Connect with us

Hi, what are you looking for?

News

နမ့်မယ်ခုံမြို့နယ်တိုက်ပွဲ စစ်​ကောင်စီတပ်သား ၂၀​ကျော်​သေဟု KDF အသိ​ပေး

တိုက်ပွဲသည် တစ်နေကုန်နီးပါး ကြာမြင့်ခဲ့သည်အထိပြင်းထန်ခဲ့ကာ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များမှ ၂၀ကျော် သေဆုံးနိုင်ပြီး တိုက်ပွဲတွင်း KDF မှ ရဲဘော်တစ်ဦး ကျဆုံးပြီးသုံးဦး မစိုးရိမ်ဒဏ်ရာများရရှိခဲ့သည်ဟု ဆိုသည်။

▪️KDFမှ ရဲ​ဘော်တစ်ဦးကျဆုံး

ကယား(ကရင်နီ)ပြည်နယ် နမ့်မယ်ခုံမြို့ သာယပ်ရွာတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၀ ကျော်သေဆုံးကြောင်း ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF)က ထုတ်ပြန်သည်။

ယနေ့(ဖေဖော်ဝါရီ၂၅ရက်)နံနက် ၁၀နာရီမှစ၍ သာယပ်ရွာတိုက်ပွဲအတွင်း ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) ၊ လွိုင်​ကော် PDF ၊ DMO PDF ၊ ကရင်နီအမျိုးသားများကာကွယ်​ရေးတပ်(KNDF)မဟာမိတ်တပ်ပေါင်းစုတို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲသည် တစ်နေကုန်နီးပါး ကြာမြင့်ခဲ့သည်အထိပြင်းထန်ခဲ့ကာ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များမှ ၂၀ကျော် သေဆုံးနိုင်ပြီး တိုက်ပွဲတွင်း KDF မှ ရဲဘော်တစ်ဦး ကျဆုံးပြီးသုံးဦး မစိုးရိမ်ဒဏ်ရာများရရှိခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲတွင်း ကျဆုံးသွားသော ရဲဘော်စောဒေးဗစ်ထူး (ခ)လော်အယ်အား နိုင်ငံ့အာဇာနည်သူရဲကောင်းအဖြစ် အသိအမှတ်ပြုရင်း မှတ်တမ်းတင် ဂုဏ်ပြုကြောင်း KDFက ဖော်ပြသည်။

ကရင်နီ ပြည်နယ်(ဖယ်ခုံ၊မိုးဗြဲဒေသများအပါအဝင်) ဦးတည်၍ ဖေဖော်ဝါရီ ၁၆ရက်က စတင်ခဲ့သည့် အကြမ်းဖက်စစ်ကောင်စီ၏ ထိုးစစ်ဆင်မှုမှာ ၁၀ရက်တာ ကြာမြင့်နေပြီ ဖြစ်သည်။

တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ သေဆုံး အထိအခိုက်များပြားသဖြင့် လေကြောင်းပစ်ကူများ နှင့် လက်နက်​ကြီးပစ်ကူများ ရယူထားသည်။

ရှေ့ရက်များက တိုက်ပွဲများတွင် အကြမ်းဖက်စစ်တပ်မှ တပ်သား ၁၀၀ ကျော် သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်မှလည်း ၃၀ ခန့်ကျဆုံးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။