Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တန့်ကြည့်​တောင်အ​နောက်ဘက်ရှိရွာသုံးရွာကို စစ်​ကောင်စီတပ်မီးရှို့ သဖြင့် အိမ်​ခြေ ၁၇၀​ကျော်ဆုံးရှုံး

စစ်တပ်သည် ဇွန်လ၁၀ရက်နံနက်ပိုင်းကပခုက္ကူမြို့နယ်၊ တန့်ကြည့်တောင်အနောက်ဘက်ရှိ ဒဲ့ပြား၊အရှေ့ကမ်းဖြူ၊တောင်ပါးလူ အစရှိသည့် ကျေးရွာ ရွာ၃ရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းဒေသခံများကပြောသည်။

(အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခံရ​သော ပြည်သူများ၏​နေအိမ်များ။ ဓါတ်ပုံ-CJ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ တန့်ကြည့်တောင်အနောက်ဘက်ရှိ ရွာ ၃ ရွာအားစစ်​ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သဖြင့် ၃ ရွာပေါင်း အိမ်ခြေ ၁၇၀ ကျော် မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်။

စစ်တပ်သည် ဇွန်လ၁၀ရက်နံနက်ပိုင်းကပခုက္ကူမြို့နယ်၊ တန့်ကြည့်တောင်အနောက်ဘက်ရှိ ဒဲ့ပြား၊အရှေ့ကမ်းဖြူ၊ တောင်ပါးလူ အစရှိသည့် ကျေးရွာ ရွာ၃ရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းဒေသခံများကပြောသည်။

ဒဲ့ပြားရွာ ၁၃အိမ်၊ အရှေ့ကမ်းဖြူ အိမ်၃၀ကျော်၊ တောင်ပါးလူ ၁၃၀ကျော် စုစုပေါင်း ၁၇၀ ကျော် ပျက်စီးဆုံးရှုံးခဲ့သည်ဟုဒေသခံများက ပြောသည်။

Public Service Announcement

အဆိုပါကျေးရွာ၃ရွာအပြင် အနီးတစ်ဝိုက်ကျေးရွာများမှ ပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီးလူဦးရေရာနှင့်ချီ အခက်အခဲကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

(အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခံရ​သော ပြည်သူများ၏​နေအိမ်များ။ ဓါတ်ပုံ-CJ)
(အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခံရ​သော ပြည်သူများ၏​နေအိမ်များ။ ဓါတ်ပုံ-CJ)

ဇွန်လ ၇ ရက်​နေ့က တန့်ကြည့်တောင်ဒေသသို့ဘုရားဖူးလာသည့် ကားတစ်စီးပစ်ခတ်ခံခဲ့ရပြီးအမျိုးသားကြီးတစ်ဦး သေဆုံးခဲ့သည်။ဒေသတွင်းရှိPDF များကအဆိုပါပစ်ခတ်မှုကိုပြုလုပ်ခြင်းမရှိဘဲ စစ်​ကောင်စီတပ်က ပြည်သူများနှင့်PDF အထင်အမြင်လွဲ​စေရန် ကျူးလွန်ခြင်းဖြစ်နိုင်​ကြောင်းထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းခံရမှုတွင် မကွေးတိုင်းသည် ဒုတိယအများဆုံးဖြစ်ပြီး အာဏာသိမ်းချိန်မှ မေလကုန်အထိ အိမ်ပေါင်း ၃၀၅၅ လုံး မီးလောင်ဆုံးရှုံးခဲ့သည်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။