Connect with us

Hi, what are you looking for?

LuduNwayOo

News

နမ့်မယ်ခုံမြို့နယ်တိုက်ပွဲ စစ်​ကောင်စီတပ်သား ၂၀​ကျော်​သေဟု KDF အသိ​ပေး

တိုက်ပွဲသည် တစ်နေကုန်နီးပါး ကြာမြင့်ခဲ့သည်အထိပြင်းထန်ခဲ့ကာ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များမှ ၂၀ကျော် သေဆုံးနိုင်ပြီး တိုက်ပွဲတွင်း KDF မှ ရဲဘော်တစ်ဦး ကျဆုံးပြီးသုံးဦး မစိုးရိမ်ဒဏ်ရာများရရှိခဲ့သည်ဟု ဆိုသည်။

▪️KDFမှ ရဲ​ဘော်တစ်ဦးကျဆုံး

ကယား(ကရင်နီ)ပြည်နယ် နမ့်မယ်ခုံမြို့ သာယပ်ရွာတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၀ ကျော်သေဆုံးကြောင်း ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF)က ထုတ်ပြန်သည်။

ယနေ့(ဖေဖော်ဝါရီ၂၅ရက်)နံနက် ၁၀နာရီမှစ၍ သာယပ်ရွာတိုက်ပွဲအတွင်း ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) ၊ လွိုင်​ကော် PDF ၊ DMO PDF ၊ ကရင်နီအမျိုးသားများကာကွယ်​ရေးတပ်(KNDF)မဟာမိတ်တပ်ပေါင်းစုတို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲသည် တစ်နေကုန်နီးပါး ကြာမြင့်ခဲ့သည်အထိပြင်းထန်ခဲ့ကာ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များမှ ၂၀ကျော် သေဆုံးနိုင်ပြီး တိုက်ပွဲတွင်း KDF မှ ရဲဘော်တစ်ဦး ကျဆုံးပြီးသုံးဦး မစိုးရိမ်ဒဏ်ရာများရရှိခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲတွင်း ကျဆုံးသွားသော ရဲဘော်စောဒေးဗစ်ထူး (ခ)လော်အယ်အား နိုင်ငံ့အာဇာနည်သူရဲကောင်းအဖြစ် အသိအမှတ်ပြုရင်း မှတ်တမ်းတင် ဂုဏ်ပြုကြောင်း KDFက ဖော်ပြသည်။

ကရင်နီ ပြည်နယ်(ဖယ်ခုံ၊မိုးဗြဲဒေသများအပါအဝင်) ဦးတည်၍ ဖေဖော်ဝါရီ ၁၆ရက်က စတင်ခဲ့သည့် အကြမ်းဖက်စစ်ကောင်စီ၏ ထိုးစစ်ဆင်မှုမှာ ၁၀ရက်တာ ကြာမြင့်နေပြီ ဖြစ်သည်။

တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ သေဆုံး အထိအခိုက်များပြားသဖြင့် လေကြောင်းပစ်ကူများ နှင့် လက်နက်​ကြီးပစ်ကူများ ရယူထားသည်။

ရှေ့ရက်များက တိုက်ပွဲများတွင် အကြမ်းဖက်စစ်တပ်မှ တပ်သား ၁၀၀ ကျော် သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်မှလည်း ၃၀ ခန့်ကျဆုံးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။