အမေရိကန်ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းစုဖြစ်သည့် VISA Internationalက ဦးတေဇသား အဓိကပိုင်ဆိုင်သည့် AGDဘဏ်နှင့် လက်တွဲလုပ်ကိုင်မူရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း AGDဘဏ်က ဖေဖော်ဝါရီ ၂၄ ရက်ကဘဏ်ဝန်ဆောင်မှုသုံးစွဲသူများထံပေးပို့သော အကြောင်းကြားစာတွင် ဖော်ပြထားသည်။
“ADGဘဏ်က သူတို့ဆီက VISA ကတ်တွေ နိုင်ငံတကာမှ ငွေပေးချေလို့မရတော့ဘူးလို့ မနေ့က (ဖေဖော်ဝါရီ၂၄ရက်) က အကြောင်းကြားလာတယ်။”ဟု ဘဏ်ကတ်သုံးစွဲသူတစ်ဦးက ပြောသည်။

AGD ဘဏ်အနေဖြင့် VISA International ဖြင့်ပူးပေါင်းဆောင်ရွက်မှုကိုယာယီရပ်ဆိုင်းလိုက်ခြင်းကြောင့် AGDဘဏ်၏ VISA Credit Cardများ အသုံးပြုရနိုင်တော့ မဟုတ်ကြောင်း AGDဘဏ်က သုံးစွဲသူများထံ မေးလ်ပို့အကြောင်းကြားလာခြင်းဖြစ်သည်။
ငွေပေးချေမူများ ပြန်လည်လုပ်ဆောင်နိုင်သည့် အချိန်တွင် ဘဏ်က ပြန်လည်အကြောင်းကြားပေးသွားမည်ဟု AGDဘဏ်က ဆိုထားသည်။

Public Service Announcement
အကြမ်းဖက်စစ်ကောင်စီအတွက် လက်နက်ဝယ်ယူရေး ဆောင်ရွက်ပေးသည့် ထူးကုမ္ပဏီအုပ်စုကို ဥရောပသမဂ္ဂက ဖေဖော်ဝါရီ ၂၂ ရက်တွင် စီးပွားရေးအရဒဏ်ခတ်ပိတ်ဆို့ ခြင်းကို အခြားသောလုပ်ငန်း သုံးခုနှင့်အတူချမှတ်ခဲ့ခြင်းဖြစ်သည်။ ဗြိတိန်နိုင်ငံက ထူးကုမ္ပဏီအုပ်စုကို ၂၀၂၁ စက်တင်ဘာ ၂ ရက်ကတည်းက ပိတ်ဆို့အရေးယူမှုများပြုလုပ်ခဲ့သည်။
ထိုအပြင်အမေရီကန် ၊ဗြိတိန်နှင့် ကနေဒါ နိုင်ငံတို့ကလည်း ဦးတေဇနှင့် ၎င်း၏သားနှစ်ဦးဖြစ်သော ပြည့်ဖြိုးတေဇ ၊ထူးထက်တေဇတို့ကို ယခုနှစ် ဇန်နဝါရီ ၃၁ရက်တွင် ဒဏ်ခတ်အရေးယူပိတ်ဆို့မှုပြုလုပ်ထားသည်။

















































