Connect with us

Hi, what are you looking for?

News

ထီရိရွာမှ စစ်ကော်စီတပ်ဂိတ်စခန်းကို ကရင်နီပူးပေါင်းတပ် တိုက်ခိုက် ဗိုလ်မှူးတစ်ဦးအပါအဝင် ၅ဦးဖမ်းမိ

ကရင်နီဒေသ ဘောလခဲနှင့် ဖရူဆိုကြား၌လည်း ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း တိုက်ပွဲများပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့ပြီး စစ်ကောင် စီယာဉ်များလည်း ပျက်စီးခဲ့သည်။

(ဖမ်းဆီးရမိ​သော စစ်​ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်သား ၅ ဦးနှင့် သိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းများ ။ ဓါတ်ပုံ-KNIC)

▪️စစ်ကောင်စီတပ် ၃၀ခန့်သေပြီး အရှင်ဖမ်းမိသူနှင့် လက်နက်ခဲယမ်းများလည်းရရှိဟု KNDF တာဝန်ရှိသူပြော

ရှမ်း- ကယား(ကရင်နီ)နယ်စပ်မိုးဗြဲအင်းအ​ရှေ့ဘက်ရှိစစ်ကောင်စီတပ်စွဲထား​သောထီရိရွာဂိတ်ကို ကရင်နီပူးပေါင်းတပ်ဖွဲ့က ယနေ့နံနက်တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှသေဆုံးထိခိုက်မှုများပြီး ဗိုလ်မှူးအပါအဝင် ငါးဦးကိုဖမ်းဆီးနိုင်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာ ကွယ်ရေးတပ်(KNDF) တာဝန်ရှိသူတစ်ဦးက ပြော သည်။

မေ ၁၂ရက် နံနက်က ဖယ်ခုံမြို့နယ် ထီရိရွာရှိ စစ်ကောင်စီတပ် ဂိတ်စခန်းကို KNDF တပ်ရင်း(၃)နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ ​ဗိုလ်မှူးတစ်ဦးအပါအဝင်ငါးဦးဖမ်းမိခြင်းဖြစ်သည်ဟု ကရင်နီ​ဒေသတွင်းမီဒီယာဖြစ်​သော KNIC ကလည်းသတင်း​ဖော်ပြသည်။

(ဖမ်းဆီးရမိ​သော စစ်​ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်သား ၅ ဦးနှင့် သိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းများ ။ ဓါတ်ပုံ-KNIC)

အ​မြောက် ၊စက်လက်များအပါအဝင်အနည်းဆုံး ​သေနတ် ၁၃ လက်၊ အာပီဂျီများ နှင့် ခဲယမ်းများစွာကို ကရင်နီပူး​ပေါင်းတပ်ဖွဲ့များက သိမ်းဆည်းနိုင်ခဲ့သည်ကို​ သတင်းဓါတ်ပုံတွင်တွေ့ရသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

“ကျွန်တော်ကြားရတာက စစ်ကောင်စီက ၃၀လောက်ကျတယ်လို့ပြောတယ်။ နောက်အရှင်ဖမ်းရတာလည်းရှိတယ်။ လက်နက်လည်း သိမ်းဆည်းရမိတယ်တဲ့။ ဘယ်နှစ်လက် ဘယ်နှစ်ယောက်လောက် ဖမ်းမိတယ်ဆိုတာတော့အတိအကျ မသိရသေးဘူး”ဟု KNDF တာဝန်ရှိသူက ပြောသည်။

(ဖမ်းဆီးရမိ​သော စစ်​ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်သား ၅ ဦးနှင့် သိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းများ ။ ဓါတ်ပုံ-KNIC)

ကရင်နီဒေသ ဘောလခဲနှင့် ဖရူဆိုကြား၌လည်း ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း တိုက်ပွဲများပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့ပြီး စစ်ကောင် စီယာဉ်များလည်း ပျက်စီးခဲ့သည်။

ကရင်နီဒေသနှင့် ရှမ်း-ကယား နယ်စပ်တွင် စစ်ကောင်စီတပ်များကို ကရင်နီတပ်မတော်(KA)၊ KNDF၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် အခြားတော်လှန် ရေးအင်အားစုများစုပေါင်း၍ ခုခံတိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးဖြစ်သလို ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)ရဲ့ဥက္ကဋ္ဌ၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အထွေထွေအတွင်းရေးမှူး စတဲ့ တာဝန်တွေယူထားတဲ့ ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း၊ကောင်းရာသုဂတိမှာငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ​ကြောင်း SCEFကထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook