Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ် ၂၅ဦး​သေပြီး ဖရူဆိုမြို့နယ်တိုက်ပွဲမှရရှိ​သော လက်နက်ခဲယမ်းအချို့ကို KNDF B-16ထုတ်ပြန်

​မေ ၇ ရက်နံနက်ပိုင်းတိုက်ပွဲတွင် အကြမ်းဖက်စစစ်​ကောင်စီ ဘက်မှ လက်နက်ခဲယမ်းအချို့ သိမ်းဆီးရမိခဲ့​ကြောင်းလည်းထုတ်ပြန်ရာ စက်လက်တစ်လက် ၊RPG ၁လက် ၊ ပစ္စတိုတစ်လက်အပါအဝင် ​သေနတ် ၁၁ လက်၊ ဗုံးသီးများ၊ခဲယမ်းမျိုးစုံနှင့်စစ်ဘက်အသုံးအ​ဆောင်များသိမ်းဆည်းနိုင်ခဲ့သည်ကို ​တွေ့ရသည်။

(KNDF တပ်ရင်း ၁၆ မှသိမ်းဆီးရမိသောလက်နက်ခဲယမ်းအချို့။ ​မေ ၇ ရက် ဪနံနက်တိုက်ပွဲတွင် သိမ်းဆည်းရမိ​သော ​သေနတ် ၁၁ လက်အပါအဝင်လက်နက်ခဲယမ်းများကိုလည်း KNDF-B14 ကသီးခြားထုတ်ပြန်ပြီးဖြစ်သည်။ ဓါတ်ပုံ-KNDF- B 16)

​ကရင်နီပြည်နယ် ဘောလခဲမြို့မှ ထွက်ခွာလာသော အကြမ်းဖက်စစ်​ကောင်စီတပ်၏ယာဉ်တန်းကို ​​မေလ ၇ ရက်ကဖရူဆိုမြို့နယ် လောကျေခူ ကျေးရွာအရောက်တွင် KNDF တပ်ရင်းနှစ်ရင်းနှင့်KA တို့ကပူး​ပေါင်းတိုက်ခိုက်ပြီး စစ်ကူလာ​သောစစ်​ကောင်စီတပ်ကိုပါထပ်မံတိုက်ခိုက်ရာ အနည်းဆုံးစစ်သား ၂၅ ဦး​သေဆုံးပြီး ၂ ဦးကို အရှင်ဖမ်းဆီးနိုင်ခဲကြောင်း ကထုတ်ပြန်ထားသည်။

​မေလ ၇ ရက်နံနက် ၈ နာရီခွဲတွင် စစ်​ကောင်စီတပ်၏ စစ်ကား အစီး ၂၀ ​ကျော်ပါယာဥ်တန်းကို KNDFB-04၊ KNDF B-15 နှင့် KA တို့ကပူးပေါင်း၍ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နှစ်နာရီကြာမြင်ခဲ့သည်။တိုက်ပွဲအတွင်း စစ်ယာဉ်တန်းမှ ကားလေးစီး မီးရှို့ဖျက်စီးနိုင်ခဲ့ပြီး ၎င်းကားလေးစီးပေါ်ပါလာတဲ့ စစ်သား ၁၅ ဦးစလုံးသေဆုံးသွားသည်ကိုအတည်ပြုရခဲ့​ကြောင်း​ဖော်ပြထားသည်။

(KNDF တပ်ရင်း ၁၆ မှသိမ်းဆီးရမိသောလက်နက်ခဲယမ်းအချို့။ ​မေ ၇ ရက် ဪနံနက်တိုက်ပွဲတွင် သိမ်းဆည်းရမိ​သော ​သေနတ် ၁၁ လက်အပါအဝင်လက်နက်ခဲယမ်းများကိုလည်း KNDF-B14 ကသီးခြားထုတ်ပြန်ပြီးဖြစ်သည်။ ဓါတ်ပုံ-KNDF- B 16)

ထိုတိုက်ပွဲအတွင်း ပူး​ပေါင်းတပ်ဖက်မှ KNDF-B04 မှ ရဲဘော်တစ်ဦးဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သည်။

​မေ ၇ ရက်နံနက်တွင်စစ်​ကောင်စီစီ ယာဥ်တန်းအတိုက်ခံရပြီးအထိနာ​နေသဖြင့် နေ့ခင်းပိုင်း ၁၁နာရီ ၁၀ မီနစ်ချိန်တွင် တိုက်ပွဲဖြစ်ပွားရာ‌နေရာသို့ စစ်ကူရန် အကြမ်းဖက်စစ်တပ်မှ ထပ်မံရောက်ရှိလာရာ ပူး​ပေါင်းတပ်နှင့်ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်​ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေဆုံးသည်ကို အတည်ပြုနိုင်ခဲ့ပြီး၂ ဦးကို အရှင်ဖမ်းမိခဲ့​ကြောင်းလည်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ပွဲမှ သိမ်းဆည်းရမိ​သော လက်နက်ခဲယမ်းများနှင့် စစ်ဘက်အသုံးအ​ဆောင်များကို KNDF B-16 က ယ​နေ့ (​မေလ ၁၂ )ရက်တွင်ထပ်မံ ထုတ်ပြန်လိုက်သည်။

(KNDF တပ်ရင်း ၁၆ မှသိမ်းဆီးရမိသောလက်နက်ခဲယမ်းအချို့။ ​မေ ၇ ရက် ဪနံနက်တိုက်ပွဲတွင် သိမ်းဆည်းရမိ​သော ​သေနတ် ၁၁ လက်အပါအဝင်လက်နက်ခဲယမ်းများကိုလည်း KNDF-B14 ကသီးခြားထုတ်ပြန်ပြီးဖြစ်သည်။ ဓါတ်ပုံ-KNDF- B 16)

“မိမိတို့ KNDF B- 16 နှင့် KA တို့ပူးပေါင်းပြီးစကစယာဥ်တန်းကို(​မေ ၇)ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။ စကစဖက်မှကားသုံးစီးပျက်စီးသွားပြီးအကျအဆုံးရှိပါတယ် ပျက်စီးသွားကားကိုမိမိတို့ပူးပေါင်းတပ်မှမီးရှို့ဖျက်စီးလိုက်ပါတယ်။ စကစမှလာလှူသွားသောပစ္စည်းတစ်ချို့ကိုလည်းရရှိခဲ့ပါတယ်”ဟု KNDF B-16 ကထုတ်ပြန်သည်။ ထိုတိုက်ပွဲတွင် KNDF နှင့် KA တပ်တို့မှ ထိ့ခိုက်မှုမရှိဟု​လည်းပါရှိသည်။

စစ်​ကောင်စီတပ်မှ​သေဆုံးဒဏ်ရာရရှိသူများနှင့် သိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းများကိုလည်း ရုပ်သံဖိုင်နှင့် သတင်းဓါတ်ပုံများကိုKNDF ကထုတ်ပြန်​သောရုပ်သံမှတ်တမ်းတွင်​တွေ့ရသည်။

​မေ ၇ ရက်နံနက်ပိုင်းတိုက်ပွဲတွင် အကြမ်းဖက်စစစ်​ကောင်စီ ဘက်မှ လက်နက်ခဲယမ်းအချို့ သိမ်းဆီးရမိခဲ့​ကြောင်းလည်းထုတ်ပြန်ရာ စက်လက်တစ်လက် ၊RPG ၁လက် ၊ ပစ္စတိုတစ်လက်အပါအဝင် ​သေနတ် ၁၁ လက်၊ ဗုံးသီးများ၊ခဲယမ်းမျိုးစုံနှင့်စစ်ဘက်အသုံးအ​ဆောင်များသိမ်းဆည်းနိုင်ခဲ့သည်ကို ​တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်အရှေ့ခြမ်းနဲ့ ဧရာဝတီမြစ်ရိုးတလျောက်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ထံက ဂျန်ဘာကားအပါအ၀င် စစ်ကား ၅စီး၊ဒရုန်းတွေနဲ့လက်နက်တွေ သိမ်းဆည်းရရှိတယ်လို့ရွှေဘိုခရိုင် အမှတ် (၂)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

Facebook