Connect with us

Hi, what are you looking for?

News

ယူကရိန်းအပေါ် ရုရှား၏ ကျူးကျော်စစ်ကို NUG ရှုတ်ချ၊ ယူကရိန်းပြည်သူများနှင့် ရပ်တည်ကြောင်းထုတ်ပြန်

ယူကရိန်းနှင့် ၎င်း၏ ပြည်သူများအပေါ် ဆင်နွှဲလာသည့် စစ်ပွဲကို ရှုတ်ချပြီး ရုရှား၏လုပ်ရပ်များသည် ကုလ သမဂ္ဂ ပဋိညာဉ်စာတမ်းနှင့် နိုင်ငံတကာဥပဒေများကို ထင်ရှားစွာချိုးဖောက်ခြင်းဖြစ်ကြောင်း NUG က ဆိုသည်။

ရုရှားက ယူကရိန်းအပေါ် ကျူးကျော်စစ်ဆင်နွှဲခြင်းကို ရှုတ်ချကြောင်းနှင့် ယူကရိန်းပြည်သူများနှင့် ရပ်တည်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြသည်။

ယူကရိန်းနှင့် ၎င်း၏ ပြည်သူများအပေါ် ဆင်နွှဲလာသည့် စစ်ပွဲကို ရှုတ်ချပြီး ရုရှား၏လုပ်ရပ်များသည် ကုလ သမဂ္ဂ ပဋိညာဉ်စာတမ်းနှင့် နိုင်ငံတကာဥပဒေများကို ထင်ရှားစွာချိုးဖောက်ခြင်းဖြစ်ကြောင်း NUG က ဆိုသည်။

ယူကရိန်းအပေါ် ကြောက်မက်ဖွယ်ရာ ပြင်းထန်သော တိုက်ခိုက်မှုများကို ရုရှားက လေကြောင်း၊ ကုန်းမြေနှင့် ရေကြောင်းတို့မှ လုပ်ဆောင်နေပြီး ယင်းတိုက်ခိုက်မှုများကြောင့် အသက်ဆုံးရှုံးမှုများနှင့် ထောင်နှင့်ချီသော အရပ်သားများကို ၎င်းတို့၏ နေအိမ်များမှ စွန့်ခွာစေခဲ့ပြီဖြစ်သည်။

ရုရှားအနေဖြင့် ယူကရိန်း၏ နယ်နမိတ်တည်တံ့ခိုင်မြဲမှု၊ လွတ်လပ်မှုနှင့် အချုပ်အခြာအာဏာတို့ကို လေးစားရန် NUG က တောင်းဆိုသည်။

Public Service Announcement

Public Service Announcement

ယူကရိန်းအပေါ် ရုရှား၏ ကျူးကျော်စစ်ကို အင်အားကြီးဒီမိုကရေစီနိုင်ငံများစွာက ပြစ်တင်ရှုတ်ချထားပြီး ရုရှားကို ပိတ်ဆို့ဒဏ်ခတ်မှုများလည်း ချမှတ်ကြသည်။

အကြမ်းဖက်မြန်မာစစ်ကောင်စီက ရုရှား၏ ကျူးကျော် စစ်ကို ထောက်ခံကြောင်း ပြောကြားထားသည်ကို တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။