Hi, what are you looking for?
မြန်မာဖက်ခြမ်း နယ်စပ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရဖက်က စိုးရိမ်မှုတွေကို တရားဝင် အသိပေး အကြောင်းကြားထားကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က UN ရုံးရှေ့မှာ မြန်မာလုပ်သားအရေးဆန္ဒပြပွဲကိုလာရောက်နှောက်ယှက်ပြီး အကြမ်းဖက်ထိုးကြိတ်ခဲ့တဲ့ ထိုင်းအမျိုးသားရေးသမားဆိုသူတွေကို ထိုင်းရဲတပ်ဖွဲ့ထံ သွားရောက်အမှုဖွင့်တိုင်ကြားရာ ရဲတပ်ဖွဲ့ကအမှုကို လက်ခံလိုက်တယ်လို့ ကျူးလွန်ခံရသူ Bright Future က ဆူရတ်ဂ်ျဂီရီက လူထုနွေဦးကို ပြောပါတယ်။
ချင်းပြည်နယ် ကန်ပက်လက်မြို့တွင်း၌ တိုက်ပွဲဖြစ်ပွားရာ ရဲတစ်ဦးသေဆုံးပြီး တစ်ဦးအပြင်းအထန်ဒဏ်ရာရရှိကြောင်း CDF ကန်ပက်လက်က ယနေ့(မတ်လ ၂၇ရက်) ထုတ်ပြန်သည်။ တိုက်ပွဲဖြစ်စဥ်မှာ ယမန်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် ကန်ပက်လက်မြို့တွင်းဝင်ရောက်နေရာယူထားသော CDF ရဲဘော်များနှင့် အကြမ်းဖက်စစ်ကောင်စီတပ် အကြားထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ တိုက်ပွဲအတွင်း မြို့မရဲစခန်းနှင့် ((အ.ထ.က)ကျောင်းတွင်...