Connect with us

Hi, what are you looking for?

News

ကယားနှင့်စစ်ကိုင်း တိုက်ခိုက်ခံနေရချိန်တွင် တစ်နိုင်ငံလုံး ထကြွကြရန် ခရမ်းPDFခေါင်း​ဆောင် ကိုမီးပွားတိုက်တွန်း

“ခုချိန်မှာ ရန်ကုန်၊ပဲခူး၊ မန်းလေး၊ ဧရာဝတီ အကုန်လုံးလှုပ်ကြဖို့လိုပါပြီ။ကယားနဲ့ စစ်ကိုင်းကိုဖိနေတဲ့အတွက် စကစအင်အား ပြန့်ကျဲနေပါပြီ အချိန်ကောင်းဖြစ်တဲ့အတွက် အကုန်ရုန်းထလိုက်ရင် အောင်ပြီး ပြိုင်တူတွန်းကြပါစို့”ဟု ၎င်းက ပြောသည်။

(ယ​နေ့​နေ့လယ်က ရန်ကုန်မြို့တစ်​နေရာ၌ လူငယ်များ ချီတက်ဆန္ဒပြ​နေစဥ်၊ ဓာတ်ပုံ - YRF)

အကြမ်းဖက်စစ်​ကောင်စီတပ်က ကယားပြည်နယ် နှင့် စစ်ကိုင်းတိုင်းကို စစ်ဆင်​ရေးပြုလုပ်​တိုက်ခိုက်နေချိန်တွင် အင်အားပြန့်ကျဲနေ​သော​ကြောင့် တစ်နိုင်ငံလုံး ထကြွသင့်ကြောင်း ခရမ်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ကိုမီးပွားက တိုက်တွန်းပြောကြားသည်။

“ခုချိန်မှာ ရန်ကုန်၊ပဲခူး၊ မန်းလေး၊ ဧရာဝတီ အကုန်လုံးလှုပ်ကြဖို့လိုပါပြီ။ကယားနဲ့ စစ်ကိုင်းကိုဖိနေတဲ့အတွက် စကစအင်အား ပြန့်ကျဲနေပါပြီ အချိန်ကောင်းဖြစ်တဲ့အတွက် အကုန်ရုန်းထလိုက်ရင် အောင်ပြီး ပြိုင်တူတွန်းကြပါစို့”ဟု ၎င်းက ပြောသည်။

နေရာစုံထကြွချိန်တွင် တော်လှန်ရေးအင်အားစုများ အားကောင်းရန် လိုအပ်သလို ပြည်သူများ၏ ပါဝင်မှုကလည်းအရေးပါပြီး ပြည်သူ့ကာကွယ်ရေးတပ်များအတွက် လက်နက်၊ခဲယမ်းများ အဓိကလိုအပ်ကြောင်း ကိုမီးပွားက လူထုနွေဦးမှတစ်ဆင့် ပြောသည်။

“ခေတ်ပြောင်း စနစ်ပြောင်း တော်လှန်ရေးဖြစ်တဲ့အတွက် တော်လှနိရေးအချိန် ကြာနိုင်သလို မြန်လည်းမြန်နိုင်ပါတယ်။ ခက်ခဲမှုတွေတော့ရှိမှာဘဲ ကျတော်တို့အားလုံး ပြည်သူနဲ့အတူ ရုန်းထကြရပါမယ်၊ နိုင်ပြီးသားဖြစ်တဲ့အတွက် အောင်စိတ်နဲ့ယုံကြည်မှုအပြည့်နဲ့ တော်လှန်ကြရင် အောင်ပါပြီ။ဘယ်လိုခက်ခဲနေပါစေစိတ်မပျက်နဲ့ ၊ရှေ့ဆက်မယ်သွေးမပျက်နဲ့၊ ရှေ့ဆက်မယ်၊မီးပွါးတွေစုရင် မီးဟုန်းဟုန်းတောက်ရမယ်အရေးတော်ပုံအောင်ပြီ”ဟု ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

နေရာစုံထကြွမှုကြောင့် အကျိုးရလဒ်ကောင်းမည်ဟု မျှော်လင့်ထားသလို အဆိုးဆုံးအတွက်လည်း ပြင်ဆင်ထားရမည်ဟု ၎င်းက ဆိုသည်။

လတ်တလောတွင် ခရမ်းမြို့နယ်၌ သေနတ်သံ၊ဗုံးသံကြားပါက မြို့အဝင်၊အထွက်ပိတ်မည်ဟု အကြမ်းဖက်စစ်ကောင်စီက ဖေဖော်ဝါရီ ၂၄ ရက်တွင် လုပ်ငန်းရှင်များကို စစ်​ကောင်စီက ခြိမ်းခြောက်ထားကြောင်း ၎င်းကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲနှုတ်နေတဲ့ တောင်သူ ၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။