Connect with us

Hi, what are you looking for?

News

စစ်တပ်အား လက်နက်ရောင်းချမှုရပ်တန့်ကာ မြန်မာပြည်သူများနှင့်အတူရပ်တည်ကြရန် အမေရိကန်၊ ဗြိတိန် အပါအဝင် နိုင်ငံပေါင်း ၂၀ နိုင်ငံခြားရေးဝန်ကြီးများ ပူးတွဲတိုက်တွန်း

မြန်မာစစ်တပ်အနေဖြင့် အကြမ်းဖက်မှုများကို ရပ်တန့်ရန်နှင့် မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ပို့ဆောင်ရန် ယင်းနိုင်ငံများက ထပ်မံတောင်းဆိုသည်။

(ပြည်​ထောင်စု​နေ့အခမ်းအနားတစ်ခုတွင် စစ်​ရေးပြ​နေ​​သော အကြမ်းဖက်စစ်​ကောင်စီတပ်ဖွဲ့ဝင်များကို ​တွေ့ရစဥ်)

▪️တပ်မတော်နေ့တွင် လူပေါင်းများစွာသတ်ဖြတ်ခံရခြင်းနှင့် နေရပ်စွန့်ခွာသူများနေရသူများကို အမှတ်ရကြောင်းဖော်ပြ

​မြန်မာစစ်တပ်အား စစ်လက်နက်ရောင်းချနေမှုကို ရပ်တန့်ပြီး မြန်မာပြည်သူများနှင့်ရပ်တည်ကြရန် အမေရိကန်၊ ဗြိတိန်အပါအဝင် နိုင်ငံပေါင်း ၂၀ နိုင်ငံခြားရေးဝန်ကြီးများက ကြေညာချက်ထုတ်ပြန်သည်။

ယနေ့ကျရောက်သော တပ်မတော်နေ့တွင် ယခင်နှစ် ယခုလိုနေ့တွင် အနည်းဆုံး လူ ၁၀၀ခန့် သတ်ဖြတ်ခံခဲ့ရခြင်းအပါအဝင် ကုန်လွန်ခဲ့သည့် တစ်နှစ်တာကာလအတွင်း သတ်ဖြတ်ခံရသောသူများနှင့် အကြမ်းဖက်မှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူများကို အမှတ်ရကြောင်း ကြေညာချက်၌ ဖော်ပြသည်။

ကုလသမဂ္ဂအထွေထွေညီလာခံက မြန်မာစစ်တပ်သို့ လက်နက်မရောင်းချရန် ဆုံးဖြတ်ထားသော်လည်း အချို့သောနိုင်ငံများသည် မြန်မာစစ်အာဏာရှင်အဖွဲ့က ၎င်းတို့၏ အကြမ်းဖက်မှုများနှင့် ဖိနှိပ်ညှင်းပန်းမှုများကို ဆက်လက်ဆောင်ရွက်နိုင်စေမည့် သေစေနိုင်လောက်သည့် လက်နက်အထောက်အပံ့များကို ဆက်လက် ပေးအပ်နေဆဲဖြစ်သည်ဟု နိုင်ငံ ၂၀က ပူးတွဲကြေညာ သည်။

Public Service Announcement

Public Service Announcement

မြန်မာစစ်တပ်အနေဖြင့် အကြမ်းဖက်မှုများကို ရပ်တန့်ရန်နှင့် မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ပို့ဆောင်ရန် ယင်းနိုင်ငံများက ထပ်မံတောင်းဆိုသည်။

ပူးတွဲကြေညာချက်ကို ဥရောပသမဂ္ဂကိုယ်စား အဆင့်မြင့်ကိုယ်စားလှယ်၊ အဲလ်ဘေးနီးယား၊ သြစတေးလျ၊ ဘော့စနီးယား နှင့် ဟာဇီဂိုးဗီးနား၊ ကနေဒါ၊ ဂျော်ဂျီယာ၊ အိုက်စ်လန်၊ လက်ချင်စတိန်း၊ မာရှယ်အိုင်လန်၊ မက်ခရိုနီးရှား၊ မွန်တီနီဂရိုး၊ နယူးဇီလန်၊ မက်ဆီဒိုးနီးယား (မြောက်)၊ နော်ဝေး၊ ပလောင်း၊ ကိုရီးယား၊ ဆားဘီးယား၊ ဆွစ်ဇာလန်၊ ယူကရိန်း၊ ​ဗြိတိန်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးများက ထုတ်ပြန်ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ချောက်မြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်ကနရွဲတောရွာကိုမီးရှို့ဖျက်ဆီးလိုက်တာကြောင့် ရွာလုံးကျွတ်နီးပါးအပျက်အဆီးတွေများနိုင်သလို ရွာခံတွေလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံအချို့ ဆီကသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။