Connect with us

Hi, what are you looking for?

News

မန္တလေးပညာရေးကောလိပ်က ကျောင်းသား ကျောင်းသူ ၆ ဦးဖမ်းခံခဲ့ရပြီး ၁ ဦးအဆက်အသွယ်မရသေး

မန္တလေးပညာရေးကောလိပ် ရဲ့ ကျောင်းသား၊ကျောင်းသူ ၆ ဦး ဖမ်းဆီးခံထားရပြီးအချို့ကို အကြမ်းဖက်ပုဒ်မနဲ့တရားစွဲကာ ဖမ်းခံထားရသူ၁ ဦး အဆက်အသွယ်ပြတ်တောက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံထားရသူတွေဟာကျောင်းသားခေါင်းဆောင် ကိုအောင်နိုင်သူ၊ မန္တလေးပညာရေးဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ် ) ဥက္ကဋ္ဌ ကိုအောင်မျိုး ၊ အထွေထွေအတွင်းရေးမှူးမသီရိရတနာ၊ဒုတိယနှစ်ကျောင်းသား ကိုမျိုးကျော် ၊ ပထမနှစ်ကျောင်းသူ မပန်းအိဖြူ နဲ့ကိုကျော်ဇင်လတ်တို့ဖြစ်ပါတယ်။

ဒီလိုဖမ်းဆီးထားသူတွေထဲက ကိုအောင်နိုင်သူနဲ့မပန်းအိဖြူ တို့ကို ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲထားပြီး ကျန်သူတွေကို နှစ်ရှည်ထောင်ချလို့ရမယ့် အကြမ်းဖက်ပုဒ်မ ၅၂ (က) ၊ ၅၀ (ည) တွေနဲ့ စွဲဆိုထားတယ်လို့သိရပါတယ်။

ဖမ်းဆီးခံရသူ ၆ ဦးအနက် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းက မန္တလေးတိုင်းပုသိမ်ကြီးမြို့နယ်၊နွယ်နီစံပြကျေးရွာမှာ ဖမ်းခံရတဲ့ ကိုမျိုးကျော်ဟာ ဒီနေ့အချိန်ထိ အဆက်အသွယ်မရသေးဘူးလို့မန္တလေးပညာရေးဒီဂရီကောလိပ် ကျောင်းသားများသမဂ္ဂကထုတ်ပြန်အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

Facebook