ရန်ကုန်မြို့တွင် ဆန္ဒပြလူငယ်တစ်ဦး စစ်ကောင်စီတပ်၏ မတရားဖမ်းဆီးခြင်းခံလိုက်ရကြောင်း Yangon Revolution Force-YRF မှ Soft Strike Community တာဝန်ခံဖြစ်သူက လူထုနွေဦးသို့ အတည်ပြုပြောကြားသည်။
ယနေ့(ဖေဖော်ဝါရီ ၂၅)နံနက်ပိုင်းက ရန်ကုန်မြို့ ရန်ကင်းမြို့နယ်တွင်ပြုလုပ်သော သပိတ်စစ်ကြောင်းချီတက်စဥ် သပိတ်ကော်မတီဝင်လူငယ်တစ်ဦး ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“သပိတ်လုပ်တဲ့ နေရာဝန်းကျင်မှာ အရပ်ဝတ်တွေနဲ့ ဖမ်းသွားတာပါ။ သတင်းက ၂ ယောက်လို့ထွက်ပေမယ့် တစ်ကယ်က တစ်ယောက်ပဲ ဖမ်းခံရတာပါဗျ”ဟု YRF မှ Soft Strike Community တာဝန်ခံဖြစ်သူက ပြောသည်။
‘သင်ကိုယ်တိုင်ပါဝင်ပါက ဤတော်လှန်ရေး မုချအောင်မြင်မည်’စာသားကိုင်ဆောင်၍ လူငယ်ထုဦးဆောင်ချီတက်ခဲ့သော ဆန္ဒပြပွဲကို ယနေ့နံနက်က ရန်ကင်းမြို့နယ် မိုးကောင်းလမ်းမပေါ် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement
အဆိုပါ လူထုသပိတ်စစ်ကြောင်းအား အကြမ်း ဖက်စစ်ကောင်စီတပ်မှ ကားနှင့်တိုက်ဖြိုခွင်းရန် ကြံစီခဲ့သော်လည်း အချိန်မီလူစုခွဲနိုင်ခဲ့သောကြောင့် လူငယ်တစ်ဦးဖမ်းခံရသည်မှလွဲ၍ အခြားထိခိုက်မှု မရှိခဲ့ပေ။


















































