Connect with us

Hi, what are you looking for?

News

ဒီး​မော့ဆိုတွင် စစ်​ရှောင်များလိုက်ပါလာသည့် ကား​ချောက်ထဲကျ၍ သုံးဦး​သေဆုံးပြီး နှစ်ဦးဒဏ်ရာရ

သေဆုံးသူများထဲတွင် ဒီးမော့ဆိုအနီးတစ်ဝိုက်စစ်ရှောင်နေသူများ ဖြစ်ပြီး ချောက်အတွင်းမှ ခက်ခက်ခဲခဲ ဆွဲတင်ခဲ့ရသည်ဟုလည်း ၎င်းက ပြောထားသည်။

ဒီးမော့ဆိုမြို့နယ်တွင် စစ်ဘေးရှောင်များ လိုက်ပါလာသည့် ကားတစ်စီးချောက်အတွင်းကျသွားခဲ့ပြီး ကားပေါ်ပါ ငါးဦးအနက် သုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာအပြင်း အထန်ရရှိမှုဖြစ်ပွားခဲ့သည်။

စစ်ဘေးရှောင်းအချို့သေဆုံးခဲ့သည့် ယာဥ်မတော်တဆမှုသတင်းကို ကရင်ဒီဒေသစစ်ဘေးရှောင်များကို ကူညီပေးနေသည့် ရို့စလင်းအိက ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် ယနေ့(မေ ၁၂)တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။

“လမ်းခရီးတစ်ခုတွင်ကားမတော်တဆ (ကားချောက်ထဲကျ)မှု့ ဖြစ်ပွားပြီး ကားပေါ်ပါ ငါးဦးအနက်နှစ်ဦးပွဲချင်း ပြီးသေဆုံး၊ကျန် သုံးဦးမှာ သက်ဆိုင်ရာကျန်းမာရေးကားဖြင့်သယ်ယူသွားပြီး ဆေးပေးခန်းတွင် တစ်ဦးထပ်မံသေဆုံးပြီးကျန်နှစ်ဦး ဒဏ်ရာပြင်းထန် ၍ ဆေးကုသမှု့ ခံယူနေပါတယ်” ဟု ရို့စလင်းအိက အသိပေး ထား သည်။

ကားသည် ကားလမ်းမဘေးရှိ ပေ ၄၀၀ခန့်အနက်ရှိသော ချောက်အတွင်း ပြုတ်ကျသွားခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

သေဆုံးသူများထဲတွင် ဒီးမော့ဆိုအနီးတစ်ဝိုက်စစ်ရှောင်နေသူများ ဖြစ်ပြီး ချောက်အတွင်းမှ ခက်ခက်ခဲခဲ ဆွဲတင်ခဲ့ရသည်ဟုလည်း ၎င်းက ပြောထားသည်။

“ပေ လေးရာနီးပါး ချောက်ထဲကိုBodyတွေ သယ်ထုတ်၊လူနာတွေထမ်းတက်လာပေးကြတဲ့တောင်ယာလုပ်နေကြတဲ့ ဒေသခံပြည်သူတွေကိုလဲကျေးဇူးအများကြီးတင်ပါတယ်” ဟု ရို့စလင်းအိက ဆိုသည်။

ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ဒေသခံများသည် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည်။ စစ်ကောင်စီတပ်ကို KNDF အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ခုခံတော်လှန်နေသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

Facebook