Connect with us

Hi, what are you looking for?

News

နာဂမြေပေါ်ရှိ စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရားလည်ပတ်မှုမှန်သမျှ ဖြိုချတော့ မည်ဟု PDFကြေညာ

နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်ဟူသမျှ အပြီးတိုင်ချုပ်ငြိမ်းသွားစေရန်အတွက် တပ်ဖွဲ့၏ လုပ်ငန်းတာဝန်များအား စတင်လုပ်ဆောင် တော့မည်ဟု အသိပေးခဲ့သည်။

နာဂမြေပေါ်၌ ခေတ်အဆက်ဆက် စစ်အာဏာရှင်များ ကျူးလွန်နေခဲ့သော မတရားမှုများအား ဆက်လက်မကျူးလွန်နိုင်စေရေးအတွက် အာဏာသိမ်း စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရား များလည်ပတ်မှုမှန်သမျှ ဖြိုချမည်ဟု နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ယမန်နေ့တွင် ထုတ်ပြန်ကြေညာ ခဲ့သည်။

နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်ဟူသမျှ အပြီးတိုင်ချုပ်ငြိမ်းသွားစေရန်အတွက် တပ်ဖွဲ့၏ လုပ်ငန်းတာဝန်များအား စတင်လုပ်ဆောင် တော့မည်ဟု အသိပေးခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားကို အဓိကထောက်တိုင်အဖြစ် ဆောင်ရွက် ပေးနေသော အုပ်ချုပ်ရေးမှူးများအားလုံး ဧပြီ ၃၀ရက်နောက်ဆုံး ထား၍ နုတ်ထွက်ရမည်ဟု လည်း ကြေညာခဲ့သည်။ မလိုက်နာဘဲ ဆက်လက်တာဝန်ထမ်းဆောင်နေသော အုပ်ချုပ်ရေးမှူး များကို အရေးယူသွားမည် ဖြစ်ကြောင်း နောက်ဆုံးအကြိမ် သတိပေးလိုက်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

Facebook