News ယောဒေသတိုက်ပွဲတစ်ပါတ်အတွင်းစစ်ကောင်စီတပ် ၂၁ဦးသေ ယောဒေသတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်အကျအဆုံးမရှိခဲ့ကြောင်းနှင့်ပြည်သူ့ရဲဘော်များ ဆုတ်ခွာလာရာလမ်းတလျှောက် ပြည်သူများက အောင်သပြေများကမ်းခြင်း၊ သနပ်ခါးပါးတို့ခြင်းဖြင့် ကြိုဆိုဂုဏ်ပြုခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု PDF-SAWသတင်းနှင့်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားသည်။ LuduNwayOoဖေဖော်ဝါရီ 25, 2022
News အောင်လအန်ဆန် ဘစ်ဒက်ရှ်ကို အမှတ်ဖြင့် ရှုံးနိမ့် ပထမအချီတွင် ဘစ်ဒက်ရှ်က အောင်လကို ချုပ်ရန် နှစ်ကြိမ်တိုင် ကြိုးပမ်းခဲ့သော်လည်း ပြန်လည်ရုန်းထွက်နိုင်ခဲ့ပြီး လက်သီးချက်များဖြင့် ပြန်ခုခံနိုင်ခဲ့သည်။ LuduNwayOoဖေဖော်ဝါရီ 25, 2022
News နမ့်မယ်ခုံမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ်သား ၂၀ကျော်သေဟု KDF အသိပေး တိုက်ပွဲသည် တစ်နေကုန်နီးပါး ကြာမြင့်ခဲ့သည်အထိပြင်းထန်ခဲ့ကာ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များမှ ၂၀ကျော် သေဆုံးနိုင်ပြီး တိုက်ပွဲတွင်း KDF မှ ရဲဘော်တစ်ဦး ကျဆုံးပြီးသုံးဦး မစိုးရိမ်ဒဏ်ရာများရရှိခဲ့သည်ဟု ဆိုသည်။ LuduNwayOoဖေဖော်ဝါရီ 25, 2022
News ရွှေဘိုနယ် ငါးပိအိုးရွာ မီးရှို့ပြန်လာသော စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ အနည်းဆုံး ၃၅ဦးသေဟု နတ်တောင်နဂါးတပ်ဖွဲ့ပြော "စခနှင့်ပျူ ၃၅ယောက်နှင့် အထက်သေဆုံးနိုင်ပြီး စခ ကားတစီးလဲမိုင်းစာမိ၍ မီးလောင်ပျက်စီးသွားခဲ့ပါသည်"ဟု နတ်တောင်နဂါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။ LuduNwayOoဖေဖော်ဝါရီ 25, 2022
News ယူကရိန်းအပေါ် ရုရှား၏ ကျူးကျော်စစ်ကို NUG ရှုတ်ချ၊ ယူကရိန်းပြည်သူများနှင့် ရပ်တည်ကြောင်းထုတ်ပြန် ယူကရိန်းနှင့် ၎င်း၏ ပြည်သူများအပေါ် ဆင်နွှဲလာသည့် စစ်ပွဲကို ရှုတ်ချပြီး ရုရှား၏လုပ်ရပ်များသည် ကုလ သမဂ္ဂ ပဋိညာဉ်စာတမ်းနှင့် နိုင်ငံတကာဥပဒေများကို ထင်ရှားစွာချိုးဖောက်ခြင်းဖြစ်ကြောင်း NUG က ဆိုသည်။ LuduNwayOoဖေဖော်ဝါရီ 25, 2022
News ရန်ကုန်တွင် ဆန္ဒပြလူငယ်တစ်ဦး ဖမ်းဆီးခံရ ယနေ့(ဖေဖော်ဝါရီ ၂၅)နံနက်ပိုင်းက ရန်ကုန်မြို့ ရန်ကင်းမြို့နယ်တွင်ပြုလုပ်သော သပိတ်စစ်ကြောင်းချီတက်စဥ် သပိတ်ကော်မတီဝင်လူငယ်တစ်ဦး ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ LuduNwayOoဖေဖော်ဝါရီ 25, 2022
News ရန်ကုန်ရှိ သပိတ်အင်အားစုနှင့် မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များကို စစ်ကောင်စီ ရှာဖွေနေ "အစာရေစာ တောင်းခံလာခဲ့ရင် ကျွေးမွေးပေးကြပါ။အသက်တောင် ပဓာနမထားဘဲ တိုက်ယူနေကြတဲ့လူငယ်တွေပါဗျာ။ ပြည်သူကစောင့်ရှောက်မှ လုံခြုံမှာပါ"ဟု ထို အဖွဲ့က အသိပေးသည်။ LuduNwayOoဖေဖော်ဝါရီ 25, 2022
News VISA က ဦးတေဇမိသားစုအဓိကပိုင်သော AGD ဘဏ်နှင့်ပူးပေါင်းဆောင်ရွက်မှုရပ်ဆိုင်း AGD ဘဏ်အနေဖြင့် VISA International ဖြင့်ပူးပေါင်းဆောင်ရွက်မှုကိုယာယီရပ်ဆိုင်းလိုက်ခြင်းကြောင့် AGDဘဏ်၏ VISA Credit Cardများ အသုံးပြုရနိုင်တော့ မဟုတ်ကြောင်း AGDဘဏ်က သုံးစွဲသူများထံ မေးလ်ပို့အကြောင်းကြားလာခြင်းဖြစ်သည်။ LuduNwayOoဖေဖော်ဝါရီ 25, 2022
News ကယားနှင့်စစ်ကိုင်း တိုက်ခိုက်ခံနေရချိန်တွင် တစ်နိုင်ငံလုံး ထကြွကြရန် ခရမ်းPDFခေါင်းဆောင် ကိုမီးပွားတိုက်တွန်း "ခုချိန်မှာ ရန်ကုန်၊ပဲခူး၊ မန်းလေး၊ ဧရာဝတီ အကုန်လုံးလှုပ်ကြဖို့လိုပါပြီ။ကယားနဲ့ စစ်ကိုင်းကိုဖိနေတဲ့အတွက် စကစအင်အား ပြန့်ကျဲနေပါပြီ အချိန်ကောင်းဖြစ်တဲ့အတွက် အကုန်ရုန်းထလိုက်ရင် အောင်ပြီး ပြိုင်တူတွန်းကြပါစို့"ဟု ၎င်းက ပြောသည်။ LuduNwayOoဖေဖော်ဝါရီ 25, 2022
News တရုတ်ရဲ့ အားပေးမှုနဲ့အတူ စစ်ကောင်စီကို ပါကစ္စတန်က လက်နက်တွေ ထောက်ပံ့နေ စစ်ကောင်စီဟာ ၆၀ မမနဲ့ ၈၁ မမ မော်တာတွေ၊ M-79 ဗုံးပစ် လောင်ချာတွေနဲ့ စက်သေနတ် အကြီးစားတွေကို ပါကစ္စတန်ဆီကနေ မှာယူထားပါတယ်။ ဒါ့အပြင် စစ်ကောင်စီဟာ JF-17 အမျိုးအစား တိုက်လေယာဉ်တွေမှာ တပ်ဆင်မယ့် မြေပြင်ပစ် ဒုံးကျည်တွေ ဝယ်ယူဖို့လည်း စဉ်းစားနေကြောင်း သိရပါတယ်။ LuduNwayOoဖေဖော်ဝါရီ 25, 2022