Connect with us

Hi, what are you looking for?

News

အောင်လအန်ဆန် ဘစ်ဒက်ရှ်ကို အမှတ်ဖြင့် ရှုံးနိမ့်

ပထမအချီတွင် ဘစ်ဒက်ရှ်က အောင်လကို ချုပ်ရန် နှစ်ကြိမ်တိုင် ကြိုးပမ်းခဲ့သော်လည်း ပြန်လည်ရုန်းထွက်နိုင်ခဲ့ပြီး လက်သီးချက်များဖြင့် ပြန်ခုခံနိုင်ခဲ့သည်။

စင်ကာပူနိုင်ငံတွင် ယနေ့ (ဖေဖော်ဝါရီ ၂၅) ညပိုင်း၌ ကျင်းပသည့် One Championship MMA ပြိုင်ပွဲ Catchweight စိန်ခေါ်ပွဲတွင် အောင်လအန်ဆန်သည် ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်ကို အမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

အောင်လသည် ပွဲအစတွင် ၎င်းအားသာသည့် လက်သီးချက်၊ ခြေကန်ချက်များဖြင့် ဘစ်ဒက်ရှ်ကို အသာရရန် ကြိုးပမ်းခဲ့သည်။

ပထမအချီတွင် ဘစ်ဒက်ရှ်က အောင်လကို ချုပ်ရန် နှစ်ကြိမ်တိုင် ကြိုးပမ်းခဲ့သော်လည်း ပြန်လည်ရုန်းထွက်နိုင်ခဲ့ပြီး လက်သီးချက်များဖြင့် ပြန်ခုခံနိုင်ခဲ့သည်။

ဒုတိယအချီတွင် ဘစ်ဒက်ရှ်သည် အောင်လကို ၎င်းအားသန်သည့် ချုပ်ကွက်များဖြင့် အသာစီးကစားနိုင်ခဲ့သည်။

Public Service Announcement

Public Service Announcement

နောက်ဆုံးအချီတွင်လည်း အောင်လ၏ တန်ပြန်လက်သီးချက်များက ထိရောက်မှု မရှိခဲ့ဘဲ ဘစ်ဒက်ရှ်ကသာ ဂျူဂျစ်ဆု ချုပ်ကွက်များဖြင့် အောင်လကို အသာယူနိုင်ခဲ့သည်။

ပွဲအပြီးတွင် နှစ်ဦးလုံးအလဲထိုးသတ်နိုင်ခြင်း မရှိသည့်အတွက် ဒိုင်များက ဆုံးဖြတ်ရာ ဘစ်ဒက်ရှ်က အမှတ်ဖြင့် အောင်လကို အနိုင်ရခဲ့သည်။

အောင်လနှင့် ဘစ်ဒက်ရှ်တို့၏ ယခင်နှစ်ကြိမ်တွေ့ဆုံမှုတွင် ချန်ပီယံလုပွဲဖြစ်သောကြောင့် ငါးချီထိုးသတ်ခဲ့ရသော်လည်း ယခုတွေ့ဆုံမှုသည် စိန်ခေါ်ပွဲဖြစ်သည့်အတွက် သုံးချီသာထိုးသတ်ခြင်း ဖြစ်သည်။

ယခုပွဲစဥ်သည် အောင်လနှင့် ဘစ်ဒက်ရှ်သည် သုံးကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်ပြီး ဘစ်ဒက်ရှ်က နှစ်ကြိမ် အနိုင်ရပြီး အောင်လက တစ်ကြိမ်သာ အနိုင်ရထားသည်။

အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု လက်လွှတ်ရပြီးနောက်ပိုင်း ဒုတိယမြောက် စိန်ခေါ်ပွဲထိုးသတ်ရခြင်း ဖြစ်ပြီး ၂၀၂၁ဇူလိုင်က ထိုးသတ်ခဲ့သည့် စိန်ခေါ်ပွဲတွင် ဘရာဇီးနိုင်ငံသား လီအန်ဒရိုကို ပထမအချီ၌ အလဲထိုးအနိုင်ရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာ့စပါးအုံးဟုနာမည်ကျော်သည့်အောင်လအန်ဆန်နှင့်ဆွီဒင်ဖိုက်တာ ကာဒက်စတန်တို့လာမည့်အောက်တိုဘာ၃ရက်တွင်ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၌ ယှဥ်ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း One Championship က ယနေ့ (စက်တင်ဘာ ၂ရက်) ထုတ်ပြန်သည်။

သတင်း

ကာတာနိုင်ငံတွင် ဖေဖော်ဝါရီ ၂၀ ရက်ညပိုင်း၌ကျင်းပသည့် One Championship MMA ပွဲစဥ်တွင် ကချင်တိုင်းရင်းသား အောင်လအန်ဆန်သည် စက္ကန့် ၃၀ အတွင်း ပြိုင်ဘက် အာဒိုဂန်၏ အမြင့်ကန်ချက်ကြောင့် အလဲထိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

သတင်း

အမေရိကန်နိုင်ငံတွင် ယနေ့ (စက်တင်ဘာ ၇) နံနက်က ကျင်းပသည့် One Championship MMA ပြိုင်ပွဲတွင် ကချင်တိုင်းရင်းသား အောင်လအန်ဆန်သည် တူရကီဖိုက်တာ အာဒိုဂန်ကို ရှုံးနိမ့်ခဲ့သည်။

သတင်း

မနက်ဖြန်တွင် ထိုးသတ်မည့် MMA One Championship ပြိုင်ပွဲတွင် ပြိုင်ဘက် ကစားသမား အာဒိုဂန်ကို တတိယအချီတွင် အလဲထိုးအနိုင်ယူမည်ဟု MMA ဖိုက်တာ အောင်လအန်ဆန်က ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ကြုံးဝါးခဲ့သည်။