့်တွင် PDF ပူးပေါင်းအဖွဲ့မှ အီဂါနာတစ်လုံးပစ်ချခဲ့ရာ စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးကြောင်း ဖော်ပြသည်။

မြောင်နယ် ဧရာဝတီမြစ်ကြောင်းအနီး ကျေးရွာများကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှုများကျူးလွန်ခဲ့သည်(ပုံဟောင်း)
မြောင်နယ် ဧရာဝတီမြစ်ကြောင်းအနီး ကျေးရွာများကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှုများကျူးလွန်ခဲ့သည်(ပုံဟောင်း)

မြောင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက်စစ်ကောင်စီတပ်ကို တစ်ရက်အတွင်း သုံးကြိမ်တိုက်ခိုက်ခဲ့ရာ စစ်​ကောင်စီတပ်သား ၁၀ဦးသေဆုံးကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့(CDSOM)က ထုတ်ပြန်သည်။

ယမန်နေ့(ဇွန် ၁၂)နံနက် ၄နာရီခွဲက ဧရာဝတီမြစ်အောက်ဘက်၊ မြေတော်ရွာဘက်သို့ စက်မနှိုးဘဲ စက်လှေဖြင့် တိတ်တဆိတ်စုန်ဆင်းလာသော စစ်ကောင်စီတပ်ကို CDSOM ၊ PDF – Taloke ၊ နှလုံးလှလူမိုက်ကြီးများအဖွဲ့အပါဝင် မဟာမိတ် ၁၄ ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

စစ်ကောင်စီတပ်များသည် ဧရာဝတီမြစ် အနောက်ဘက် ပန်းညိုရွာဘက်တွင် စစ်ကြောင်းတစ်ကြောင်းထားရှိပြီး မြစ်အရှေ့ဘက်မှ ခိုးယူလုယက်လာသောပစ္စည်းများကို စစ်ကြောင်းတစ်ကြောင်းက သယ်ယူပေးခြင်း၊ မြစ်ကြောင်းအတွင်းသွားလာသော ပြည်သူပိုင်လှေများကို ဆပ်ကြေးကောက်ခြင်းတို့ကို ကျူးလွန်ကြကြောင်း ထုတ်ပြန်သည်။

အဆိုပါ မြစ်အရှေ့ဘက်ခြမ်းစစ်ကြောင်းမှ စစ်ကောင်စီတပ်များ ဆင်ချောင်းရွာသက်ပင်အောက်၌ရှိနေစဥ် ယင်းနေ့နံနက် ၈ နာရီခန့်တွင် PDF ပူးပေါင်းအဖွဲ့မှ အီဂါနာတစ်လုံးပစ်ချခဲ့ရာ စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အလားတူ ညောင်တိုရွာအုပ်ချုပ်ရေးမှူးအိမ်၌ စုဝေးနေသော စစ်ကောင်စီတပ်ကို ယမန်နေ့ နံနက် ၈ နာရီခွဲတွင် အီဂါနာဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အုပ်ချုပ်ရေးမှူး ဝင်းလွင်နှင့် ပျူစောထီးနှစ်ဦးအပါအဝင် ခုနစ်ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။ ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ ဗိုလ်အဆင့်ရှိသူတစ်ဦး သေဆုံးခဲ့သည်။

ယင်းနောက် အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ(၆၀) မမအပါအဝင် လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ PDFပူးပေါင်းတိုက်မှ စနိုက်ဘာဖြင့် ပြန်လည်ပစ်ခတ်ရာ စစ်ကောင်စီတပ်သားတစ်ဦး ထပ်မံသေဆုံးပြီး ယမန်နေ့တစ်ရက်ထဲ စစ်ကောင်စီဘက်မှ ၁၀ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

“လူသားဒိုင်းအဖြစ် ပြည်သူများက်ို ခေါ်ဆောင် ၍ အုပ်စုဖွဲ့ နေကြသောကြောင့် ပြည်သူများအားထိခိုက်မှုမရှိစေရန်အလို့ငှာ ကျွန်တော်တို့တပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာခဲ့ကြသည်”ဟု CDSOM မှ ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook