Connect with us

Hi, what are you looking for?

News

ရွှေဘိုနယ် ငါးပိအိုးရွာ မီးရှို့ပြန်လာ​သော စစ်​ကောင်စီတပ်ကို တိုက်ခိုက်ရာ အနည်းဆုံး ၃၅ဦး​သေဟု နတ်​တောင်နဂါးတပ်ဖွဲ့​ပြော

“စခနှင့်ပျူ ၃၅ယောက်နှင့် အထက်သေဆုံးနိုင်ပြီး စခ ကားတစီးလဲမိုင်းစာမိ၍ မီးလောင်ပျက်စီးသွားခဲ့ပါသည်”ဟု နတ်တောင်နဂါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

People's Spring
People's Spring

▪️နတ်​တောင်နဂါးတပ်မှ ရဲ​ဘော်တစ်ဦးကျဆုံး

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ငါးပိအိုးရွာအား မီးရှို့ပြီး​နောက် ဂွေးကုန်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်းအဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ရာ အနည်းဆုံး ၃၅ဦးသေဆုံးနိုင်​ကြောင်း နတ်တောင်နဂါး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

ယနေ့(ဖေဖော်ဝါရီ ၂၅ ရက်) နံနက် ၁၁နာရီခန့်က နတ်တောင်နဂါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် GHOST RIDER Special Task Force (mdy) နှစ်ဖွဲ့ပူးပေါင်း၍ ရှေ့ထွက်မိုင်း ၉လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်သည်ဟု ဆိုသည်။

“စခနှင့်ပျူ ၃၅ယောက်နှင့် အထက်သေဆုံးနိုင်ပြီး စခ ကားတစီးလဲမိုင်းစာမိ၍ မီးလောင်ပျက်စီးသွားခဲ့ပါသည်”ဟု နတ်တောင်နဂါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကြောင်းမှ ကျန်ရှိသော စစ်ကောင်စီတပ်သားနှင့် ပျူစောထီးများက လက်နက်ကြီးများဖြင့် ပြန်လည်ပြစ်ခတ်သောကြောင့် ပူးပေါင်းအဖွဲ့မျာ ပြန်လည်ဆုတ်ခွာခဲ့သည်ဟုဆိုသည်။

သို့သော် လမ်းခုလပ်တွင် အဖွဲ့ကွဲသွား၍ နတ်တောင်နဂါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ ရဲဘော်တစ်ဦး သည် စစ်ကောင်စီ၏ ကင်းပုန်းနှင့်ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ရန်သူလက်ထဲ ကျရောက်သွားခဲ့ရသည်ဟု အသိ​ပေးထား သည်။

ဖမ်းခံခဲ့ရသည့် ရဲဘော်၌ သေနတ်အတိုတစ်လက် ပါရှိခဲ့သော်လည်း လက်နက်အင်အား၊ လူအင်အားမမျှသဖြင့် အကြမ်းဖက်စစ်ကောင်စီ လက်ထဲတွင် လက်နက်နှင့်အတူ အသက်ပါပေး၍ တိုက်ပွဲတွင် ကျဆုံးခဲ့ရကြောင်း အသိပေးသည်။

တိုင်းပြည်အတွက်အသက်ပေး၍ စစ်အာဏာရှင်စနစ်လွတ်မြောက်ရေးတိုက်ပွဲတွင် ကျဆုံးခဲ့ရသော ရဲဘော်မာယာအား အလေးနီပြုကြောင်း နှင့်ကျန်ရစ်သူ မိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းခံစားရသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ရွှေဘိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ပျူစောထီးများနှင့် ပူးပေါင်းကာ ကျေးရွာများကို သာလွန်အင်အားဖြင့် စစ်ကြောင်းထိုးနေပြီး ယနေ့နံနက် အစောပိုင်းက နှမစားရစ်ကျေးရွာတွင် ဒေသခံပြည်သူများနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် စုစုပေါင်း ၁၅ ဦးခန့် ကျဆုံးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။