Connect with us

Hi, what are you looking for?

News

ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တစ်နှစ်ပြည့် စစ်ရေးပြအခမ်းအနား ပြုလုပ်

ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တစ်နှစ်ပြည့် ဖွဲ့စည်းတည်ထောင်နိုင်ခြင်း အပေါ်မြိုင်မြို့နယ်၊ ဆိပ်ဖြူမြောက်ပိုင်း၊ မြစ်ခြေ-ကျွန်းချောင်းမြို့နယ် အစရှိသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။

ဓာတ်ပုံ - PPDF

ရှေ့ကာလများတွင် ပြောက်ကျားစစ်၊ ထိုးစစ်များကို ပိုမိုဆောင်ရွက်မည်ဟု PPDF ဥက္ကဌ ကတိပြု

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Pakokku People Defense Force – PPDF)သည် ယနေ့ (မေလ ၁၂) တွင် ဖွဲ့စည်းတည်ထောင်ခြင်း တစ်နှစ်ပြည့်အဖြစ် စစ်ရေးပြ အခမ်းအနားကို ပြုလုပ်ခဲ့သည်။

ဓာတ်ပုံ – PPDF

တစ်နှစ်အတွင်း ထိုက်သင့်သည့် အင်အားတစ်ခုရောက်အောင် စုစည်းတည်ထောင်နိုင်သည့်အတွက် ရဲဘော်များ၊ ပြည်သူများအား ကျေးဇူးတင်ကြောင်း၊ ရှေ့လာမည့် ကာလများတွင် ရန်သူကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးနိုင်မည့် ပျောက်ကျားစစ်၊ ထိုးစစ်များကို ပိုမို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း PPDF ဥက္ကဌက တစ်နှစ်ပြည့် အမှာစကား ပြောကြားခဲ့သည်။

” ငါတို့ရဲ့ရန်သူကို တော်လှန်တိုက်ခိုက်ရာမှာလည်း ရည်ရွယ်ချက်တူ၊ လမ်းစဉ်တူတဲ့ မည်သည့်ဒေသတွင်းအဖွဲ့အစည်း၊ မည်သည့် တော်လှန်ရေးတပ်ဖွဲ့များနဲ့မဆို အစဉ်လက်တွဲ တိုက်ပွဲ၀င်သွားမှာဖြစ်တယ်။ အဲ့ဒီလိုတိုက်ပွဲ၀င်တဲ့နေရာမှာလည်း နိုင်ငံတကာစစ်ဥပဒေ၊ စစ်စည်းကမ်းတွေ၊ လူ့ကျင့်၀တ်စံနှုန်းတွေနဲ့အညီဆောင်ရွက်ရမှာဖြစ်ပြီး စည်းကမ်း သေ၀တ်တဲ့ ဒေသကာကွယ်ရေးတပ် တစ်ခုဖြစ်အောင် အားလုံးစုစုစည်းစည်း တိုက်ပွဲ၀င်သွားကြမှာ ဖြစ်ပါတယ်။ ရှေ့လာမယ့်ကာလတွေမှာ ရန်သူကို ပိုမိုနှောင့်ယှက်ဟန့်တား ဖျက်ဆီးနိုင်မယ့် ပျောက်ကျားစစ်၊ ထိုးစစ်တွေကို ဆောင်ရွက်သွားမယ်လို ငါ့‌အနေနဲ့ ကတိပြုလိုပါတယ် ” PPDF ဥက္ကဌက ဆိုသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – PPDF

ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တစ်နှစ်ပြည့် ဖွဲ့စည်းတည်ထောင်နိုင်ခြင်း အပေါ်မြိုင်မြို့နယ်၊ ဆိပ်ဖြူမြောက်ပိုင်း၊ မြစ်ခြေ-ကျွန်းချောင်းမြို့နယ် အစရှိသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အနေဖြင့်ပြည်သူတို့ရဲ့အသက်၊ခန္ဓာနဲ့ အနာဂတ်အတွက်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊လူထုကို ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ရေးမဏ္ဍိုင်သုံးရပ်နဲ့ ရှေ့သို့အရှိန်အဟုန်မပျက်ချီတက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်မတော်ကအောက်တိုဘာ ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖဲရှုံးပြီး ဖုန်းခိုးယူမှုအရေးယူခံရမှာကြောက်တာကြောင့် စစ်တပ်ထံ အညံ့ခံသွားတဲ့ PDF ရဲဘော်သတင်းပေးမှုကြောင့် စစ်တပ်က ဘုတလင်မြို့နယ် အရှေ့တောင်ခြမ်းကို ​လေ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

Trending

Facebook