Connect with us

Hi, what are you looking for?

LuduNwayOo

News

မြောက်ဒဂုံမြို့နယ် အားကစားခန်းမရှေ့ရှိ စစ်ကောင်စီ၏ ဗျူဟာအခြေစိုက်စခန်း တိုက်ခိုက်ခံရ

တိုက်ခိုက်မှုဖြစ်စဥ်ကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေကို အတည်ပြုရန်ကြိုးစားနေဆဲဖြစ်ကြောင်းလည်း Human Rights Defenders က အသိပေးသည်။

People's Spring
People's Spring

ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ် ပြည်ထောင်စုလမ်းမပေါ်ရှိ အားကစားခန်းမရှေ့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ဗျူဟာအခြေစိုက်စခန်းကို လက်ပစ်ဗုံး၊အဝေးထိန်းမိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း Human Rights Defenders က ထုတ်ပြန်သည်။

ယနေ့(မတ်လ ၂၆)ည ၈နာရီခွဲက ထိုနေရာကို လက်ပစ် ဗုံးတစ်လုံးနှင့် အဝေးထိန်းမိုင်းတို့ဖြင့် Generation Z Defence Force အဖွဲ့နှင့် ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုဖြစ်စဥ်ကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေကို အတည်ပြုရန်ကြိုးစားနေဆဲဖြစ်ကြောင်းလည်း Human Rights Defenders က အသိပေးသည်။

ယခု ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြောက်ဒဂုံမြို့နယ် (၂၉) ရပ်ကွက်ရှိ အားကစားခန်းမအတွင်း အကြမ်းဖက် စစ်ကောင်စီမှတပ်စွဲထားသည်မှာ လနှင့်ချီကြာမြင့်နေပြီဖြစ်သည်။

“ပေါက်ကွဲ သံတော့ နှစ်ခါကြားတယ်။သိပ်မကွာဘူး တစ်ကြိမ်နဲ့တစ်ကြိမ်။နေရာတော့ အတိ အကျမသိသေးဘူး။အခု ပေါက်တယ်လို့ ထုတ်ပြန်တဲ့နေရာက မသန်စွမ်း အာကစားခန်းမလို့ပဲ လူသိများတာ။စခတွေ ကင်းလှည့်တဲ့ DCယာဥ်တွေ သုံးစီးလောက်ရှိတယ်။ ပြည်ထောင်စုလမ်းမကြီးပေါ်ကနေ အားကစားခန်းမထဲဝင်မယ့် အပေါက်မှာလည်း သူတို့ ဂိတ်လုပ်ထားတာ။အထဲမှာ စခ ၃၀ ၊ ၄၀ လောက်တပ်စွဲထားတယ်လို့ သိရတယ်”ဟု ပြည်ထောင်စုလမ်းမအနီးနေထိုင်သူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ယမန်နေ့(မတ်လ ၂၅ရက်)ကလည်း စစ်ကောင်စီထောက်တိုင်များအဖြစ် လူသိများသော မြောက်ဒဂုံမြို့နယ်ရှိ KBZ ဘဏ်ခွဲ နှင့် Denko ဆီဆိုင်များကို တော်လှန်ရေးအင်အားစုများက ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement