Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့တွင် စစ်ကောင်စီတပ်အား လှည့်ကွက်ဖြင့်ဟန်ပြမိုင်းထောင် ဖောက်ခွဲတိုက်ခိုက်ရာ နှစ်ဦးသေ

အဆိုပါစစ်ဆင်ရေးအား DRPAမှ မုံရွာမြို့ပြပြောက်ကျားရဲဘော်များ၊M.A.C.T
ထောက်ပို့တပ်၊ Monywa Night King မဟာမိတ်တပ်ပေါင်းစုတို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း အသိပေးထားသည်။

မုံရွာမြို့
မုံရွာမြို့

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်အား လှည့်ကွက်ဖြင့်ဟန်ပြမိုင်းထောင်၍ ​ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားနှစ်ဦး သေဆုံးနိုင်ကြောင်း အာဏာရှင်တော်လှန်‌ရေးပြည်သူ့တပ်မတော် (DRPA)က သတင်းထုတ်ပြန်သည်။

“ဇီးကွက်စစ်ဆင်ရေး”ဟု အမည်ပေးထားသည့် ထိုစစ်ဆင်ရေးအား ယနေ့(ဇွန်လ ၁၃) နံနက် ၄နာရီမိနစ်၄၀ခန့်တွင် မုံရွာမြို့၊ ထန်းတောရပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖြတ်သန်းလေ့ရှိသော ရွှေဝါရောင်လမ်းတွင် ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါလမ်းတွင် မြင်သာထင်သာရှိစေရန်မိုင်းထောင်ထားပြီး ‌စစ်ကောင်စီတပ်အဖွဲ့ဝင်များက မိုင်းကိုတွေ့၍ လာရောက်ရှင်းလင်းစဉ် မိုင်းအားဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း၊ မိုင်းလာရောက်ရှင်းလင်းသည့် စစ်ကောင်စီအဖွဲ့ဝင်နှစ်ဦး မိုင်းထိမှန်သေဆုံးကာ ကျန်အဖွဲ့ဝင်အချို့ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း DRPAက ထုတ်ပြန်သည်။

Public Service Announcement

“အဲဒီလမ်းထဲမှာ အရပ်ဝတ်တွေနဲ့ လှူပ်ရှားနေတဲ့သူတွေရဲ့ ​နေအိမ်ရှိတယ်ဗျ။ အမြဲတမ်းလိုလို သူတို့ရပ်ကွက်လိုဖြစ်နေတာ။ ကျွန်တော်တို့က ခါတိုင်းလို သမရိုးကျ ထောင်ထားခဲ့တာတော့မဟုတ်ဘူး။ သမရိုးကျထောင်ခဲ့ရင် ပြည်သူတွေထိမှာစိုးလို့ သူတို့တမင်မြင်အောင်ကို ထောင်ခဲ့တာ။ မြင်သွားတော့လာရှင်းတာ။ လာရှင်းတဲ့အချိန် ကျွန်တော်တို့က နဂိုကတည်းက စီစဥ်ထားတဲ့အတွက် နည်းနည်းလေးကြွလိုက်တာနဲ့တင် ကွဲတာ။ မိုင်းလာရှင်းတဲ့တပ်သားနှစ်ယောက်တော့ သေချာပေါက် ကျဆုံးမယ်။ လှည့်ကွက်အနေနဲ့ ခွင်ဆင်ခဲ့တာ။ မနေ့ညကတည်းက ထောင်ခဲ့တာ ခုမနက်ငါးနာရီလောက်ကျမှ လာဖြုတ်တာ။ ဘေးလူတွေတော့မထိဘူး။”ဟု DRPA တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါစစ်ဆင်ရေးအား DRPAမှ မုံရွာမြို့ပြပြောက်ကျားရဲဘော်များ၊M.A.C.T
ထောက်ပို့တပ်၊ Monywa Night King မဟာမိတ်တပ်ပေါင်းစုတို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း အသိပေးထားသည်။

မုံရွာမြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်အား ဒေသတွင်းမြို့ပြပြောက်ကျားအဖွဲ့များက မကြာခဏ ပြောက်ကျားတိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook