Connect with us

Hi, what are you looking for?

LuduNwayOo

News

ရန်ကုန်ရှိ သပိတ်အင်အားစုနှင့် မြို့ပြ​​ပြောက်ကျားတပ်ဖွဲ့ဝင်များကို စစ်​ကောင်စီ ရှာ​ဖွေ​နေ

“အစာရေစာ တောင်းခံလာခဲ့ရင် ကျွေးမွေးပေးကြပါ။အသက်တောင် ပဓာနမထားဘဲ တိုက်ယူနေကြတဲ့လူငယ်တွေပါဗျာ။ ပြည်သူကစောင့်ရှောက်မှ လုံခြုံမှာပါ”ဟု ထို အဖွဲ့က အသိပေးသည်။

(​ယ​နေ့ ​နေ့လယ်က ရန်ကုန်မြို့ရှိ လူငယ်အချို့ စစ်အာဏာရှင်ဆန့်ကျင်​ရေး ချီတက်ဆန္ဒပြ​နေစဥ်၊ ဓာတ်ပုံ - YRF)

–ယ​​နေ့ည​နေတွင် မြို့ပြပြောက်ကျားအဖွဲ့တစ်ခု၏ နေရာအား ဝင်စီးခံရပြီး ရဲ​​ဘော်တစ်ဦးကျဆုံး

ရန်ကုန်မြို့ရှိ သပိတ်အင်အားစုနှင့် မြို့ပြပြောက်ကျား တပ်ဖွဲ့ဝင်များကို အကြမ်းဖက်စစ်ကောင်စီက ပိုက်စိပ်တိုက် ဖမ်းဆီးနေကြောင်း ဗမာ့လူငယ်ကွန်ရက်က ယနေ့(ဖေဖော်ဝါရီည၂၅ ရက်) ညပိုင်းတွင် သတိပေးထုတ်ပြန်သည်။

“လူငယ်တွေ၊UG တွေကို ပိုက်စိပ်တိုက် ဖမ်းဆီးလျှက်ရှိပါတယ်။ပြည်သူလူထုကြီးကို အထူးတိုက်တွန်းလိုတာက မိမိတို့အားလုံး လွတ်မြောက်ရေးအတွက် တော်လှန်ပေးနေတဲ့ ကျွန်​တော်တို့ ရဲဘော်တွေကို ဝန်းရံပေးကြပါ”ဟု ဗမာ့လူငယ်ကွန်ရက်က ပြောသည်။

ထို့အပြင် ခိုလှုံစရာနှင့် နေစရာများတောင်းခံလာပါကလည်း ကူညီ​ပေးကြရန်လည်း တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

“အစာရေစာ တောင်းခံလာခဲ့ရင် ကျွေးမွေးပေးကြပါ။အသက်တောင် ပဓာနမထားဘဲ တိုက်ယူနေကြတဲ့လူငယ်တွေပါဗျာ။ ပြည်သူကစောင့်ရှောက်မှ လုံခြုံမှာပါ”ဟု ထို အဖွဲ့က အသိပေးသည်။

ထို့အပြင် ယနေ့ည ၆ နာရီတွင် မြို့ပြပြောက်ကျားအဖွဲ့တစ်ခု၏ နေရာအား သတင်းပေးဒလန်ကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းရာ UG ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း Little Heros အဖွဲ့က ဆိုသည်။

“မရမ်းကုန်း ၃ ရပ်ကွက်မှာပါ။UGအဖွဲ့က ၁ယောက်သေဆုံး၊ ၂ယောက်ထိပါတယ်။ လူနာတင်ယာဥ်နဲ့လာသယ်သွားပါပြီ။ အပစ်လည်းရပ်သွားတယ်။အောင်သိဒ္ဓိလမ်းနဲ့တော်ဝင်မီးပွိုင့်ဘက်လမ်းတွေကို အကုန်ပိတ်လိုက်ပါပြီ ။စခ အင်အားများပါတယ်။ကလေးတွေကိုဘယ်လိုကူညီနိုင်မလဲစဥ်းစားပေးကြပါအုံး”ဟု ၎င်းက အဖွဲ့က ပြောသည်။

ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့များသည် ယခု ရက်သတ္တပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၏ နေရာ အများစုကို တိုက်ခိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။