Connect with us

Hi, what are you looking for?

သတင်း

သရက်ခရိုင် စုပေါင်းရုံးကို ဗုံးပစ်တိုက်ခိုက်

“ပြည်သူဘက်သို့ ရပ်တည်သည့် ပြည်သူ့ဘက် တော်သားများနှင့် မိဘပြည်သူများ၏ ပူးပေါင်း ကူညီမှုများနှင့်အတူ ဆောင်ရွက်ပြုလုပ်နိုင်ခဲ့ပြီး နောက်ဆက်တွဲ Updated သတင်းများကို ဆက်လက် အတည်ပြု သတင်းထုတ်ပြန်ပေးသွားပါမည်”ဟု သရက် PDF က ပြောသည်။

(သရက်-ကံမ ပူးပေါင်းတပ်များ ပူးပေါင်းစစ်ရေးလေ့ကျင့်နေစဥ်)
(သရက်-ကံမ ပူးပေါင်းတပ်များ ပူးပေါင်းစစ်ရေးလေ့ကျင့်နေစဥ်)

မကွေးတိုင်း၊ သရက်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ ခရိုင်စုပေါင်းရုံးဝန်းအတွင်း ဗုံးပစ်တိုက်ခိုက်ခဲ့ကြောင်း People’s Defence Force – Thayet က ယနေ့(ဇွန် ၁၃)ထုတ်ပြန်သည်။

ယနေ့နေ့လယ် ၁၂ နာရီ ၁၅ ခန့်က သရက်မြို့ ခရိုင်စုပေါင်းရုံးဝန်း၊ ထွေအုပ်ရုံးနောက်ဘက်ဝန်းအတွင်းသို့ သရက်-ကံမ ပူးပေါင်းတပ် (လင်းယုန်စစ်ဆင်ရေးအဖွဲ့)က ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

“ပြည်သူဘက်သို့ ရပ်တည်သည့် ပြည်သူ့ဘက် တော်သားများနှင့် မိဘပြည်သူများ၏ ပူးပေါင်း ကူညီမှုများနှင့်အတူ ဆောင်ရွက်ပြုလုပ်နိုင်ခဲ့ပြီး နောက်ဆက်တွဲ Updated သတင်းများကို ဆက်လက် အတည်ပြု သတင်းထုတ်ပြန်ပေးသွားပါမည်”ဟု သရက် PDF က ပြောသည်။

Public Service Announcement

၎င်းတို့အနေဖြင့် စစ်ကောင်စီ၏ အဓိကယန္တရားဖြစ်သော စစ်ရေးပစ်မှတ်များ၊ အုပ်ချုပ်ရေးရုံးများနှင့် စစ်ကောက်စီ ထောက်တိုင်များကိုသာ မိမိတို့အဖွဲ့က မူဝါဒများနှင့်အညီ အဓိကပစ်မှတ်ထား တိုက်ခိုက်သွားမည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အများပြည်သူဆိုင်ရာ ကျောင်းများ၊ ဆေးရုံများ၊ ဈေးများ အစရှိသည်တို့ကို လုံးဝ တိုက်ခိုက်ခြင်းပြုမည်မဟုတ်ကြောင်းလည်း အသိပေးထားသည်။

သရက်-ကံမပူးပေါင်းတပ်(လင်းယုန်စစ်ဆင် ရေးအဖွဲ့)သည် ဇွန်လ ၆ ရက်နေ့ညပိုင်းကလည်း သရက်မြို့နယ် လျှပ်စစ်ဓာတ်အားပေးရုံး(EPC)ကို ဗုံးခွဲတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊သရက်မြို့နယ်က စစ်ကောင်စီရဲ့ အမှတ်(၁၂)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၁၂)စည်းရိုးဖြစ်တဲ့ဆင်ကော်တပ်စခန်းကို တော်လှန် ရေးတပ်ဖွဲ့တွေ ပိတ်ဆို့တိုက်ခိုက်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ဖားကန့်မြို့တွင်စစ်ရေးတင်းမာနေစဉ်ယနေ့(စက်တင်ဘာ ၉ရက်)နေ့လယ်ပိုင်းက မှော်ဝမ်းရပ်ကွက်ရှိ ရွှေဆိုင်တဆိုင် ဓားပြတိုက်ခံရမှုဖြစ်ပွားခဲ့သည်။

သတင်း

မကွေးတိုင်း၊ ချောက်မြို့ရှိ စစ်ကောင်စီလက် အောက်ခံ မြို့နယ်လျှပ်စစ်မန်နေဂျာရုံး(EPC)ကို လက်ပစ်ဗုံးပစ်သွင်း၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ချောက်မြို့ပြပြောက်ကျားတပ်ဖွဲ့ (CGF)တာဝန်ခံ Ko Paingက လူထုနွေဦးသို့ ပြောသည်။

သတင်း

တရားရုံးအခန်းရှေ့မျက်နှာစာတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ခရိုင် တရားသူကြီးအမျိုးသမီး၏ မျက်စိထိမှန်ကာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ကိုအောင် ပြောသည်။