Connect with us

Hi, what are you looking for?

News

ရန်ကုန်ရှိ သပိတ်အင်အားစုနှင့် မြို့ပြ​​ပြောက်ကျားတပ်ဖွဲ့ဝင်များကို စစ်​ကောင်စီ ရှာ​ဖွေ​နေ

“အစာရေစာ တောင်းခံလာခဲ့ရင် ကျွေးမွေးပေးကြပါ။အသက်တောင် ပဓာနမထားဘဲ တိုက်ယူနေကြတဲ့လူငယ်တွေပါဗျာ။ ပြည်သူကစောင့်ရှောက်မှ လုံခြုံမှာပါ”ဟု ထို အဖွဲ့က အသိပေးသည်။

(​ယ​နေ့ ​နေ့လယ်က ရန်ကုန်မြို့ရှိ လူငယ်အချို့ စစ်အာဏာရှင်ဆန့်ကျင်​ရေး ချီတက်ဆန္ဒပြ​နေစဥ်၊ ဓာတ်ပုံ - YRF)

–ယ​​နေ့ည​နေတွင် မြို့ပြပြောက်ကျားအဖွဲ့တစ်ခု၏ နေရာအား ဝင်စီးခံရပြီး ရဲ​​ဘော်တစ်ဦးကျဆုံး

ရန်ကုန်မြို့ရှိ သပိတ်အင်အားစုနှင့် မြို့ပြပြောက်ကျား တပ်ဖွဲ့ဝင်များကို အကြမ်းဖက်စစ်ကောင်စီက ပိုက်စိပ်တိုက် ဖမ်းဆီးနေကြောင်း ဗမာ့လူငယ်ကွန်ရက်က ယနေ့(ဖေဖော်ဝါရီည၂၅ ရက်) ညပိုင်းတွင် သတိပေးထုတ်ပြန်သည်။

“လူငယ်တွေ၊UG တွေကို ပိုက်စိပ်တိုက် ဖမ်းဆီးလျှက်ရှိပါတယ်။ပြည်သူလူထုကြီးကို အထူးတိုက်တွန်းလိုတာက မိမိတို့အားလုံး လွတ်မြောက်ရေးအတွက် တော်လှန်ပေးနေတဲ့ ကျွန်​တော်တို့ ရဲဘော်တွေကို ဝန်းရံပေးကြပါ”ဟု ဗမာ့လူငယ်ကွန်ရက်က ပြောသည်။

ထို့အပြင် ခိုလှုံစရာနှင့် နေစရာများတောင်းခံလာပါကလည်း ကူညီ​ပေးကြရန်လည်း တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

“အစာရေစာ တောင်းခံလာခဲ့ရင် ကျွေးမွေးပေးကြပါ။အသက်တောင် ပဓာနမထားဘဲ တိုက်ယူနေကြတဲ့လူငယ်တွေပါဗျာ။ ပြည်သူကစောင့်ရှောက်မှ လုံခြုံမှာပါ”ဟု ထို အဖွဲ့က အသိပေးသည်။

ထို့အပြင် ယနေ့ည ၆ နာရီတွင် မြို့ပြပြောက်ကျားအဖွဲ့တစ်ခု၏ နေရာအား သတင်းပေးဒလန်ကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းရာ UG ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း Little Heros အဖွဲ့က ဆိုသည်။

“မရမ်းကုန်း ၃ ရပ်ကွက်မှာပါ။UGအဖွဲ့က ၁ယောက်သေဆုံး၊ ၂ယောက်ထိပါတယ်။ လူနာတင်ယာဥ်နဲ့လာသယ်သွားပါပြီ။ အပစ်လည်းရပ်သွားတယ်။အောင်သိဒ္ဓိလမ်းနဲ့တော်ဝင်မီးပွိုင့်ဘက်လမ်းတွေကို အကုန်ပိတ်လိုက်ပါပြီ ။စခ အင်အားများပါတယ်။ကလေးတွေကိုဘယ်လိုကူညီနိုင်မလဲစဥ်းစားပေးကြပါအုံး”ဟု ၎င်းက အဖွဲ့က ပြောသည်။

ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့များသည် ယခု ရက်သတ္တပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၏ နေရာ အများစုကို တိုက်ခိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်တိုင်း ၊မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ ကြက်ခြေနီရုံးနားမှာအသက်နှစ်လသားအရွယ်အမွှာကလေးနှစ်ဦးကို သြဂုတ်လ ၂ ရက်က လာရောက်စွန့်ပစ်သွားတဲ့ဖြစ်စဉ်ဖြစ်ခဲ့တ​ယ်လို့ လူမှုကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။