●ပြည်သူ့ရဲဘော်များအထိ့အခိုက်အကျအဆုံးမရှိ၊ဒေသခံပြည်သူများကအောင်သပြေ ၊သနပ်ခါးတို့ဖြင့်ကြို
ယောဒေသတွင် ဖေဖော်ဝါရီလ ၁၈ရက်မှ ရက်သတ္တပတ်တစ်ပတ်ကြာတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က ၂၁ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့များက သတင်းထုတ်ပြန်သည်။
လောင်းရှည်မှ ချင်းပြည်နယ်သို့ စစ်ကား ၁၆ စီးဖြင့်ထွက်ခွာလာသော စစ်ကောင်စီအင်အား ၂၀၀ခန့်ကို ပြည်သူ့ကာကွယ်ရေးတပ်-ဆော(PDF-SAW) ၊ချင်းပြည်ကာကွယ်ရေးတပ်-ကန်ပက်လက်(CDF Kanpetlet) နှင့် ချင်းအမျိုးသားတပ်မတော်(CNA) ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များက ဖေဖော်ဝါရီလ ၁၈ရက်မှ ဖေဖော်ဝါရီ ၂၄ရက်အတွင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မယသေဆုံးမှုကို ထုတ်ပြန်ခြင်းဖြစ်သည်။



ဖေဖော်ဝါရီ ၂၀ရက်က ဆွဲလွဲကျင်းရွာအနီးတိုက်ပွဲတွင်စစ်ကောင်စီတပ်သားခြောက်ဦး၊ ၂၁ရက်က တိုက်ပွဲတွင် လေးဦးနှင့် ၂၂ရက်တွင်ရေရှောင်မျက်ခင်းပြင်အနီးတိုက်ပွဲ၌ ၁၁ဦးသေဆုံးပြီး စုစုပေါင်း ၂၁ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း PDF( Saw)ကယနေ့(ဖေဖော်ဝါရီ ၂၅ရက်)ထုတ်ပြန်သည်။

Public Service Announcement

ထို့အပြင် တိုက်ပွဲအတွင်း ဒဏ်ရာရသည့် စစ်ကောင်စီဘက်က ငါးဦးကို ယနေ့နေ့လယ်တွင်ထောက်ပို့ရဟတ်ယာဉ်ဖြင့်သယ်သွားပီး ကျောက်ထုအမြှောက်တပ်ထဲသို့ ဆင်းသက်သွားသည်ဟု သတင်းထုတ်ပြန်ထားသည်။



“ယောနယ်မှာ တိုက်ပွဲက နေ့စဉ်လိုလိုဖြစ်တာ။ရွှေဘိုသတင်းရော ကျန်တဲ့နယ်ကသတင်းတွေလည်း ကြားပါတယ်။ ဒီကာလ ကမ္ဘာ့သတင်းတွေထက် ကျွန်တော်တို့ နိုင်ငံတစ်ဝှမ်းက နေ့စဉ်ဖြစ်နေတဲ့ သတင်းဆိုးတွေကို လေ့လာပြီး စစ်အာဏာရှင်ကို အရှိန်မြှင့်မောင်းထုတ်ကြမယ်” ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
ယောဒေသတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်အကျအဆုံးမရှိခဲ့ကြောင်းနှင့်ပြည်သူ့ရဲဘော်များ ဆုတ်ခွာလာရာလမ်းတလျှောက် ပြည်သူများက အောင်သပြေများကမ်းခြင်း၊ သနပ်ခါးပါးတို့ခြင်းဖြင့် ကြိုဆိုဂုဏ်ပြုခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု PDF-SAWသတင်းနှင့်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားသည်။


















































