Connect with us

Hi, what are you looking for?

LuduNwayOo

News

ပရီးမီးယားလိဂ် Brentford အသင်း ဟားငါးကောင်အဖွဲ့ကို အသင်းသားများ လက်မှတ်ထိုးထားသည့်ဂျာစီ ဂုဏ်ပြုပေးပို့

အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် Brentford ဘောလုံးအသင်းသည် မြန်မာ့နွေဦးတော်လှန်ရေးကို အားပေးထောက်ခံကြောင်း ၎င်းတို့၏ လူမှုကွန်ယက် Twitter စာမျက်နှာ၌ ပြီးခဲ့သည့် ၂၀၂၁ မတ်လအတွင်းက ရေးသားဖော်ပြခဲ့ဖူးသည့် ဘောလုံးအသင်းတစ်သင်းလည်း ဖြစ်သည်။

ဓာတ်ပုံ - ဟားငါးကောင် Facebook

အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် Brentford ဘောလုံးအသင်းသည် နွေဦးတော်လှန်ရေးတွင် တိုက်ပွဲဝင်နေသည့် လူရွှင်တော်ဟားငါးကောင်အဖွဲ့ကို အသင်းသားများ စု​ပေါင်းလက်မှတ်ရေးထိုးထားသည့် အသင်းဂျာစီအား ဂုဏ်ပြုလက်ဆောင်ပေးပို့ခဲ့ကြောင်း ဟားငါးကောင်အဖွဲ့က ထုတ်ပြန်သည်။

ဓာတ်ပုံ – ဟားငါးကောင် Facebook

ဟားငါးကောင်အဖွဲ့သည် နွေဦးတော်လှန်ရေးတွင် ပြည်သူ့ဘက် ရပ်တည်ကာ စစ်အာဏာရှင်ကိုဆန့်ကျင် တိုက်ပွဲဝင်နေသည့်အတွက် Brentford အသင်းက ဂုဏ်ပြုခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

“အမှန်တရားဘက်ကသာ ရပ်တည်ရင် မြန်မာပြည်သူတွေက သာမက ကမ္ဘာကြီးကပါ ပစ်မထားပါဘူးဆိုတာ သက်သေပါပဲ။ ကျွန်တော်တို့ တော်လှန်ရေးအတွက် ပိုပြီး ဆက်လက် ကြိုးစားပါ့မယ်”ဟု ဟားငါးကောင်အဖွဲ့က လူမှုကွန်ရက်မှတစ်ဆင့် ပြန်လည်ရေးသားခဲ့သည်။