Connect with us

Hi, what are you looking for?

သတင်း

ပခန်းကြီးနယ်​မြေရဲစခန်းမှ ရဲတစ်ဦး ဂျီသရီးတစ်လက်၊ကျည် ၁၀၀ ​တောင့်ဖြင့်ပြည်သူ့ရင်ခွင်ခိုလှုံ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပခန်းကြီးနယ်မြေရဲစခန်းမှ ရဲတပ်သားတစ်ဦး ​သေနတ်တစ်လက်နှင့်ကျည်အများအပြားဖြင့် ပြည်သူ့ရင်ခွင်ခိုလှုံခဲ့ကြောင်း Young Force (UG) အဖွဲ့က သတင်းထုတ်ပြန်သည်။

(ပြည်သူနှင့်ပူး​ပေါင်းခဲ့​သောရဲတပ်ဖွဲ့ဝင်က လက်နက်နှင့်ကျည်များ အပ်နှံစဥ်။ ဓါတ်ပုံ-Young Force UG)
(ပြည်သူနှင့်ပူး​ပေါင်းခဲ့​သောရဲတပ်ဖွဲ့ဝင်က လက်နက်နှင့်ကျည်များ အပ်နှံစဥ်။ ဓါတ်ပုံ-Young Force UG)

ရေစကြိုမြို့နယ်၊ပခန်းကြီးရဲစခန်းမှ ရဲတပ်သားတစ်ဦးသည် စစ်ကောင်စီ၏ လက်အောက်တွင် ဆက်လက်တာဝန် မထမ်းဆောင်လို၍ G3(တစ်လက်)၊ ကျည်ဘောက်(၂)ခု၊ ကျည်အဆံ အတောင့်(၁၀၀)နှင့်အတူ ပြည်သူ့ ရင်ခွင်သို့ ပြည်သူနှင့်အတူခိုလှုံ ပူးပေါင်းခဲ့ကြောင်း ရေစကြိုနယ်အခြေစိုက် Young Force (UG)က အသိပေးသည်။

လတ်တလော လုံခြုံရေးအခြေအနေအရ အဆိုပါရဲတပ်သား၏အမည်နှင့်ကိုယ်ပိုင်အမှတ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ကချန်လှပ်ထားပြီးလွတ်မြောက်နယ်မြေသို့ပို့ဆောင်ထားသည်။

“လမ်းစရိတ် (၁)သိန်းထောက်ပံ့ပေးပြီး ဂုဏ်ပြုငွေကတော့ ထင်တာထက်ပိုများပါမယ်။”ဟု Young Force (UG)က ဆိုသည်။

(ပြည်သူနှင့်ပူး​ပေါင်းခဲ့​သောရဲတပ်ဖွဲ့ဝင်က လက်နက်နှင့်ကျည်များ အပ်နှံစဥ်။ ဓါတ်ပုံ-Young Force UG)
(ပြည်သူနှင့်ပူး​ပေါင်းခဲ့​သောရဲတပ်ဖွဲ့ဝင်က လက်နက်နှင့်ကျည်များ အပ်နှံစဥ်။ ဓါတ်ပုံ-Young Force UG)

ဆက်လက်၍ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံစစ်သားနှင့်ရဲများ CDM ပြုလုပ်မည်ဆိုပါက လုံခြုံရေး အာမခံဖြင့် စိတ်ချရသည့် နေရာများအထိ ပို့ဆောင်ပေးမည်ဖြစ်ပြီးပြည်သူနှင့်အတူပူးပေါင်းမည့် မည်သူ့ကိုမဆို လက်ခံကြိုဆိုကြောင်း Young Force (UG)အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ရေစကြိုမြို့နယ်သည် အကြမ်းဖက်စစ်တပ်အား ခုခံတော်လှန်မှုအားကောင်းရာ ဒေသတစ်ခုဖြစ်ပြီး ဇွန်လ ၉ ရက်နေ့က ရေစကြို-ချောင်းဦးလမ်းပေါ်ရှိ ဆင်ဖြူရှင်တံတားဂိတ်(စစ်ကိုင်းတိုင်းဘက်ခြမ်း) တိုက်ခိုက်ခံရကာ အကြမ်းဖက်အုပ်စုဝင် ၃ ဦးသေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ မုဒိမ်းမှု စွပ်စွဲချက် တစ်ခုနဲ့ ဆက်စပ်ပြီး ရဲစခန်းတစ်ခုက ရဲဝန်ထမ်းနဲ့ တခြားအမှုထမ်း ၇၈ ဦးစလုံးကို လုပ်ငန်းတာဝန်ကနေ ဆိုင်းငံ့ထားလိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲစခန်းတစ်ခု ပစ်ခတ်ခံရတဲ့နောက် လုံခြုံရေး တိုးမြှင့်ထားသလို အနီးမှာရှိတဲ့ ကျောင်းတစ်ကျောင်းကိုလည်း ပိတ်ထားရပါတယ်။

သတင်း

ဒုတိယ ကမ္ဘာစစ်မှာ နာမည်ဆိုးနဲ့ အထူးကျော်ကြားခဲ့တဲ့ နာဇီ ခေါင်းဆောင်ကြီး အဒေါ့ဖ်ဟစ်တလာ မွေးဖွားခဲ့တဲ့ နေရာဟာ အခုတော့ ရဲစခန်းတစ်ခု ဖြစ်လာခဲ့ပါပြီ။

သတင်း

မွန်ပြည်နယ်၊ရေးမြို့နယ်၊ လမိုင်းမြို့ရဲစခန်းအနီး တိုက်ခိုက်မှုအတွင်း အမှတ်(၁၀၆)ခြေလျင်တပ်ရင်းရဲ့ ဒုတပ်ရင်းမှူး သေဆုံးခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။