Connect with us

Hi, what are you looking for?

News

ကန်ပက်လက်မြို့တွင်းတိုက်ပွဲ စစ်​ကောင်စီလက်ပါး​စေ ရဲတစ်ဦး​သေ ၊တစ်ဦးဒဏ်ရာရ

(CDF ကန်ပက်လက် ရဲ​ဘော်များကို ​တွေ့ရစဥ်)

ချင်းပြည်နယ် ကန်ပက်လက်မြို့တွင်း၌ တိုက်ပွဲဖြစ်ပွားရာ ရဲတစ်ဦးသေဆုံးပြီး တစ်ဦးအပြင်းအထန်ဒဏ်ရာရရှိကြောင်း CDF ကန်ပက်လက်က ယနေ့(မတ်လ ၂၇ရက်) ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်စဥ်မှာ ယမန်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် ကန်ပက်လက်မြို့တွင်းဝင်ရောက်နေရာယူထားသော CDF ရဲဘော်များနှင့် အကြမ်းဖက်စစ်ကောင်စီတပ် အကြားထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း မြို့မရဲစခန်းနှင့် ((အ.ထ.က)ကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များမှ လက်နက်ကြီး၊လက်နက်ငယ်ပစ်ကူများပေးခဲ့ပြီး မြို့တွင်းနေအိမ်အချို့နှင့် မြို့နီးနားရှိကျေးရွာများတွင်လက်နက်ကြီးကျရောက်မှူကြောင့် ပြည်သူနေအိမ်အချို့ထိခိုက်ပျက်စီးခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲတွင် ရဲဘော်များအထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း CDFက အသိပေးသည်။

Public Service Announcement

Public Service Announcement

ယခုရက်ပိုင်းအတွင်း ချင်းပြည်နယ်ရှိ မင်းတပ် -မတူပီ နှင့် ဟားခါး ဒေသများတွင်လည်း စစ်ကောင်စီက အင် အားဖြည့်တင်းခြင်း အပါအဝင် အင်အားအလုံး အရင်းဖြင့် စစ်ကြောင်းထိုးနေ၍ တိုက်ပွဲများ ပြင်းထန်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။