Connect with us

Hi, what are you looking for?

News

ကျေးရွာများကိုမီးရှို့​နေ​သော စစ်​ကောင်စီတပ်ကို PDFများမိုင်းဆွဲတိုက်ခိုက် ၂၀ ထက်မနည်း​သေနိုင်ဟု နတ်​တောင်နဂါး(ပကဖ)တပ်ဖွဲ့​ပြော

မျက်မြင်အနေအထားအရ အကြမ်းဖက်စစ်ကောင်စီဘက်မှ အယောက် ၂၀နှင့်အထက် သေဆုံးနိုင်ပြီး ရဲဘော်များ တစ်စုံတစ်ရာ အထိခိုက်မရှိ ဘေးလွတ်ရာသို့ဆုတ်ခွာနိုင်ခဲ့သည်ဟုနတ်တောင်နဂါးတပ်ဖွဲ့က ​ပြောသည်။

(အကြမ်းဖက်စစ်တပ်မီးရှို့နေ၍ ထွက်ပြေးလာရသည့် ဒေသခံများ။ ။ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်တွင်ကျေးရွာများအားဆက်တိုက်မီးရှို့နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်အား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များကမိုင်းခွဲတိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၂၀နှင့်အထက် သေဆုံးနိုင်ကြောင်းနတ်တောင်နဂါး(ပကဖ) ပြောက်ကျားတပ်ဖွဲ့ကသတင်းထုတ်ပြန်သည်။

ယနေ့ (မေလ ၁၂ ရက်နေ့) ရွှေဘိုမြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများအား ရွာစဉ်ပတ်၍ မီးရှို့လျှက်ရှိသော အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယနေ့ မွန်းလွဲ ၁နာရီ ၄၅ မိနစ် ခန့်က အကြမ်းဖက်စစ်တပ်သည် ရွှေဘို-ဝက်လက်နယ်အစပ်ရှိ ရွာသစ်ကုန်းကျေးရွာအားမီးရှို့ပြီး ငါးပိအိုးရွာအဝင်တွင်ရှေ့ထွက်မိုင်း ၁၈ လုံးဖြင့် ၆ ကြိမ်တိတိ အနီးကပ် စောင့်ကြည့်၍ ဖေါက်ခွဲတိုက်ခိုက်ခဲ့ကြောင်း နတ်တောင်နဂါး (ပကဖ) ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

(အကြမ်းဖက်စစ်တပ်မီးရှို့နေ၍ ထွက်ပြေးလာရသည့် ဒေသခံများ။ ။ဓါတ်ပုံ-CJ)

“ခြေလျင်စစ်ကြောင်းပါ။ ၆ကြိမ် ရှေ့ဆင့်နောက်ဆင့် အနီးကပ် ကြည့်ခွဲရတာပါ။အခုစစ်ကြောင်းက အရင် ၅ရက်နေ့ထဲက အရှေ့ ဧရာဝတီမြစ်ရိုးက ကုလားမ ရွာတွေဘက် မီးပတ်ရှို့ခဲ့တဲ့ စစ်ကြောင်းပါ။ အရှေ့ဘက်ရွာတွေကနေ အဲ့ဘက်စစ်ကြောင်းထိုးသွားတာ ၂ရက်ရှိပြီ။ ကျွန်တော်တို့ငြိမ်နေပေးပြန်တော့လည်း သူတို့ကအဲ့ဘက်ရွာတွေ မီးပတ်ရှို့တာနဲ့ ပြန်ပြီး သွားတိုက်တာပါ။ ၂ရက်ရှိပြီ ဆိုတော့ သူတို့ကိုထက်မလုပ်လောက်တော့ဘူး ထင်လို့ပဲဖြစ်မယ်။”နတ်တောင်နဂါးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

မျက်မြင်အနေအထားအရ အကြမ်းဖက်စစ်ကောင်စီဘက်မှ အယောက် ၂၀နှင့်အထက် သေဆုံးနိုင်ပြီး ရဲဘော်များ တစ်စုံတစ်ရာ အထိခိုက်မရှိ ဘေးလွတ်ရာသို့ဆုတ်ခွာနိုင်ခဲ့သည်ဟုနတ်တောင်နဂါးတပ်ဖွဲ့က ​ပြောသည်။

(အကြမ်းဖက်စစ်တပ်မီးရှို့နေ၍ ထွက်ပြေးလာရသည့် ဒေသခံများ။ ။ဓါတ်ပုံ-CJ)

“စစ်–တွေကိုပဲ အမှာစကားပါးချင်တာပါ။ ကျွန်တော်တို့အာဏာရှင်စနစ် မကျရှုံးမချင်းင်း လုံးဝနောက်ဆုတ်သွားမှာမဟုတ်ပါဘူး။ရရာနေရာကနေ အဆုံးထိ တိုက်သွားမှာပါလို့ပဲ ပြောချင်ပါတယ်။”ဟု နတ်တောင်နဂါးတပ်ဖွဲ့ တာဝန်ရှိသူကစစ်​ကောင်စီတပ်ကိုအမှာစကားပါးသည်။

တိုက်ခိုက်မှုအား နတ်တောင်နဂါးတပ်ဖွဲ့က ခေါင်းဆောင် ဗိုလ်စနေ ဦးဆောင်၍ GHOST RIDER Special Task Force BURMAတပ်ဖွဲ့မှ ရဲဘော်များ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု အသိပေးထားသည်။

ယနေ့နံနက်ပိုင်းက အကြမ်းဖက်စစ်တပ်သည် ရွှေဘိုမြို့နယ်၊ ဂွေးပင်ကုန်း၊ သဲကျွန်းနှင့် ရွာသစ်ကုန်းကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၄၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။