Connect with us

Hi, what are you looking for?

LuduNwayOo

News

ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တစ်နှစ်ပြည့် စစ်ရေးပြအခမ်းအနား ပြုလုပ်

ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တစ်နှစ်ပြည့် ဖွဲ့စည်းတည်ထောင်နိုင်ခြင်း အပေါ်မြိုင်မြို့နယ်၊ ဆိပ်ဖြူမြောက်ပိုင်း၊ မြစ်ခြေ-ကျွန်းချောင်းမြို့နယ် အစရှိသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။

ဓာတ်ပုံ - PPDF

ရှေ့ကာလများတွင် ပြောက်ကျားစစ်၊ ထိုးစစ်များကို ပိုမိုဆောင်ရွက်မည်ဟု PPDF ဥက္ကဌ ကတိပြု

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Pakokku People Defense Force – PPDF)သည် ယနေ့ (မေလ ၁၂) တွင် ဖွဲ့စည်းတည်ထောင်ခြင်း တစ်နှစ်ပြည့်အဖြစ် စစ်ရေးပြ အခမ်းအနားကို ပြုလုပ်ခဲ့သည်။

ဓာတ်ပုံ – PPDF

တစ်နှစ်အတွင်း ထိုက်သင့်သည့် အင်အားတစ်ခုရောက်အောင် စုစည်းတည်ထောင်နိုင်သည့်အတွက် ရဲဘော်များ၊ ပြည်သူများအား ကျေးဇူးတင်ကြောင်း၊ ရှေ့လာမည့် ကာလများတွင် ရန်သူကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးနိုင်မည့် ပျောက်ကျားစစ်၊ ထိုးစစ်များကို ပိုမို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း PPDF ဥက္ကဌက တစ်နှစ်ပြည့် အမှာစကား ပြောကြားခဲ့သည်။

” ငါတို့ရဲ့ရန်သူကို တော်လှန်တိုက်ခိုက်ရာမှာလည်း ရည်ရွယ်ချက်တူ၊ လမ်းစဉ်တူတဲ့ မည်သည့်ဒေသတွင်းအဖွဲ့အစည်း၊ မည်သည့် တော်လှန်ရေးတပ်ဖွဲ့များနဲ့မဆို အစဉ်လက်တွဲ တိုက်ပွဲ၀င်သွားမှာဖြစ်တယ်။ အဲ့ဒီလိုတိုက်ပွဲ၀င်တဲ့နေရာမှာလည်း နိုင်ငံတကာစစ်ဥပဒေ၊ စစ်စည်းကမ်းတွေ၊ လူ့ကျင့်၀တ်စံနှုန်းတွေနဲ့အညီဆောင်ရွက်ရမှာဖြစ်ပြီး စည်းကမ်း သေ၀တ်တဲ့ ဒေသကာကွယ်ရေးတပ် တစ်ခုဖြစ်အောင် အားလုံးစုစုစည်းစည်း တိုက်ပွဲ၀င်သွားကြမှာ ဖြစ်ပါတယ်။ ရှေ့လာမယ့်ကာလတွေမှာ ရန်သူကို ပိုမိုနှောင့်ယှက်ဟန့်တား ဖျက်ဆီးနိုင်မယ့် ပျောက်ကျားစစ်၊ ထိုးစစ်တွေကို ဆောင်ရွက်သွားမယ်လို ငါ့‌အနေနဲ့ ကတိပြုလိုပါတယ် ” PPDF ဥက္ကဌက ဆိုသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – PPDF

ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တစ်နှစ်ပြည့် ဖွဲ့စည်းတည်ထောင်နိုင်ခြင်း အပေါ်မြိုင်မြို့နယ်၊ ဆိပ်ဖြူမြောက်ပိုင်း၊ မြစ်ခြေ-ကျွန်းချောင်းမြို့နယ် အစရှိသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။