Connect with us

Hi, what are you looking for?

LuduNwayOo

News

ပြီးခဲ့သည့်နှစ် မတ်လ ၂၇ရက်က စစ်ကောင်စီတပ် အကြမ်းဖက်ဖြိုခွင်း၍ ပြည်သူ ၁၁၄ဦးထက် မနည်းသေဆုံးပြီး ၃၀၀ခန့် ဒဏ်ရာရခဲ့

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ပြုသူလူထု လှုပ်ရှားမှုကို ပြည်နယ်နှင့် တိုင်းအားလုံး၌ ပြုလုပ်ခဲ့ကြပြီး အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်ဖြိုခွင်းမှုများ ကြောင့် မန္တလေးတိုင်းအတွင်း၌ ပြည်သူလူထု ထိခိုက်သေဆုံးမှု အများဆုံးဖြစ်ပြီး တစ်ရက်အတွင်း ၄၈ဦးထက်မနည်း သေဆုံးကာ ၁၂၃ဦးထက်မနည်းဒဏ်ရာရခဲ့သည်။

(ညောင်ဦးမြို့တွင် ၂၀၂၁ မတ်လ၂၇ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြနေသော အသက်(၃၅)အရွယ် ကိုဝေဇင်အား အကြမ်းဖက် စစ်တပ်က ပတ်ခတ်မှုကြောင့် ကျဆုံးမှုကို မတ်လ၂၈ရက်တွင် သဂြိုလ်ရန် မြို့လူထုက လိုက်လံပို့ဆောင်ပေးနေစဥ်)

အကြမ်းဖက်စစ်ကောင်စီတပ်က ပြီးခဲ့သည့် နှစ်မတ်လ ၂၇ရက်က မြို့ပေါင်း ၇၃ မြို့၌ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့၍ တစ်ရက်တည်း ပြည်သူအနည်းဆုံး ၁၁၄ဦးသေဆုံးပြီး၊ ၂၉၉ ဦး ဒဏ်ရာရခဲ့ကြောင်း Data for Myanmar က ယနေ့ထုတ်ပြန်သည်။

ယခင်နှစ် မတ်လ ၂၇ရက်က မြန်မာနိုင်ငံရှိ မြို့ပေါင်း ၁၇၀ခန့်၌ စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် ပြည်သူများက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ရာ ယင်းအနက် မြို့ပေါင်း ၇၀ကျော်၌ အကြမ်းဖက် ဖြိုခွင်းပစ်ခတ်မှုများ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

ထိုသို့ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုများကြောင့် လူသေဆုံးထိခိုက်မှုများပြား ခဲ့သည့်အပြင် ယင်းနေ့ တစ်ရက်တည်း ပြည်သူ ၂၈၀ ကျော်ကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည်ဟု ဖော်ပြထားသည်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ပြုသူလူထု လှုပ်ရှားမှုကို ပြည်နယ်နှင့် တိုင်းအားလုံး၌ ပြုလုပ်ခဲ့ကြပြီး အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်ဖြိုခွင်းမှုများ ကြောင့် မန္တလေးတိုင်းအတွင်း၌ ပြည်သူလူထု ထိခိုက်သေဆုံးမှု အများဆုံးဖြစ်ပြီး တစ်ရက်အတွင်း ၄၈ဦးထက်မနည်း သေဆုံးကာ ၁၂၃ဦးထက်မနည်းဒဏ်ရာရခဲ့သည်။

Public Service Announcement

Public Service Announcement

ရန်ကုန်တိုင်းတွင် ၂၅ဦး ထက်မနည်းသေဆုံးခဲ့ပြီး ၃၅ဦးထက်မနည်း ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

အဆိုပါ အချက်အလက်များကို သတင်းမီဒီယာများ၌ ဖော်ပြခဲ့သည့် သတင်းများကို ရက်အလိုက်၊ ဖြစ်စဉ်အလိုက် စိစစ်ရေတွ့်ထားခြင်းဖြစ်ကြောင်း၊ မပြည့်စုံသည့် အချက် အလက်များ ချန်ထားခဲ့ရ၍ မြေပြင်၌ ပြည်သူလူထု သေဆုံးထခိုက်မှု ယခုထက်ပိုများနိုင် ကြောင်း Data for Myanmar က ထုတ်ပြန်ခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ပြုစုထားသည့် အချက်အလက်များအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်စစ်ကောင်စီတပ်၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ကျဆုံးခဲ့ရသည့် ပြည်သူ အနည်းဆုံး ၁,၇၀၇ ဦး ရှိပြီး ဖမ်းဆီးခံခဲ့ရသူ ၁၃,၀၀၀ နီးပါးရှိသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် ပြည်သူလူထုများကို ဖမ်းဆီး နှိပ်စက်၊ သတ်ဖြတ်မှုများ ဆက်တိုက် ပြုလုပ်ခဲ့သည့်အပြင် ပြည်သူလူထုနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ၊ ပြည်သူလူထုပိုင် ပစ္စည်းများ ခိုးယူ၊ လုယူခြင်းများ လည်း ပြုလုပ်ခဲ့သည်။

(ညောင်ဦးမြို့တွင် ၂၀၂၁ မတ်လ၂၇ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြနေသော အသက်(၃၅)အရွယ် ကိုဝေဇင်အား အကြမ်းဖက် စစ်တပ်က ပတ်ခတ်မှုကြောင့် ကျဆုံးမှုကို မတ်လ၂၈ရက်တွင် သဂြိုလ်ရန် မြို့လူထုက လိုက်လံပို့ဆောင်ပေးနေစဥ်)

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။