Connect with us

Hi, what are you looking for?

News

ရေလယ်ကျွန်းတိုက်ပွဲတွင် စစ်သား ၂ဦး​သေ၊ ၂ဦးဒဏ်ရာရ

ရေလယ်ကျွန်းဒေသတွင် အကြမ်းဖက်စစ်တပ်က မေလ၇ ရက်နေ့မှစတင်ကာ ကျေးရွာ၁၀ရွာမှ နေအိမ်အလုံး ၆၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ရွှေငွေနှင့်အဖိုးတန်ပစ္စည်းများ အဓမ္မသိမ်းဆည်းသွားကြောင်း ဒေသခံများက ပြောသည်။

(ရေလယ်ကျွန်းဒေသတွင် အကြမ်းဖက်စစ်ကောင်စီအား ခုခံတိုက်ခိုက်နေသည့် မြင်းခြံအခြေစိုက်MG6ပြောက်ကျား တပ်ဖွဲ့ဝင်နှစ်ဦးအား တွေ့ရစဥ်။ ဓါတ်ပုံ-MG6)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသတွင် အကြမ်းဖက်စစ်တပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များထိပ်တိုက်တွေ့ ပစ်ခတ်ခဲ့ရာ အကြမ်းဖက်စစ်တပ်ဘက်မှ နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိကြောင်း ​ရေစကြို (Yesagyo) PDFက သတင်းထုတ်ပြန်သည်။

ယနေ့ (မေလ ၁၂ ရက်နေ့) နံနက် ၉နာရီခွဲ ၀န်းကျင်က မကွေးတိုင်း၊ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသရှိ သောင်အရှေ့ကျေးရွာ၌ အကြမ်းဖက်စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိပ်တိုက်တွေ့ဆုံတိုက်ပွဲဖြစ်ပွားခဲ့ကြသည်။

မိနစ်အနည်းငယ်ကြာအောင် အနီးကပ်ထိတွေ့မှူဖြစ်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့သည်ဟုသိရသည်။

အဆိုပါတိုက်ပွဲတွင် မဟာမိတ်ညီနောင် KNT ပြောက်ကျားတပ်နှင့်ပူးပေါင်း၍ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြပြီး အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာ ရရှိသွားကြောင်း ​ရေရကြို PDFက ပြောသည်။

Public Service Announcement

Public Service Announcement

“လက်နက်ကောက်ဖို့ အပြင်းထန်ကြိုးစားခဲ့ကြပေမယ့် အင်အားမမျှတတာကြောင့် ဆုတ်ခဲ့ရပြီး PDF များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်။”ဟု​ရေစကြို PDFက ပြောသည်။

ရေလယ်ကျွန်းဒေသတွင် အကြမ်းဖက်စစ်တပ်က မေလ၇ ရက်နေ့မှစတင်ကာ ကျေးရွာ၁၀ရွာမှ နေအိမ်အလုံး ၆၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ရွှေငွေနှင့်အဖိုးတန်ပစ္စည်းများ အဓမ္မသိမ်းဆည်းသွားကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။